ရွှေချစ်ခင်ရသောသူငယ်ချင်းတို့အတွက်
ဒီတပတ် ကဗျာအဟောင်းကဗျာကောင်းလေး ကို အထူးရှာဖွေတင်ပေးလိုက်တယ်နော်။
လေ့လာမှတ်သားပျော်ရွှင်ပါစေရှင့်
မောင့်ကြောင့် (အိုင်ချင်း)
ချစ်တဲ့သူငယ်လေ ...
သူငယ်ချင်းကောင်း ယောက်မတို့လေ ... ။
ငါ့ကိုလွယ် အမယ်ကြီးနှင့် ဘကြီးဖျက်လို့၊
အိမ်လေးထောင့်မှာ ဆူးတွေချလျက်၊
ဖျက်နဲငယ်မှ စေ့စုံ။
လှေကားခုံမှာ
ဂဠုန် မောင့်ကြောင့် စောင့်တော့တယ်။
လှေကားဦးမှာ
ဘီလူးမောင့်ကြောင့် စောင့်တော့တယ်။
လှေကားခြေမှာ
ဆူးလေမောင့်ကြောင့် ကြဲတော့တယ်။
အိမ်တိုင်တိုင်းမှာ
နွားရိုင်းမောင့်ကြောင့် ချည်တော့တယ်။
ထရံကြားမှာ
ဓားသွားမောင့်ကြောင့် ထားတော့တယ်။
အိမ်ကြမ်းကြားမှာ
အပ်သွားမောင့်ကြောင့် စီတော့တယ်။
အိမ်မိုးခေါင်မှာ
လှံထောင်မောင့်ကြောင့် စိုက်တော့တယ်။
မောင်လဲ ဘယ်က တက်ပါ့မယ်။
မယ်လဲ ဘယ်က ဆင်းပါ့မယ်။
ကြွက်ကဲ့အယောင် ကြောင်ရဲ့အလား၊
ထုတ်နှင့်ယောက်ကို ထိုးဖောက်သွားက၊
ထုတ်သားငယ်မှ မခိုင်၊
ထုတ်တိုင်ငယ်မှ ပိုးထိုး၊
အလယ်ခေါင် ဖောင်ဖောင်ကျိုးက၊
သူခိုးဆိုညွှန်း မီးတင်ထွန်းလို့ ဝန်းကြသောအခါ၊
ဆင်းချခုန် လမ်းဆုံရောက်ပါလိမ့်မယ်လားရှင်။
ညီမအထွေး ရွှေတလေးကို
ပြေး၍ ကြည့်ချေ စေလေသော့ခါ
အမယ် မမ ကျွန်မခဲအို မြင်ငဲ့ပါတို့
ရွာလယ်ခေါင်တွင် ခုတင်ကြီးမှာ
စောင်းတီးလို့လေး။
့(အမည်မသိရှေးစာဆို)
ရွှေသူငယ်ချင်းတို့ရေ ချစ်စရာကဗျာလေးကိုဖတ် ပြီးနားလည်မယ်ထင်ပါတယ်။ ချစ်သူနှစ်ဦးအတွက် အတားအဆီးလေးများနဲ့ မရမကဖြတ်ကျော်ပြီးတွေ့တော့လဲ အိမ်တိုင် ပိုးထိုးလို့ကျိုးရတော့သူခိုးလို့အော်ခံပြီး ပြေးရတဲ့ချစ်သူဘာများဖြစ်နေ သလဲ..ပူပန်လို့ ညီမငယ် ရွှေတလေးကိုပြေးကြည့်ခိုင်းတဲ့အခါ
ရွာလည်က ခုတင်ကြီးမှာ စောင်းတီးနေတယ် ဆိုလို့ ရင်ဖိကာသက်ပြင်းချရတဲ့
ချစ်သူမလေးရဲ့ ပုံစံ ကို ရွှေသရုပ်ဖော်ထားတဲ့ပုံ လေးနဲ့ တွဲဖက်လို့ ဖတ်ပြီး
ပြူံးပျော်ရွှင်မြူး နိုင်ပါစေနော်။
ရွှေပန်းချီု
— with Nay Moe,
ဒီတပတ် ကဗျာအဟောင်းကဗျာကောင်းလေး ကို အထူးရှာဖွေတင်ပေးလိုက်တယ်နေ
လေ့လာမှတ်သားပျော်ရွှင်ပါစေရ
မောင့်ကြောင့် (အိုင်ချင်း)
ချစ်တဲ့သူငယ်လေ ...
သူငယ်ချင်းကောင်း ယောက်မတို့လေ ... ။
ငါ့ကိုလွယ် အမယ်ကြီးနှင့် ဘကြီးဖျက်လို့၊
အိမ်လေးထောင့်မှာ ဆူးတွေချလျက်၊
ဖျက်နဲငယ်မှ စေ့စုံ။
လှေကားခုံမှာ
ဂဠုန် မောင့်ကြောင့် စောင့်တော့တယ်။
လှေကားဦးမှာ
ဘီလူးမောင့်ကြောင့် စောင့်တော့တယ်။
လှေကားခြေမှာ
ဆူးလေမောင့်ကြောင့် ကြဲတော့တယ်။
အိမ်တိုင်တိုင်းမှာ
နွားရိုင်းမောင့်ကြောင့် ချည်တော့တယ်။
ထရံကြားမှာ
ဓားသွားမောင့်ကြောင့် ထားတော့တယ်။
အိမ်ကြမ်းကြားမှာ
အပ်သွားမောင့်ကြောင့် စီတော့တယ်။
အိမ်မိုးခေါင်မှာ
လှံထောင်မောင့်ကြောင့် စိုက်တော့တယ်။
မောင်လဲ ဘယ်က တက်ပါ့မယ်။
မယ်လဲ ဘယ်က ဆင်းပါ့မယ်။
ကြွက်ကဲ့အယောင် ကြောင်ရဲ့အလား၊
ထုတ်နှင့်ယောက်ကို ထိုးဖောက်သွားက၊
ထုတ်သားငယ်မှ မခိုင်၊
ထုတ်တိုင်ငယ်မှ ပိုးထိုး၊
အလယ်ခေါင် ဖောင်ဖောင်ကျိုးက၊
သူခိုးဆိုညွှန်း မီးတင်ထွန်းလို့ ဝန်းကြသောအခါ၊
ဆင်းချခုန် လမ်းဆုံရောက်ပါလိမ့်မယ်လားရ
ညီမအထွေး ရွှေတလေးကို
ပြေး၍ ကြည့်ချေ စေလေသော့ခါ
အမယ် မမ ကျွန်မခဲအို မြင်ငဲ့ပါတို့
ရွာလယ်ခေါင်တွင် ခုတင်ကြီးမှာ
စောင်းတီးလို့လေး။
့(အမည်မသိရှေးစာဆို)
ရွှေသူငယ်ချင်းတို့ရေ ချစ်စရာကဗျာလေးကိုဖတ် ပြီးနားလည်မယ်ထင်ပါတယ်။ ချစ်သူနှစ်ဦးအတွက် အတားအဆီးလေးများနဲ့ မရမကဖြတ်ကျော်ပြီးတွေ့တော့လ
ရွှေပန်းချီု
No comments:
Post a Comment