ပြောပြစမ်းပါ. . .
့ ဆောင်းလေပြေရယ်
ဒီကောင်းကင်ရာသီပြန်ထဲ
ဘယ်လိုအတောင်ပံတွေနဲ့ ပျံတက်လာမှာလဲ. . .
ငါရဲ့ နွေးထွေးခြင်းမီးဖိုလေးနား မေတ္တားတရားတွေ
ထွန်းတောက်ဖို့ဖဲကြိုးပြာလေးတွေဖြတ်ခဲ့ပါတော့လေ. . .
မင်းလေညှင်းမခတ်မခြင်း ငါ့ပြူတင်းတွေကို မပိတ်ခဲ့သူမို့ တိတ်တိတ်လေးပြောပေးမယ့်
ခေါင်ရည် နဲ့ သဇင်ခိုင်တို့အနံ့တွေကို နားစွင့်နေမိပါရဲ့. .
ဟိုးမြောက်တရိုး လေတိုးလာတဲ့ အေးစက်တဲ့ယမ်းငွေနဲ့ အနောက်ဖက်နယ် လေခိုးသယ်မဲ့ ညှီရနံ့စွဲ မင်းဆောင်းဝတ်ရုံ ခြုံလွှာလေးအတွက် ဈေးကောင်းတော့မပေးချင်ပါဘူးကွယ်. . .
ဒါပေမယ့်လေ. . .
ချိန်ရာသီရောက်ရင် မင်းတခေါက်တော့ လာအုန်းမှာမို့ ငါတို့တွေ့ရင် အေးစက်စိုနေတဲ့ လက်နှစ်ဖက်ဆွဲ ဆုတောင်းပွဲလေး လုပ်ကြတဲ့အခါ'
'အေးချမ်းပါစေ အမိမြေ'' လို့
လှိုက်လဲစွာနဲ့ ဆုတောင်းပါရစေ .
ဆောင်းလေပြေရေ. . . .
ရွှေပန်းချီmdy
့ ဆောင်းလေပြေရယ်
ဒီကောင်းကင်ရာသီပြန်ထဲ
ဘယ်လိုအတောင်ပံတွေနဲ့ ပျံတက်လာမှာလဲ. . .
ငါရဲ့ နွေးထွေးခြင်းမီးဖိုလေးနား မေတ္တားတရားတွေ
ထွန်းတောက်ဖို့ဖဲကြိုးပြာလေ
မင်းလေညှင်းမခတ်မခြင်း ငါ့ပြူတင်းတွေကို မပိတ်ခဲ့သူမို့ တိတ်တိတ်လေးပြောပေးမယ့်
ခေါင်ရည် နဲ့ သဇင်ခိုင်တို့အနံ့တွေကို နားစွင့်နေမိပါရဲ့. .
ဟိုးမြောက်တရိုး လေတိုးလာတဲ့ အေးစက်တဲ့ယမ်းငွေနဲ့ အနောက်ဖက်နယ် လေခိုးသယ်မဲ့ ညှီရနံ့စွဲ မင်းဆောင်းဝတ်ရုံ ခြုံလွှာလေးအတွက် ဈေးကောင်းတော့မပေးချင်ပါဘူ