Wednesday, September 12, 2018

မမုန်းခဲ့ပါ..ပန်းသခင်


#မမုန်းခဲ့ပါ....ပန်းသခင်

ရင်​ခုန်​သံ တပတ်​နွမ်းက...
အလွမ်းခန်းသတင်းစကားတစ်​ချို့.....
ပို့လိုက်​တယ်​....​မောင်

#........
.......
.......
......
..#

ကျမ ရူးခဲ့တာပါ​လေ...
ဆူးနဲ့မာယာ အထပ်​ထပ်​ကြားမှာ
နှလုံးသားအတုကို ခုံမင်​ဖူး....
ပုံပြင်​တစ်​ပုဒ်​မှာ ရစ်​မူးသလို​ပေါ့....
မောင်​က​တော့...သိမယ်​​တောင်​ မထင်​ပါဘူး

နှင်းဆီပင်​ ပျိုးမိပြီဆိုကထဲက
တချိန်​မှာ ဒီဆူး ဆူးမယ်​မှန်းသိခဲ့တာ...
ဘယ်​သူ့ပ​ယောဂမှ မပါ ပါဘူး..
(အင်း​ပေါ့​လေ).....
အရာရာအားလုံး..
အမုန်းမဖက်​ခဲ့ပါဘူး......
ကျမ ပြုဖူးခဲ့တဲ့...
အ​ကြောင်းတရားရဲ့အကျိုးဆက်​များ..​ပေါ့...​မောင်​။

ရွှေပန်းချီmdy

No comments:

Post a Comment