Wednesday, July 11, 2018
လနတ်သမီး
မိုးကောင်းကင်ကြီးရဲ့..လနတ်သမီး
#လမင်းကို..ချစ်တယ်..
လရောင်ဟာ အဓိပ္ပာယ် တွေ
တစ်ခုခြင်း ဖွင့်ဟနေသလို
တစ်ခုခြင်း ကိုလည်း သိမ်းဆည်းနေတယ်..
#လမင်းကို..ချစ်တယ်..
အေးမြတဲ့အလင်းကို ဖန်တီးဖို့..
အပူဒဏ်ကို ရင်ထိုးခံခဲ့နိုင်တယ်...
#လမင်းကို..ချစ်တယ်..
မျက်နှာဖက် အလင်းကြောင့် သူ့ရင်ခွင်တခြမ်း အမြဲမှောင်နေတာလဲ သူပြုံးတယ်..
# လမင်းကို..ချစ်တယ်..
တသသနဲ့ ချစ်ကြ လွမ်းကြသူတွေအတွက်
အိပ်စက်ခြင်းမဲ့စွာနဲ့ အဖြူရောင်နှလုံးသားကို
ဟင်လင်းဖွင့်တယ်...
# လမင်းကို..ချစ်တယ်..
အတ္တပါးပါးနဲ့ ပြဒါးထည့်မှန်တချပ်လို
ကဗျာတွေ...နဲ့ ယစ်မူးစေ
ဘဝတွေ...နဲ့ သစ်ဖူးဝေ
ဆန္ဒတွေ...နဲ့ ကြည်နူးနေ
တောင့်တမှုတွေ နဲ့ ရည်စူးလေ လို့
ဆုတောင်းလဲ ပေးတတ်သူပေါ့.....
#လမင်းကို... ချစ်လို့လေ
"လမင်းသာသော ညများ အမြဲရှိပါစေ"..လို့။
ရွှေပန်းချီmdy
2:15am
မိုးသားတွေမှောင်ပြီး သဲသဲမဲမဲရွာနေတဲ့ညမှာ မီးမလာတော့ ကောင်းကင်ကြီးက ငိုပြီးလာပြောလို့ ည၁၂းဝဝနာရီ အချိန်မှာ ရေးပေးလိုက်ရတဲ့...
ကောင်းကင်ရဲ့ လက်တို့ကဗျာ လေးပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment