Saturday, January 10, 2015

((မင်းလက်ကလေး.....ကိုင်ချင်လို့)

((မင်းလက်ကလေး.....ကိုင်ချင်လို့))


အသဲကျွမ်းမိသူ...ခင်
သည်....ရင်ခွင်မှာ
ဒဏ်ရာ ဗလပွမို့
ဖြေဆည်ရာ ခဏ
ဖွေရှာမောမိရပါတယ်.......မောင်

ဒီသံသရာ မြေတကြော
မျက်နှာစိမ်း.....ကမ္ဘာမှာ
ရင်ခွင်ညှာ ခင်....မလိုပါ..နော်
စေလိုရာသာ စေနိုင်ဖို့အတွက်
မောင့် ရဲ့ ....
မေတ္တာစွက်တဲ့
လက်ကလေးတဖက်သာ
ဖေးကူပါ.....မောင်။
ရွှေပန်းချီ

No comments:

Post a Comment