ညားအောင်စောင့်အုံးကွယ်))
ဝေးနေတာလဲ ကြာ
မေးနေရတာလဲ ကြာ ပေါ့
တွေးပူရတာလဲ ကြာ
ဆွေးသူသောကလဲ ကြာ ပေါ့
မမြင်တာလဲ ကြာ
မကြင်မှာစိုးစိတ်ကလဲ ကြာ ပေါ့
မျှော်ရေးကလဲ ကြာ
ခေါ်ရေးမသာတာလဲ ကြာပေါ့
ချစ်ရက်တွေလဲ ကြာ
သစ်မွေ့မှာဝန်တိုတာလဲ ကြာ ပေါ့
ကြာ ကြာ ကြာ
ကြာတာတွေများလို့
ကြာတာမများဖို့
ကြာတွေလှူရအောင်....နော်မော
ရွှေပန်းချီ
No comments:
Post a Comment