Tuesday, August 4, 2015

241 ရှိ....သတိ...သိ


ဓမ္မလက်ဆောင်ပါရှင့်

ရှိ....သတိ...သိ

အိုဘယ့်.....လူသား
အမောင်....ကျောင်းသားရယ်
ကိုရင်ကလေ ပြောပြချင်ရဲ့.....

ချောင်းရေကိုကြည့်
ဒလစပ်စီးသမို့ 
တဆက်တည်းလို့ 
ထင်ရဖွယ်..
အမှန်တော့လေ
ရှေ့တခုရွေ့လို့
နောက်တခုက
အစားထိုးတယ်......
ရှေ့သွားရေက
အရင်စီးရောက်....ပျောက်လို့
နောက်ကရေအလျင်..လိုက်ရတယ်
ဒီသဘောရယ်
မြတ်ဘုရားကဟောသမို့ 
ဖြစ်ပြီးပျက်ပြီး ထပ်ဖြစ်မယ်
အရှိတရားကို သတိထားကာ
ဆင်ခြင်ကြည့်မှ
မမြဲတရားသတိရမယ်.......
တရားသဘောရယ်
နေရာတိုင်းရှိသကွဲ့
အမောင်ကျောင်းသား မှတ်ရမယ်
မှတ်ဖွယ်.....မှတ်ကွယ်။
ရွှေပန်းချီ
ရွှေဒီကဗျာလေးကို ပုံလေးကြည့်ရင်း ဖတ်လက်စ ပဋာစာရီထေရီ ဝိနည်းဆောင် ဧတဒဂ် ရ) ရဟန္တာမကြီး အကြောင်းနဲ့ဆက်စပ်ရေးမိခြင်းဖြစ်ပါတယ်နော်။ရွှေတို့သိထားသော မပဋာစာရီ ရဲ့အပူသောကရောက်ပြီး နောက်ရဟန်းမဝတ်စဉ်ဆွမ်းခံအပြန် ခြေဆေးရေသုံးခွက်မှ ရေများစီး ဆင်းပုံနှင့် လူသတ္တဝါတို့၏ အရွယ် သုံးပါးပြောင်းလဲပုံကိုဆင်ခြင်သောအခါ ဘုရားရှင်မှ ရောင်ခြည်တော်ဖြင့် ဖြစ်ခြင်းပျက်ခြင်း ဓမ္မပဒတရားတော် ကိုဟောပြသော ကြောင့် ရဟန္တာမ အဖြစ်သို့ရောက်တော် မူခဲ့ပါသည် လို့ဖတ်မှတ်သားရပါတယ်။
ရွှေချစ်သော ဆရာ အကို အမ သူငယ်ချင်းများ ကုသိုလ်စိတ်လေး ဥပုသ်နေ့မှာ ပွားနိုင်ပါစေ....
မနက်အစောတင်ခဲ့ပါတယ်နော်
— with မိုး ဟိန်းကျော်, မင်္ဂလာ ကဗျာ, Soe Ya Aung and 68 others.

No comments:

Post a Comment