#နွေဦးယဉ်စွန်းတန်းအချိန်
ရင်ဘတ်ထဲ ထုဆစ်ထားတဲ့
ပုံဆောင်ခဲတစ်ခုက
အသက်သွင်း မင်းဖြစ်နေခဲ့တယ်...မောင်
တွေ့ခဲ့ကြတာ ခဏလေးပေမယ့်
ကမ္ဘာမှာ လ' နှစ်စင်းထွက်တောင်
ကျမရဲ့ချစ်ခြင်းက အံသြပြမှာ မဟုတ်ဘူး..
ပြန်ဆုံခဲ့ရင်ပေါ့လေ...
နွေဦးယဉ်စွန်းတန်းအချိန်လို
ကျမရဲ့ အချစ်နဲ့အလွမ်း တူညီစွာဖြတ်သန်း တမ်းတမှုတစ်ခုနဲ့ သက်သေပေါ့ကွယ်..
အခုတော့လေ...
မာနကို အရောင်ညီ
ရာသီဆန်စွာပေါက်ကွဲအားကောင်းတဲ့
တမ်းချင်းအသစ်များနဲ့....
ကျမ နှလုံးသားကို ဟန်ဆောင်နှစ်သိမ့် လိုက်အုန်းမယ်...မောင်။
ရွှေပန်းချီ(mdy)
Ps/ နွေဦးယဉ်စွန်းတန်းအချိန် ဆိုသည်မှာ
နေ့တာနဲ့ ညတာတို့တူညီနေသည့်အချိန်ကိုခေါ်ပါတယ်
No comments:
Post a Comment