Wednesday, September 12, 2018

မနက်​ဖြန်​ကို..ကြိုလိုက်​ပါ


#မနက်​ဖြန်​ကို...ကြို​လိုက်​ပါ

ဒီမှာ..​ကောင်​​မလေး
သူများဘဝ​တွေကို ဝထ္တုလာမ​ရေးနဲ့...
မင်း​နေထိုင်​မှုဇတ်​လမ်း တခန်းမရပ်​​အောင်​ကြိုးစား..
ရိုးသားမှုတိုင်း ဖြူစင်​တာမဟုတ်​ဘူး...

တစ်​​နေ့တာမှာ..
ယ​နေ့အမှား ဘယ်​နှစ်​ခု
ယ​နေ့အမှန်​ ဘယ်​နှစ်​ခု
ဂရို့ချိုးသလို ​ရေတွက်​..
တစ်​​နေ့ထက်​တစ်​နေ့ အမှားမထပ်​​စေနဲ့​ပေါ့

လူ​တွေ​ပြောသလို..
ကိုယ့်​သမိုင်းကိုယ်​​ရေးတယ်​ ဆို​ပေမယ့်
နှေးချင်​​နှေးပြီး မြန်​ချင်​လဲမြန်​တတ်​တယ်​..
ဆပ်​ပြာပူ​ဘောင်း​လေးအထက်​တာ လိုပဲ..
တစ်​ခဏနဲ့လဲ ​ကြေကွဲ​ပျောက်​တတ်​တယ်​..

တကယ်​​တော့...ဘဝဇတ်​ခုံမှာ
ကိုယ်​ကသာ သရုပ်​​ဆောင်​ဖြစ်​ပြီး
ကံတရားက ဇတ်​ဆရာမို့..
ကိုယ်​ကသာ ​ပြောစရာရှိပြီး...
သူက​တော့ ​ပြောစရာမရှိ​တော့​သော ယတိပြတ်​မှုကို အဆုံးသတ်​ထားသူပါပဲ...

ဒါ​ကြောင့်​...
နေ့ရက်​တိုင်းမှာ မင်း ဘာလုပ်​သလဲတွေးပါ..
သူများဘာလုပ်​​နေသလဲ..မင်းမ​တွေးပါနဲ့
(မင်းရဲ့...မနက်​ဖြန်​ကိုပဲ ကြိုလိုက်​ပါ)
ကောင်​​မလေး...

ရွှေပန်းချီ
Mdy

No comments:

Post a Comment