Sunday, March 4, 2018
နွေခ အလွမ်း (2018)
#နွေခ..အလွမ်း
ချစ်သူ..
ဥသြတွန်လို့ နွေဦးရောက်တာလား
နွေဦးရောက်လို့ ဥသြ ငိုရတာလား
သေချာတာကတော့..
ငါ့ ရင်အုံတစ်ခုလုံး ကံကော်ဖုံးတဲ့
နွေဦး ကိုရောက်ခဲ့တာပါပဲ။
ဘယ်သူမှ ဖန်ဆင်းခဲ့တာမဟုတ်ပါဘူး..
ကိုယ်တိုင် ပြုစားကျိန်ဆိုခဲ့တဲ့
အချစ်ရဲ့ ပန်းချီကားတချပ်ကို
ဆေးမခြယ်ရဲတဲ့ ငါ
မင်းမသိတော့အခါမှ
ဒူးထောက်မိခဲ့တယ်...
ဘာပဲဖြစ်ဖြစ်ပါ...ချစ်သူ
နွေဦးရောက်လို့ ဥသြတွန်တာလားဆိုရင်တော့..
တိတ်တဆိတ် ခေါင်းငြိမ့်နေလိုက်မယ်..
ကံကော်..သခင်ရယ်။
ရွှေပန်းချီmdy
ps.. မော်ဒယ် ညီမလေးကို ကျေးဇူးပါလို့😁😁
Subscribe to:
Post Comments (Atom)
No comments:
Post a Comment