Tuesday, March 27, 2018
ဒိုးပလေးရဲ့နွေ (2018) နွေ ၅
#ဒိုးကလေးရဲ့..နွေ
==============
(ကလေးအတွေး..)
နွေလယ်စပယ်မြူးပေမယ့်
ဆောင်းလေက ထွေကူးတော့
မိစပယ်လဲ ငုတ်တုတ်ဖူးနေတယ်.....
တပေါင်းကတလည်
အကြောင်းမငယ်တော့
ဆောင်းခလယ်ကိုရောက်နေသလိုပဲ...
တပေါင်းရက်စုံ ဆောင်းမကုန်လို့
ည သန်းကောင်ပုံ
စောင် ဖမ်းကာခြုံနေရတယ်.....
နဘေ တေးထပ် ဖွေကာတေးစပ်လို့
Hartထိအောင်ချွဲ မိဥသြလဲ
ငိုပွဲမဆင် အသံဝင်နေတယ်....
တစ်နှစ်တွင်တလ ပွင့်ခသည့်ပန်း
စာတင်ဆန်းသည့်
ဟို.ပိတောက်ပန်းလည်း
ပူအေး ချမ်းများ ရာသီဖျားမှာ
ရွက်ကြား ပုန်းနေရလေတယ်....
နွေပါဟဲ့..လို့
ဖြေပါတဲ့ပြီး အတင်းရွက် ခါ ခြွေ
အမယ်မင်း...သစ်ပင်အိုရယ်
အခုအခါမှာ အဝတ်ရယ် ဗလာမို့
နွေတစ်ညအလည်မှာ ရွှေသည်းညှာ
ခိုက်ခိုက်တုန်လို့ရယ်
မင်း ချမ်းစေအုန်း။....
ကလေးအတွေးဖို့ ကလေးလေးရေးတာလို့မှတ်ပြီး ဖတ်ပေးနော်.။
ရွှေပန်းချီmdy
Subscribe to:
Post Comments (Atom)
No comments:
Post a Comment