Tuesday, August 4, 2015

228 ၅၂၈ ကဗျာ


ရွှေချစ်ခင်သောသူငယ်ချင်းတို့အတွက် အဖြူရောင်မေတ္တာ ကဗျာလေးပါနော်

၅၂၈

တစိမ်း...မောင်နှမမို့
ခင်မိတဲ့ သံယောဇဉ်ကို
ဘေးအထင်ကြောင့် အရောင်လာမတင်ပါနဲ့........

ရင်ဘတ်ထဲကဖြစ်တည်မှုကို
အနားသတ်မျဉ်းနဲ့ စည်းခြား
နာမယ်သာတယ် တွေးမပူပါနဲ့.....

ပင်လယ်ရေ ဘယ်ကရ မိုးကောင်ကင်ကရတာလား ပင်လယ်ရေ ရေခိုးပြန်လို့ ရေပြန်ကျတာလား အဖြေမရှိတဲ့
သက်သေကို ရက်ရှည်တွေဆွဲညှိမနေပါနဲ့.......

တကယ်ဆို......
မမြင်နိုင်တဲ့ ဟိုး..ရှေးရေစက် အကြောင်းမဲ့သက်သက်ဖန်မလာဘူး
နောင်သံသရာတွေကူးအုန်းတောင် ကြုံဆုံလာရင်
လူတရာ တသိန်းမက အပလီအခရာတွေ
ဝင်ကာ ကထားလဲ ရင်မှာတွယ်တာ
ကိန်းဂဏန်းက ၅၂၈ မို့
အဆွယ်အပွားကိုပယ်ထားလို့ရပါတယ်

အဖေမတူ အမေကွဲပေမယ့်
စိတ်အနေတူ တွယ်တာအားက ဖယ်ကာရှားဖို့ မဖြစ်လောက်အောင် သမုဒယနှောင်လို့ အဖြူရောင်ကလေးနဲ့ ချစ်ခင်တယ်

မြင်သူတကာ အထင်အယူတွေ
ဘာပြောပြော ရင်နှစ်ခုမနောတွေသန့်ရှင်း
ဖန်ဆင်းတဲ့ မေတ္တာသန့်သန့် 
ကမ္ဘာဆန့်လို့ ပြချင်ပါရဲ့
တစိမ်း....မောင်နှမရဲ့ ချစ်ခြင်းပါ အကိုလေး......။
ရွှေပန်းချီ

No comments:

Post a Comment