Wednesday, September 12, 2018

နေဉ္စရာ​ချောင်းတဖက်​မှာ


#​နေဉ္စရာ​ချောင်းတဖက်​မှာ....

အမှန်​တရား သစ္စာစကားမို့..
နှလုံးသားနဲ့ နာကြားလိုက်​ပါ..ချစ်​တဲ့သူ

ကျမ...ရင်​ဝှက်​ပန်းဖူး
ချစ်​သူ..ခူး​လေမှ
ပွင့်​ဖတ်​ဝတ်​ဆံ ထုံသင်းလျှံ....
ဧကန်​ပြီးပြည့်​စုံပါ​စေ...

ကျမ..ရင်​ဖြစ်​ကဗျာ​တေးတပုဒ်
ချစ်​သူနှုတ်​က ဖွဖွညင်​ကာ သံသာရွတ်​မှ...
ကောင်းခြင်းဧကန်​ နားဝင်​ပီယံ ညီသံညွှတ်​နူး
ဘဝင်​ထူးပါ​စေ...

ကျမ..အနာဂတ်​လမ်း
ချစ်​သူ...လက်​ကမ်းမှ
ဘဝလမ်းကြမ်းခရီး မငြီးမငြူ 
ဖေးကူ​အတူ လျှောက်​ပါ​ရစေ...

မှန်​​သောသစ္စာ မျှားပမှာသို့
ချစ်​သူရင်​ခွင်း သက်​ဆင်းခဲ့ရင်​..

ဟို​..တောင်​​တောတန်း..
မိုးညိုမသန်းခင်​.....
အ​ရောက်​လှမ်းခဲ့ပါ....
နေဉ္စရာ​ချောင်းတဖက်​...
ကျမ ရပ်​​စောင့်​​နေလျက်​ပါ......ချစ်​တဲ့သူ။

ရွှေပန်းချီmdy

No comments:

Post a Comment