Tuesday, May 22, 2018

နွေဦးယဉ်​စွန်းတန်းအချိန်


#​နွေဦးယဉ်​စွန်းတန်းအချိန်

ရင်​ဘတ်​ထဲ ထုဆစ်​ထားတဲ့
ပုံ​ဆောင်​ခဲတစ်​ခုက
အသက်​သွင်း မင်းဖြစ်​​နေခဲ့တယ်​...​မောင်

တွေ့ခဲ့ကြတာ ခဏ​လေး​ပေမယ့်
 ကမ္ဘာမှာ လ' နှစ်​စင်းထွက်​​တောင်
ကျမရဲ့ချစ်​ခြင်းက အံသြပြမှာ မဟုတ်​ဘူး..

ပြန်​ဆုံခဲ့ရင်​​ပေါ့​လေ...
နွေဦးယဉ်​စွန်းတန်းအချိန်​လို
ကျမရဲ့ အချစ်​နဲ့အလွမ်း တူညီစွာဖြတ်​သန်း တမ်းတမှုတစ်​ခုနဲ့ သက်​​သေ​ပေါ့ကွယ်​..

အခု​တော့​လေ...
မာနကို အ​ရောင်​ညီ
ရာသီဆန်​စွာ​ပေါက်​ကွဲအား​ကောင်းတဲ့
တမ်းချင်းအသစ်​များနဲ့....
ကျမ နှလုံးသားကို ဟန်​​ဆောင်​နှစ်​သိမ့်​ လိုက်​အုန်းမယ်​...​မောင်​။

ရွှေပန်းချီ(mdy)
Ps/ ​နွေဦးယဉ်​စွန်းတန်းအချိန်​ ဆိုသည်​မှာ
နေ့တာနဲ့ ညတာတို့တူညီ​နေသည့်​အချိန်​ကို​ခေါ်ပါတယ်


No comments:

Post a Comment