Wednesday, September 12, 2018
စောင်ပါလှဲ့...နတ်မိမယ်
#စောင့်ပါလှဲ့..နတ်မိမယ် ရယ်
ပန်းဧကရီ၊ ကခုန်သီသို့
မြရည်စိုစို၊ စိမ်းညိုညွှန့်ခက်
ရွက်လက်ဝေဝေ၊ ညှာခိုင်ခြေလည်း
လေပြေသွေးရာ ယိမ်းနွဲ့ သာတည့်။
ရှုချင့်စဖွယ်၊ ကိုယ်ဟန်သွယ်လျ
နတ်မယ်အလှ၊ သဘာဝလျှင်
လောကတစ်လုံး၊ နုဆေးမှုန်း၍
အပြုံးကမ္ဘာ၊ ဆောက်တည်ရှာသော်....
သည်မှာ...မေတ္တာ
သည်သို့ ...ဂရုဏာ
သည်ဆီ... မုဒိ၊ စိတ်ထားညှိ
"ပွားဗြဟ္မစိုရ်၊ တရားခို" ဖို့
ပွင့်စက်ကျရေ၊ သောက်ထားစေချင်
မွှေးရနံ့ ကြွယ်၊ မိုးသို့ရွယ်
(အဘယ်)..အရုဏ်မှာ ပွင့်မည်တည်း..။
ရွှေပန်းချီmdy
သဘာဝတရား ဆိုတဲ့ နတ်မိမယ်လေးက လူသားကမ္ဘာကို အပြုံးတွေဝေဆာအောင် ဆောက်တည်ချင်လို့ လူသားတွေရဲ့မေတ္တာ၊ဂရုဏာ၊မုဒိတာ ဆိုတဲ့ပန်းပွင့်ကျရေလေးတွေ သောက်သုံးဖို့ လိုအပ်နေလို့တောင်းခံခြင်းပါနော်။ ဤကမ္ဘာမြေ အေးချမ်းပါစေ ရှင့်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment