Saturday, January 10, 2015

(((ရွှေဗဟိုစည်တော်သံ ကြားစေသောဝ်)))


 
 
့(((ရွှေဗဟိုစည်တော်သံ ကြားစေသောဝ်)))

ရတနာပုံရွှေနန်း တခို
ရွှေဗဟို စည်မောင်းသံဟိန်း
တိုင်း..ချိမ့်..ချိမ့်...ချိန်းံ
လှိုင်း..သိမ့်..သိမ့်..သိမ်းတုန်အောင်သာပ
မှန်မှန်ကာ လွဲသာထုတော့တယ်
နောင်...နောင်...နောင့်...ဒိန်းးး

တက်နေပမာ
အရှေ့ဆီမှာ ရောင်နီလာတော့
နရီစည်းချက်သံနဲ့
ဆွမ်းချက်ကြရန်ဖြင့်
အာရုဏ်ခံ ရိုက်သံဆော်တယ်
ရွှေစည်တော်....ယွန်းးးး

နေ့ဆီနော်
ဆွမ်းကွမ်းသော် တခါပြီးပြန်သမို့
စာဝါခင် လူရှင်ရဟန်းတို့
မြတ်စာပေ တက်ခါဆောင်ဖို့
နေ့စည်တော် တခါထွန်းတယ်
ရိုက်ခတ်သံ......ယွန်းးး

ညနေခင်းအခါ
အမှုအဖြာဖြာ ကိစ္စပြီး
စိတ်တွင်းငြိမ်းစီးစေရန်
မြတ်ဘုရားထံ ရေတော်တလီ
ပန်းတော် ဆီမီး ရယ်နဲ့
ဝတ်တက်ညီတစ်သင်း
ညနေခင်း
စည်တော်ယွန်း သလေး..လေး့း

တိုင်းပြည်ကြီးဂုဏ်အင်္ဂါ
စည်ကြီးအပါ အမှတ်သညာ မို့ 
မုနိမြတ်မဟာ လက်ဝဲယာက
ခန့်ညားစွာ တည်ထားပါလို့
ရွှေဗဟို စည်သံဟိန်းတယ်
မန်းရွှေပြည် ငြိမ်းစေသားးးးးးရှင့်
တိုင်းမြန်ပြည် အေးစေသားးးးရှင့်။
ရွှေပန်းချီ

ရွှေက fb ကနေ ၂၈ရက်နေ့ကထဲက ထွက်ခွာသွား
တာမို့ အခု မနက်မှ ချစ်ခင်သူတွေ မြတ်နိုးရတဲ့ကဗျာတွေ ရှိရာ FB ကဗျာတိုင်းပြည်ကို ပြန်ဝင်တဲ့ စည်တော်သံလေးမို့
ရွှေပန်းချီ ပြည်တော်ဝင်ခန်းပေါ့ နော
— with Win Khine, KP Aung, အရိန္န မာ and 32 others.

No comments:

Post a Comment