Sunday, October 8, 2017
ဟို...တစ်ယောက်
...#ဟို..တစ်တယောက်.....့
မိုးတွေမရွာတော့ပေမယ့်
မိုးရိပ်တွေဆင်နေတဲ့ မိုးကောင်းကင်ကြီးအောက်မှာ
မိုးစက်တင်လေ..သီချင်းကြားရင်
အဲ့...ဟိုတစ်ယောက်ကို သတိရတယ်....။♥♥♥♥
အပြင်ထွက်ရင်
တစ်ခါတစ်ရံ ထိုင်တတ်တဲ့ Coffee KORNERမှာ
တစ်ခါတစ်ရံ ' အကျီဖြူစွတ်စွတ်လေး ဝတ်ထားသူကို'မြင်မိရင်..
အဲ့......ဟိုတစ်ယောက်ကို လွမ်းမိတယ်...။♥♥♥
ရက်သတ္တပတ်ရဲ့...
Saturday နေ့ကလေးရောက်ရင်
Seven Night in Japan ကားဟောင်းအခွေလေးဖွင့်
Saturday မှာ နှုတ်မဆက်ပဲ ငါတို့လိုခွဲသွားကြတာ ကြည့်မိတိုင်း..
အဲ့.... ဟိုတစ်ယောက်ကို အောက့်မေ့တယ်။♥♥♥
တစ်ကယ်တော့......
"ဘယ်တော့မှ မခွဲကြေးနော် " ပေးခဲ့တဲ့ ကတိစကားက
ခေါက်တုံ့ချည်ထားတဲ့ဖဲကြိုးလေးလို လှပေမယ့်
အချိန်မရွေး ပြန်ပြေသွားတတ်တာပဲလေ.....
သတိမရလဲ......နေပါ
မလွမ်းရင်လဲ....ထားပါ
မအောက့်မေ့ရင်လဲ.....နေပါစေ
ဒီ Saturday. ....မှာ ရာသီဥတု သာယာနေလို့...
အဲ့...ဟိုတစိယောက်ရေ...
"နင် နေကောင်းပါစေလို့...."...နော်။ ♥♥♥♥
ရွှေပန်းချီmd
ချစ်တေးဝင်္ကပါ
#ချစ်တေးဝင်္ကဘာ
ကြင်သူဖော်နှော ၊ ပန်းဝါတောဝယ်
ငှက်သရကာ၊ မိမောင်နှစ်ဖြာတို့
ကူးကာမြူးကာ၊ ထူးတည်ကာဖြင့်
ကြူးကာဝေစီ၊ ခွန်းသံညီလျက်
ကရီကရီ ၊သီဖွဲ့သီချင်း
ခင်းကြသည်မှာ...
"ယဉ်ကလျာရယ်...
သံသာနှုတ်မူ ၊ဖွေသည်ယူလို့
စံတူကင်းဝေး၊ခင်မယ်လေးအသံ
ဘဝင်အေး၍၊ ကြင်ရေးပိုမို
ချစိတေးဆိုပါ့...အိုဘယ့်သက်ဝေ...ချစ်သက်ဝေ။
"တမင်မခွာဖယ်.......
အကြင်နာတေး၊်ဘယ်လိုမေးဖြစ်
သခင်မောင့်ချစ်၊ ဖြစ်သနစ်မှာ
တင်ပြစ်မဆို၊ ပြည့်စုံသကို
ရင်နှစ်ဆိုသည်....အိုဘယ့်သက်ဆွေ...ချစ်သကိဆွေ။
အော်....
သဘာဝဆောင် ၊ ချည်နှောင် ပါသော
(သမုဒယ)ရောသည်၊ ပန်းတောဝတ်ရည်
ချိုမြလေပြီ၊ ရွှေပန်းချီ ချယ်မှုန်းမှီအံ့လော....ရှင့်။
ရွှေပန်းချီmdy
ရွှေအမျိုးတွေရေ ဒီကဗျာလေးနဲ့ နှုတ်ဆက်ပါအုန်းမယ်နော်..မနက်ဖြန်တရက်ပြီးရင် လပြည့်စခန်းအတွက် ရွှေကုသိုလ်အမှုတွေလုပ်အုန်းမယ်နော်..
အေးချမ်းပါစေ..
လ..ဝှက်ခြင်း ခံရသောကြယ်
#လ...ဝှက်ခြင်းခံရသော ကြယ်
#မရခဲ့ဖူးတာနဲ
မရှိဘူ့းလို့် မငြင်းပါနဲ့.......
#မပိုင်ဆိုင်ခဲ့ဖူးတာနဲ့
မတန်ဘူးလို့ ခေါင်းမခါပါနဲ့.........
"အမြူတေ ဆိုတာ
သိပ်သည်းမှုကြောင့် ဖြစ်တည်လာတာပါ"
ငြိမ်သက်နေတဲ့ ပင်လယ်ရင်တွင်းမှာ
ကဆုန်ဆိုင်းနေတဲ့ မုန်တိုင်းကို သိမ်းထားချင်သိမ်းထားမယ်
စကားလုံးတွေမမှီတဲ့ ကောင်းကယ်အလယ်မှာ
ကိုယ်ပိုင်အလင်းနဲ့ ငွေကြယ်ကလေးကို
လမင်းဝှက်နေတဲ့အချိန်လဲ ရှိတယ်
နှစ်သိမ့်ဆုတိုင်း တန်ဖိုးမရိုင်းတာ
ရာဇဝင်သမိုင်းလေး လှပခဲ့တဲ့ မဏိစန္ဒာကပြောပြတတ်မယ်
နေညိုချိန်လမ်း အမှတ်တမဲ့နင်လှမ်းခဲ့တော့
အချစ်စစ်တစ်ခုကို ခလုပ်တိုက်မိခဲ့တာ
နင့်ကိုယ်နင် နာသွားမှန်းတောင် သိမှာမဟုတ်ဘူး..........
အင်းပေါ့လေ.......
မျက်ရည်ကို ခဝါချ မှုံ့နံ့သာ မသတဲ့ပါးနဲ့
ကြုံလာသမျှ လောကဓံသစ်အတွက်
အချစ်ကို ဘေးလွယ်အိပ်ထဲထည့်
ရင့်ကျက်မှု တစ်ခုအတွက်
နှလုံးသားကို ဘဝနဲ့ ရင်းနှီးပစ်ခဲ့ပြီ......မောင်။
ရွှေပန်းချီ (mdy)
2082017
ပန်တော်ဦး..သစ္စာ
#ပန်တော်ဦး... သစ္စာ
ပြည့်ဝန်းလသာ ပျိုကညာ
ရည်ကာရွယ်စူး သူ့ချစ်ဦးက
ကြည်လင်ငြိမ်အေး
ကန်ရေလေး....
ရောင်နီတဖြာ နေမင်းသာ
ယှဉ်ကာကြည်နူး သူ့ချစ်ဦးက
မြူတိမ်ကင်းစင်
ရှေ့ကောင်းကင်....ရှင့်
ကြည်ပြာဖြူမွှေး ပန်းကလေးရဲ့
ရင်ခုန်သံကျူး သူ့ ချစ်ဦးက
ပျံဝဲလျက်သာ
ရွှေလိပ်ပြာ......
သနပ်ခါးလူး ပန်းလှထူးနဲ့
ဝဲနက်ကေသာ လှကလျာရဲ့
နှလုံးသားဖူး ပန်တော်ဦးကား
ရည်စူးရွယ်ရာ
မောင့်...ကိုသာ.....ရှင့်။
ရွှေပန်းချီ(mdy)
1982017
မိကဗျာ...သို့
#မိကဗျာသို့.......
#အားပြင်းတဲ့ ဝိုင်တွေ
အနံ့အရသာနဲ့ အဆီတဝင်းဝင်းအသားဟင်းတွေက
တကယ့်အရသာ စစ်စစ်မဟုတ်ပါဘူး.....မိကဗျာ
#ထူးအဆန်းအံသြစရာတွေ
သူမတူအောင်လွန်ကဲမှုတွေနဲ သာမာန်ထက်ပိုလွန်အောင်
ဖန်တီးပြုလုပ်ပြနိုင်နေတာလည်း
ပညာရှင်စစ်စစ် မဟုတ်ပါဘူး....မိကဗျာ
#စွဲလမ်းတက်မက်မှုတွေ
ဆန်းပြားတဲ့စွဲဆောင်မှုနဲ့ အလှအပတွေကလည်း
ကြံစည်ဖန်တီးမှုတွေကြောင့်
အလှစစ်စစ် မဟုတ်ပါဘူး....မိကဗျာ
တကယ့်အရသာစစ်နဲ့ ပညာရှိစစ် ဟာ
သာမန်အစားအစာနဲ့ သာမာန်လူတစ်ယောက်ပါ..
တကယ့် သဘာဝသည်သာ အလှစစ်ရဲ့ အမှန်တရားဖြစ်လေရဲ့.....
မိကဗျာ...ရေ
ငါ့ရင်ဘတ်ထဲက ပန်းတပွင့်က နင့်အတွက်
သာမန်လူတစ်ယောက်ရဲ့
သဘာဝတရား အမှန်အစစ်ပါ....မိကဗျာ။
ရွှေပန်းချီmdy
(18.8.17)
ရွှေ ချစ်ခင်ရသော ရွှေအမျိုးတွေ အားလုံးကို နှုတ်ဆက်ပါတယ်ရှင်
အေးချမ်းပါစေ...
Tuesday, October 3, 2017
ချစ်ပြုံးလဲ့ပြာ
#ချစ်..ပြုံးလဲ့ပြာ#
ပုန်းညှက်စပယ်ဖူး ပွင့်ပုံထူး.....
ကြည်နူးရင်မှာ အေးမြတယ်
ပန်းဥယျာဉ်က လှနေတယ်...။
စကားဝေဆဲ ဇွန်ပွင့်မြဲ....
ခဝဲကမြူး ခတ္တာကူး
ခြွေခူးကြံပ ညွှတ်ပါကွယ်...။
ဝဿန်းမိုးခက် တစက်စက်....
တွဲလျက်ခေါ်ရာ မနေသာ
ဆင်းသက်မြေမှာ ကြွေပါတယ်...။
လေပြေတသင်း တိမ်မကင်း....
လျှပ်ဝင်းလက်စွာ အရောင်ဖြာ
ညိုမှောင်ကာသာ ရွာတော့တယ်...။
ပွင့်သစ်နုဆဲ ပန်းပြာလဲ........
ရွက်ထဲငုံ့ရင်း ပြေးပုန့်ဆင်း
ရှက်ပြုံးတုံ့တုံ့ ပြုံးနေတယ်....။
ရွှေပန်းချီ(mdy)
#ဥသြသံချိုဆင့်# ကဗျာလေးလို့ ခေါ်ပါသတဲ့။
့ဆရာကြီးတွေရေးသားခဲ့တဲ့ပုံစံလေးကို လိုက်နာမှတ်သား လေ့လာသင်မြင် လျက်ရေးဖွဲ့ကြည့်ပါတယ်နော်။
အမှားပါပါက ရွှေ အရေးအစပ်လိုအပ်ချက်သာဖြစ်ပါတယ်ရှင့်။
အချစ်လက်ဖြင့်...ချစ်၍ခေါ်ရာ
#အချစ်လက်ဖြင့်....ချစ်၍ခေါ်ရာလိုက်တော်မူပါ့
အကျွန်မလေ...
မြင်စဉ်ခဏတာလေး အကြင်နာဘေးကြောင့်
မယ်လေးဘဒ္ဒါ အမှားတရာနဲ့
ရင်လွှာဒဏ်ချက်က ဒီကမ္ဘာမှာဆပ်မဲ့ အချစ်ရဲ့ကျေးကျွန်ပါ...အမောင်သထ္ထုကရယ်
ဘဝအစ.....
ရာဇဂြိုလ်ကြီး သူဌေးသမီးနဲ့ နန်းတွင်းပရောဟိတ်သား
အမောင်ဖွားတို့ မွေးရက်အတူမှီ ဘက်ချင်းညီလည်း
လူဆိုးသထ္ထုက မွေးစမှာပင် လက်နက်ပေါင်းအရောင်ဖြာ
စောရနက္ခတ် ပါလို့ ကြမ္မာအရိုင်းက စေခိုင်းခဲ့လေသလား.......အမောင်
နေမင်းအစွယ် တောင်ကွယ်ချိန်လေး......
လေသာပြူတင်းက မြင်ရ အချိန်ကြုံ ၊နှလုံးသားအစုံ ရင်ပန်းတုံလို့
ရာဇဝတ်အပြစ်သား ရန်သူဟုယူမထားပဲ စူးနစ်အချစ်ဝင် သက်ဦးလင်မှတ်
ဝိပါတ်ရဟတ် မမြင်တတ်ခဲ့သည်ထိ အသိမဲ့ခဲ့သူပါလေ........
ကြင်စခင်စ မဝသေးခင်........
အမောင် သထ္တုက ပရိယာယ်စကား တမာပျားက
"မယ်လေး..ဘဒ္ဒါ ကြင်သက်လျာငယ်
အမောင်ယုံကြည်ထား နတ်ဘုရားကားစောရပပါတ တောင်တော်ထိပ်မှ
ဗလိနတ်စာကြွေးတုံ့လာ ဟု အမိန့်တော်စေ မှာတမ်းဝေသမို့
မောင်နှံနှစ်ဖော် ဝတ်သုံးတော်အကျရတနာစုံသ လှလှကလေး သွာကြမယ်..' တဲ့
တောင်ခိုးတောင်ဝေ ဟိုးအမြင့်ဘွေကား .....
ဘယ်ဆီဘယ်မှန်း ရော်ရမ်းကင်းပ အခင်းကာလမှာ
ချိုသာမျက်နှာ တခုချင်းခွာလို့ ရက်စက်ပုံမျိုး လူဆိုးထိပ်ခေါင်
ဘီလူးယောင်ပြ အစွယ်ချလာ အကျွန်မမှာ တုန်လှုပ်ပါရပြီကောလေ......
"မယ်မင်းဝတ်တန်ဆာ ရတနာကို အာသာမက်မော
လိုချင်စောလို့ ချစ်မှုထွေဆောင် မာယာတစ်ထောင်မက
ဟန်ဆောင်ပြတာ မယ်မင်းချစ်တာ ထင်လေသလား...ဟေ့!!
အခုပင်ချွတ်စမ်း...အချိန်မကမ်းလင့် သင်အား အသက်ချွေ ငါပြုလေ"...တဲ့
အကျွန်မ ရင်တွင်း မီးသင်းသင်းပူ လင်ယူအတတ်ကျူး
မိဘဒ္ဒါ မြေတွင်လူးစမ်း မျက်ရည်တွေပင်ခမ်းပါတော့ လေ...
ပါရမီဥာဏ်ဖြည့်ဘူးသည်မို့ ထိုတွင်တစ်ခဏ အကြံရလျက်
မိန်းမမာယာ ပလီကာပြုံး အချိုဆုံးနဲ့ ''မဘဒ္ဒါ ချစ်သခင်မှတ် အိမ်ဦးနတ်ရယ်
် ကြင်နာမဆုံး ရင်မှာထုံးတဲ့ နှောင်ကြိုးရုန်းမလို့ ဦးတင်နိမ်ချ ကန်တော့ပါရစေ ချစ်သက်ဝေ...ရယ်'
ထိုစဉ်တစ်ခဏ သူမေ့မောစဝယ်.......
ဒီလက်နှင့်ခေါ် ဒီချစ်ဖော်ကို ဒီလက်နဲ့ပဲ ဟိုးးဝဲချောက်တွင်း သက်ဆင်းစေရန်
အကျွန် ဖန်လိုက်လေပီကော...........
အချစ်အဆုံး အမုန်းမပါချင် အသက်ချင်းယှဉ်သမို့
ရက်စက်ခြင်း အမည်ကား မမှတ်သားပါနဲ့ အမောင်သထ္ထုကရယ်....
အကျွန်မ ဖြစ်အင် သံဝေဂဆင်လျက် အချစ်တဏှာပေမ လွန်ကြောက်လှရင်း လောကီကိုစွန့် နေရပ်ခွာစဉ် ရသေ့ဗရိဗိုဇ် တက္ကတွန်းကျောင်း
အပေါင်းမှားကာ ရောက်လာခဲ့ရ ထန်စေ့မှုတ်နှုတ် ဆံချအလုပ်ပြုပါလျက်လည်း နဋောင်းနှယ်ဖွယ် အသွယ် သွယ် ရှင်သန်ပေါက်သည်
"ကုဏ္ဍလကေသာ " အမည်တွင် သတည်း....လေ
ကျေးဇူးသခင် မိတ်ကောင်းအရှင်မှတ် သာရိပုတ္တာမထေရ်မြတ်က
လမ်းကောင်းလမ်းမှန် ညွှန်ရပ်သန်သော်..
အတိတ်တစ်ဘဝ ဗျာဒိတ်ခယူ မြတ်တဆူကား ပဒုမုတ္တဘုရား ဦးတင်ထားသည်
ခိပ္ပါဘိည =လျင်မြန်ရသည့် မဂ်ဖိုလ်ဆုထူး ပန်တော်ဖူးကြောင့်.......
ယခုဘဝ တလျှင် ဂေါတမဘုရားရှင်
လက်ထက်တွင်သ လေးပိုဒ်ဂါထါ အဆုံးအမမှာတွင်
အရဟတ္တဖိုလ်ဆိုက်ရောက်တော်မူသည်...
ခိပ္ပါဘိည =လျင်မြန်ရသည့် မဂ်ဥာဏ်အရာဝယ် အမြတ်သာဆုံး ဧတဒဂ်တည်း။ ။
(လျင်မြန်သောမဂ်ဖိုလ်ဥာဏ်အရာတွင် ဧတဒဂ်ရ အရှင်မ ကုဏ္ဍလကေသာထေရီမြတ်ကြီးအား ရိုသေဦးချပါတယ်ဘုရား။
ကျေးဇူးတော်ရှင် မင်းကွန်း ဆရာတော်ကြီးဘုရား၏ မြတ်ဗုဒ္ဓ၏ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်မြတ်များ စာအုပ်တော်ကြီးမှ မှတ်သားဖတ်ယူ သီဖွဲ့ပါသည်။
ဆရာတော်ကြီးဘုရားအား ရိုသေစွာကန်တော့အပ်ပါသည်ဘုရား)
ရွှေပန်းချီmdy
21082017
ပန်းသခင်မလေး
#ပန်းသခင်မလေး...
လရောင်မှာ ပွင့်လန်းလို့
တပွင့်ပန်း သခင်ရေ
ဝင့်လို့သာ နေ။
ညသဘင်မှာ လေ၊ ဟန်တွေကျော့ရှင်း။
လေပြေမောင် ဘွာမခတ်အောင်
လှ.....လှတတ်လေခြင်း။ ။
ရွှေပန်းချီmdy
ပန်း..ဆိပ်ဖလူး
"Coral Jasmine"
မွှေးသီခဲ့ မွှေးသော်
မေးခေါ်လို့ ခူး။
ချုပ်နေရီ ခိုဝင်သိပ်တယ်
(ပန်း) ဆိတ်ဖလူး။ ။
ရွှေပန်းချီmdy
#ဒီပန်းလေးတွေကတော့ "Coral Jasmine" လို့
#အမည်ရတဲ "ဆိပ်ဖလူးပန်း" ပဲဖြစ်ပါတယ်....
#ဆိပ်ဖလူးပန်းတွေဟာ ညအခါမှတော့ အလွန်သင်း
ပျံ့မွှေးလို့ "Night-flowering Jasmine" လို့လည်း
ခေါ်ကြပါသေးတယ်.....
#ဒီဆိပ်ဖူးပန်းတွေကို နေရာဒေသ အနှံ့ အပြားမှာတွေ့
ရတတ်ပေမယ့် သူ့ရဲ့မူလပေါက်ရောက်ခဲ့ရာ ဇာတိ
ကတော့ အာရှတိုက်ရဲ့ တောင်ပိုင်း နိုင်ငံတွေဖြစ်တဲ့
ပါကစ္စတန်၊နီပေါနဲ့ အိန္ဒိယနိုင်ငံ တို့မှ စတင် မျိုးပွား
လာခဲ့တယ်လို့ သိရပါတယ်.....
ကျေးဇူးအထူးတင်ပါတယ်.....ရှင့်
Credit Km Rajini
#SarYarWin❆...ရဲ့ ပန်းဆောင်းပါးလေးမှ ကူးယူရေးဖွဲ့ခြင်းဖြစ်ပါတယ်ရှင်။
နောက်ဆက်တွဲ ထပ်သိရတာလေးက... ဆိတ်ဖလူးပန်းရဲ့ရခိုင်အမည်လေးကလည်းလှတယ်ရွှေရေ၊ "ရိုးလှသန္တာ"တဲ့လေ ! အကိုကြီး JimYoung ကပြောတာပါရှင်
ပန်း..ခေါင်ရမ်း
#ပန်း...ခေါင်ရမ်း
( Fame & Beauty are very much like Hibiscus Flower )
သူ့အမည် ခေါင်ရမ်းတဲ့
ခေါ်စမ်းပ တို့တတွေ
ဝေစီတဲ့ပန်း။
ဘယ်သို့ပင် ဘယ်ပုံအယူစွဲ
သူ့ညှာဆိုင် သူ့ခိုင်မှာလ
သူမနိုင် ငါမဆင့်အောင်
ဝင့်ပုံကဆန်း။
ရွှေပန်းချီmdy
ခေါင်ရမ်း ဒိုင်ယာရီ
😎Hibizcus (ခေါင်ရမ်းပန်း) အကြောင်း
- တကယ်တော့ ခေါင်ရမ်းဟာ ကမ္ဘာ့နိုင်ငံအများစုက တန်ဖိုးထားတဲ့ပန်းပါ....
ဟာဝိုင်အီရဲ့ နိုင်ငံတော်ပန်း ( State Flower )...
ဟေတီနိုင်ငံရဲ့ တော်ဝင်ပန်း ( Royal Flower )
ပန်းရောင်ခေါင်ရမ်းပန်းက Malaysiaနိုင်ငံရဲ့အမျိုးသားပန်း
ရုက္ခဗေဒပညာရှင်တွေက ( complete flower ) ပြီးပြည့်စုံတဲ့ ပန်းတစ်ပွင့်လို့ သတ်မှတ်ထားကြပြီး
ဂရိစကားလုံးဖြစ်တဲ့ ( Delecate beauty ) နူးညံ့တဲ့ အလှတရားလို့ ဆိုပါတယ်...
( Very Feminine Flower ) အလွန်မိန်းမဆန်တဲ့ ပန်းလို့လည်း သတ်မှတ်ကြပါသတဲ့....
- မြောက်အမေရိကနိုင်ငံတွေမှာတော့ ( Perfect wife ) ပြီးပြည့်စုံသောဇနီးလို့ဆိုပြီး
တရုတ်နိုင်ငံမှာဆိုရင် ( Beauty of fame ) ကျော်ကြားမှုရဲ့ အလှတရား ယူဆကြတယ်...
- တခြားကမ္ဘာ့နိုင်ငံတွေမှာ ယေဘုယျတင်စားကြတာက မိန်းမငယ်တစ်ယောက်ကဲ့သို့ အလွန်သိမ်မွေ့လှပလွန်/သောပန်းလို့ တန်ဖိုးထားသတ်မှတ်ကြပါတယ်....
- အဖြူဆိုရင် သန့်ရှင်းလှပမှု/မိန်းမဆန်မှု/
- အ၀ါက ပျော်ရွှင်မှု/ တောက်ပမှု/ကံကောင်းမှု...
- ပန်းရောင်က ရင်းနှီးမှု...
- ခရမ်းရောင်က အသိဉာဏ်ကြွယ်ဝမှု
အနီရောင်ကတော့ နာမည်အကြီးဆုံးလူကြိုက်အများဆုံးအရောင်ဖြစ်ပါတယ်......အချစ်နဲ့တပ်မက်မှုကို ရည်ညွှန်းလို့ပါတဲ့...
- သူတို့ဆီမှာ ချစ်ခွင့်ပန်ရင် ခေါင်ရမ်းအနီနဲ့ ချစ်ခွင့်ပန်ကြပါသတဲ့ ....
မြန်မာမှာဆိုရင်တော့ အသုဘပန်းလာပေးတယ်ဆိုပီး စိတ်ဆိုးတာကြုံရနိုင်ပါတယ် ... 😂😂😂
- အဲ့လို ခေါင်ရမ်းကို ကမ္ဘာ့နိုင်ငံအများစုမှာအဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုကြတင်စားကြ တန်ဖိုးထားကြပါလျက် မြန်မာပြည်မှ အသုဘပန်းဖြစ်ရရှာပါတော့တယ်...း
ကိုယ့်အယူဆနဲ့ ကိုယ်ပေါ့လေနော်
- ခေါင်ရမ်းက အလွန်လှပေမဲ့ သက်တမ်းတိုလွန်းတာကြောင် ( Fame & Beauty are very much like Hibiscus Flower ) ဆိုပြီး ငယ်ရွယ်မှုရယ် ၊ ကျော်ကြားမှုရယ် ၊ လှပမှုရယ်ဟာ ခေါင်ရမ်းလိုဘဲ တဲ့လေ .....
- ဒါ့အပြင် ရှေးဘုရင်များလက်ထက်က သေဒဏ်ပေးခံရတဲ့ ရာဇ၀တ်သားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်အတွက် သာသနာပိုင်ဆရာတော် ၊ ဘုရင်နှင့် မိဘုရားတစ်ဦးဥိးံထံ အသနားခံခွင့်ရှိကြတယ် ... သေဒဏ်ကင်းလွတ်သူကို သာသနာပိုင်ဆရာတော်က ခေါင်ရမ်းပန်း . ဘုရင်က သဇင်ပန်း . မိဖုရားက နှင်းပန်း စွန့်ကြဲရင် သေဒဏ်ကကင်းလွတ်ပါတယ် .....
မူရင်းမျှဝေသူ..ကိုထွန်းမောင်မောင်
ရဲ့စာလေးထဲမှ ကောက်နှုတ်မျှေ
အချစ်ဟောင်းအတွက်
ပျော်ရွှငိကြည်နူးနိုင်ဖို့...😁😁
အချစ်ဟောင်းအတွက် တေးတပုဒ်
အချစ်ဟောင်းရေ....
အကယ်၍သာ
မင်းရဲ့အလိုလောဘတွေ မရှိခဲ့ဘူးဆိုရင်
ကြည်လင်နေတဲ့ ကောင်းကင်နဲ့ တိမ်ကင်းစင်နေတဲ့ ပင်လယ်အလှကို ညတညမှာမင်းတွေ့နိုင်မှာပါ....♥♥
အချစ်ဟောင်းရေ...
အကယ်၍သာ မင်းမှာ သံစဉ်ဆိုငြီးစရာ ဂစ်တာတလက်နဲ့ စာအုပ်တစ်အုပ်သာ ရှိနေခဲ့မယ်ဆိုရင်ဘယ်နေရာဘယ်အချိန်ဖြစ်ဖြစ် အထီးကျန်ဖြစ်နေမှာ မဟုတ်ပါဘူး..♥♥
တကယ်တော့...
နှလုံးသားမှာ ဘာဆန္ဒမှမရှိတဲ့အခါ
စိတ်မညစ်စေတတ်တဲ့ နှလုံးသား တစ်ခုမင်းလက်ထဲကိုရောက်လာမှာပါ...♥♥
ဒါပေမယ့်....
အချစ်မှာ အချစ်ဟောင်းဆိုပေမယ့်
အသစ်ကိုတော့မပြောင်းနိုင်သေးသ၍...
အလွမ်းရဲ့ရသအသစ်တွေ တစ်နေ့တမျိုး
ပန်းလိုပျိုးရင်း...ပျော်စေချင်တာ..
ကျမဆန္ဒတစ်ခုပါ...မောင်♥♥
ရွှေပန်းချီ
m
ချစ်အာရုံ
#ချစ်အာရုံ
မေတ္တာတော် ထောင်အစုရယ်နဲ့
(ချစ်မိသူ)ရဲ့ အာရုံ။
ယုယကာ ရွှင်ကြည်ကြည်နှင့်
အားမာန်တော် လက်ရုံးကိုဖြင့်
အုံးစက်ဖို့ ကြုံ။
မပြုံးတုံ့ ပြုံးတုံ့ရယ်နှင့်
ဆုံးမဆုံ့ တွေး၍မကုန်
သည်ပုံဖြင့် ရွှင်လန်း။
အို..သည်စခန်း
သည်လမ်းထွေထွေမှာဖြင့်
ချစ်သူဆွေ နဖူးစာမဖက်ရင်တော့
ပုလဲစက်ယို မျက်ရည်စီးမယ်ပ
သည်းဆိုင်က ကျွမ်း။
ရွှေပန်းချီmdy
မိုးတွေ ရွာနေတယ် မောင်
#မိုးတွေရွာနေတယ်...မောင်
ယုံပေးလိုက်ချင်ပါရဲ့...
မျောလွင့်လာခဲ့စမ်းပါ
အရောင်မဲ့ စိုထိုင်းမှုနဲ့ စိတ်ကူးတချို့ပေါ့လေ...
မစဲသာ မဖွဲသာ ရွာနေတဲ့နှောင်းမိုးနဲ့အတူ
ရင်ဘတ်ထဲက ခုန်ထွက်
သိပ်သည်းခြင်းများပါတဲ့ အလွမ်းရဲ့ထွက်ပေါက်ပဲဖြစ်လိမ့်မယ်...
စွဲလမ်းစွာ မက်ခဲ့တဲ့အိမ်မက်တွေသာ
ဘဝမှာသေချာခဲ့ရင်
မရေရာတာတွေပစ်လို့
မူးမူးမေ့မေ့ တမ်းတလိုက်ပါ့မယ်.....
တကယ်တော့....
တဒင်္ဂအချစ်နဲ့ အဟာရမဖြစ်ချင်ခဲ့တဲ့
နှလုံးသားတခုက ဝေဒနာတွေနဲ့ မျက်နှာသစ်
တိမ်ဖြစ်သွားတဲ့အချစ်က
မိုးအစစ်တောင် ရွာနေလေရဲ့...မောင်။
ရွှေပန်းချီmdy
လက်ဆိပ်ထိုးရင်..ညှိးမှာစိုး
#လက်ဆိပ်ထိုးရင်...ညှိးမှာစိုး
ဝင့်ဟေသီ စီရရီ နဲ့
ချီဟန်သီ မှိတမှီ မို့
'ထူးတင့်ဆန်း'သောပန်းလေးကြောင့်.....
လက်လှမ်းကာ
အသာချူတော့
ခိုင်သင်းကြူ 'အလှပျိုးချိန်' မို့
မောင်ချိုးလျှင်
မယ်မညီသေးပ
သည်ရာသီ ပျို့မောင် 'စောင့်ပါလို့'
နှုတ်ရေးရယ်ချီပြနိတော့.....
တစ်မေခင် ရွှေစင်အိရယ်
လက်ဆိပ်တော် ဟိုလူသူကြောင့်
မနမ်းခင် နွမ်းရင် ခက်ပါ့မယ်
ကျွန့်စိတ်မှာ ဗျာပါဆင်ပါဘိတဲ့
ညွှန်းချက်ရယ်သုံး။ ။
ရွှေပန်းချီmdy
သခင်နှင့်သာ....
#သခင်နှင့်သာ..ကြင်သင့်ရာ
ရွှေရည်ရွှန်းရွှန်း
ရှားရောင်သွန်း၍
ထက်နန်းမြင့်ဘုံ
အံ့ဘုန်းထုံသည်
ဖုံဖုံလဲလဲ ထူးတင့်မြဲ...
တံထျာညင်းညင်း
ညုသံနှင်း၍
သီချင်းတေးဖွဲ့
အေးအေးတွဲ့သည်
နွဲ့နွဲ့ချွဲချွဲ စောင်းသံစွဲ...
ဂုဏ်တော်ဝင်းဝင်း
စေတီရင်း၌
ညွှတ်တွားဖူးမျှော်
ဆုထူးဖော်သည်
တူပျော်ရွှေလက် ဆက်စေသော်...ရှင့်။
ရွှေပန်းချီ
(mdy )