Wednesday, July 11, 2018
ရွှေရင်စိုအောင် ရွာတဲ့မိုး
#ရွှေရင်စိုအောင်..ရွာတဲ့မိုး
ပြောစမ်းပါ့ကွယ်....
မရပ်နားပြန် တန်တန်မေးသော်လဲ
ချစ်ဦးပျို နှုတ်လုံသေးရယ်ကြောင့်
ဘယ်ပုံတွေး ဆွေး, ဆွေးခက်ဖွယ်။
ခင်ရယ်..
သဘောတူ ကြည်ဖြူစစ်ရင်ဖြင့်
မယ် လှစ်ကာ နေနိုင်အားပေမယ့်
မျက်ထားတော် အစဉ်ပြုံးတာမို့
ချစ် မုန်း တွေး, တွေးခက်ရယ်။
ပြောလိုက်ပါ့ကွယ်....
ဘဝင်တခို ရွှေရင်စိုရွာတဲ့မိုးလိုပ
သည်းထန်လှိုင် ယိုင်ခွေလဲရချည့်
အသဲဆိုင် အုံ့ပုန်းသယ်
ခက်ဖွယ် ကိုယ့်မနော။
သို့ကလိုရယ်...
မယ်ခင်နွယ် ယဉ်ယဉ်ပြုံးရယ်က
"ချစ်ဆုံးရေ..ဟုတ်ပေရဲ့'' လို့
မူနွဲ့ကာ ဆိုပါခဲ့ရင်
အသည်းပလ္လင် ထက်တင်လို့ထားမှာပေါ့
ရှက်သည်းကာ ယဉ်ရုံပြုံးပါနဲ့
အဆုံးတိုင် နှုတ်ရွှေဖူးကို
ကျူးရင့် ပါလော။
ရွှေပန်းချီmdy
မိုးကဗျာ(3)2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment