Sunday, October 8, 2017

ဟို...တစ်​​ယောက်





...#ဟို..တစ်​တ​ယောက်​.....့

မိုး​တွေမရွာ​တော့​ပေမယ့်
မိုးရိပ်​​တွေဆင်​​နေတဲ့ မိုး​ကောင်းကင်​ကြီး​အောက်​မှာ
မိုးစက်​တင်​​လေ..သီချင်းကြားရင်
အဲ့...ဟိုတစ်​​ယောက်​ကို သတိရတယ်​....။♥♥♥♥

အပြင်​ထွက်​ရင်
တစ်​ခါတစ်​ရံ ထိုင်​တတ်​တဲ့ Coffee KORNERမှာ
တစ်​ခါတစ်​ရံ ' အကျီဖြူစွတ်​စွတ်​​လေး ဝတ်​ထားသူကို'မြင်​မိရင်​..
အဲ့......ဟိုတစ်​​ယောက်​ကို လွမ်းမိတယ်​...။♥♥♥

ရက်​သတ္တပတ်​ရဲ့...
Saturday ​နေ့က​လေး​ရောက်​ရင်
Seven Night in Japan ကား​ဟောင်းအ​ခွေ​လေးဖွင့်
Saturday မှာ နှုတ်​မဆက်​ပဲ ငါတို့လိုခွဲသွားကြတာ ကြည့်​မိတိုင်း..
အဲ့.... ဟိုတစ်​​ယောက်​ကို ​အောက့်​​မေ့တယ်​။♥♥♥

တစ်​ကယ်​​တော့......
"ဘယ်​​တော့မှ မခွဲ​ကြေး​နော်​ ​" ပေးခဲ့တဲ့ ကတိစကားက
ခေါက်​တုံ့ချည်​ထားတဲ့ဖဲကြိုး​လေးလို လှ​ပေမယ့်
အချိန်​မ​ရွေး ပြန်​​ပြေသွားတတ်​တာ​ပဲ​လေ.....

သတိမရလဲ​......နေပါ
မလွမ်းရင်​လဲ....ထားပါ
မ​အောက့်​​မေ့ရင်​လဲ.....နေပါ​စေ
ဒီ Saturday. ....မှာ ရာသီဥတု သာယာ​နေလို့...
အဲ့...ဟိုတစိ​ယောက်​​ရေ...
"နင်​ ​နေ​ကောင်းပါ​စေလို့...."...​နော်​။ ♥♥♥♥

ရွှေပန်းချီmd

ချစ်​​တေးဝင်္ကပါ





#ချစ်​​တေးဝင်္ကဘာ

ကြင်​သူ​ဖော်​​နှော ၊ ပန်းဝါ​တောဝယ်
ငှက်​​သရကာ၊ မိ​မောင်​နှစ်​ဖြာတို့
ကူးကာမြူးကာ၊ ထူးတည်​ကာဖြင့်
ကြူးကာ​ဝေစီ၊ ခွန်းသံညီလျက်
ကရီကရီ ၊သီဖွဲ့သီချင်း
ခင်းကြသည်​မှာ...

"ယဉ်​ကလျာရယ်​...
သံသာနှုတ်​မူ ၊​ဖွေသည်​ယူလို့
စံတူကင်း​ဝေး၊ခင်​မယ်​​လေးအသံ
ဘဝင်​​အေး၍၊ ကြင်​​ရေးပိုမို
ချစိ​တေးဆိုပါ့...အိုဘယ့်​သက်​​ဝေ...ချစ်​သက်​​ဝေ။

"တမင်​မခွာဖယ်​.......
အကြင်​နာ​တေး၊်ဘယ်​လို​မေးဖြစ်
သခင်​​မောင့်​ချစ်​၊ ဖြစ်​သနစ်​မှာ
တင်​ပြစ်​မဆို၊ ပြည့်​စုံသကို
ရင်​နှစ်​ဆိုသည်​....အိုဘယ့်​သက်​​ဆွေ...ချစ်​သကိ​ဆွေ။

အော်​....
သဘာဝ​ဆောင်​ ၊ ချည်​​နှောင်​ ပါ​သော
(သမုဒယ)​ရောသည်​၊ ပန်း​တောဝတ်​ရည်
ချိုမြ​လေပြီ၊ ​ရွှေပန်းချီ ချယ်​မှုန်းမှီအံ့​လော....ရှင့်​။

ရွှေပန်းချီmdy
ရွှေအမျိုး​တွေ​ရေ ဒီကဗျာ​လေးနဲ့ နှုတ်​ဆက်​ပါအုန်းမယ်​​နော်​..မနက်​ဖြန်​တရက်​ပြီးရင်​ လပြည့်​စခန်းအတွက်​ ​ရွှေကုသိုလ်​အမှု​တွေလုပ်​အုန်းမယ်​​နော်​..
အေးချမ်းပါ​စေ..

လ..ဝှက်​ခြင်း ခံရ​သောကြယ်






#လ...ဝှက်​ခြင်း​ခံရ​သော ကြယ်

#မရခဲ့ဖူးတာနဲ
မရှိဘူ့းလို့်​ မငြင်းပါနဲ့.......

#မပိုင်​ဆိုင်​ခဲ့ဖူးတာနဲ့
မတန်​ဘူးလို့ ​ခေါင်းမခါပါနဲ့.........

"အမြူ​တေ ဆိုတာ
သိပ်​သည်းမှု​ကြောင့်​ ဖြစ်​တည်​လာတာပါ"

ငြိမ်​သက်​​နေတဲ့ ပင်​လယ်​ရင်​တွင်းမှာ
ကဆုန်​ဆိုင်း​နေတဲ့ မုန်​တိုင်းကို သိမ်းထားချင်​သိမ်းထားမယ်

စကား​လုံးတွေမမှီတဲ့ ​ကောင်းကယ်​အလယ်​မှာ
ကိုယ်​ပိုင်​အလင်းနဲ့ ​ငွေကြယ်​က​လေးကို
လမင်းဝှက်​​နေတဲ့အချိန်​လဲ ရှိတယ်

နှစ်​သိမ့်​ဆုတိုင်း တန်​ဖိုးမရိုင်းတာ
ရာဇဝင်​သမိုင်း​လေး လှပခဲ့တဲ့ မဏိစန္ဒာက​ပြောပြတတ်​မယ်

နေညိုချိန်​လမ်း အမှတ်​တမဲ့နင်​လှမ်းခဲ့​တော့
အချစ်​စစ်​တစ်​ခုကို ခလုပ်​တိုက်​မိခဲ့တာ
နင့်​ကိုယ်​နင်​ နာသွားမှန်း​တောင်​ သိမှာမဟုတ်​ဘူး..........

အင်း​ပေါ့​လေ.......
မျက်​ရည်​ကို ခဝါချ မှုံ့နံ့သာ မသတဲ့ပါးနဲ့
ကြုံလာသမျှ ​လောကဓံသစ်​အတွက်
အချစ်​ကို ​ဘေးလွယ်​အိပ်​ထဲထည့်
ရင့်​ကျက်​မှု တစ်​ခုအတွက်
နှလုံးသားကို ဘဝနဲ့ ရင်းနှီးပစ်​ခဲ့ပြီ......​မောင်​။

ရွှေပန်းချီ (mdy)
2082017

ပန်​​တော်​ဦး..သစ္စာ







#ပန်​​တော်​ဦး... သစ္စာ

ပြည့်​ဝန်းလသာ ပျိုကညာ
ရည်​ကာရွယ်​စူး သူ့ချစ်​ဦးက
ကြည်​လင်​ငြိမ်​​အေး
ကန်​​ရေ​လေး....

ရောင်​နီတဖြာ ​နေမင်းသာ
ယှဉ်​ကာကြည်​နူး သူ့ချစ်​ဦးက
မြူတိမ်​ကင်းစင်
ရှေ့​ကောင်းကင်​....ရှင့်

ကြည်​ပြာဖြူ​မွှေး ပန်းက​လေးရဲ့
ရင်​ခုန်​သံကျူး သူ့ ချစ်​ဦးက
ပျံဝဲလျက်​သာ
ရွှေလိပ်​ပြာ......

သနပ်​ခါးလူး ပန်း​လှထူးနဲ့
ဝဲနက်​​ကေသာ လှကလျာရဲ့
နှလုံးသားဖူး ပန်​​တော်​ဦးကား
ရည်​စူးရွယ်​ရာ
မောင့်​...ကိုသာ.....ရှင့်​။

ရွှေပန်းချီ(mdy)
1982017

မိကဗျာ...သို့




#မိကဗျာသို့.......

#အားပြင်းတဲ့ ဝိုင်​​တွေ
အနံ့အရသာနဲ့ အဆီတဝင်းဝင်းအသားဟင်း​တွေက
တကယ့်​အရသာ စစ်​စစ်​မဟုတ်​ပါဘူး.....မိကဗျာ

#ထူးအဆန်းအံသြစရာ​တွေ
သူမတူ​အောင်​လွန်​ကဲမှု​တွေနဲ သာမာန်​ထက်​ပိုလွန်​​အောင်
ဖန်​တီးပြုလုပ်​ပြနိုင်​​နေတာလည်း
ပညာရှင်​စစ်​စစ်​ မဟုတ်​ပါဘူး....မိကဗျာ

#စွဲလမ်းတက်​မက်​မှု​တွေ
ဆန်းပြားတဲ့စွဲ​ဆောင်​မှုနဲ့ အလှအပ​တွေကလည်း
ကြံစည်​ဖန်​တီးမှု​တွေ​ကြောင့်
အလှစစ်​စစ် မဟုတ်​ပါဘူး....မိကဗျာ

တကယ့်​အရသာစစ်​နဲ့ ပညာရှိစစ်​ ဟာ
သာမန်​အစားအစာနဲ့ သာမာန်​လူတစ်​​ယောက်​ပါ..
တကယ့်​ သဘာဝသည်​သာ အလှစစ်​ရဲ့ အမှန်​တရားဖြစ်​​လေရဲ့.....

မိကဗျာ...​ရေ
ငါ့ရင်​ဘတ်​ထဲက ပန်းတပွင့်​က နင့်​အတွက်
သာမန်​လူတစ်​​ယောက်​ရဲ့
သဘာဝတရား အမှန်အစစ်​​ပါ....မိကဗျာ။

ရွှေပန်းချီmdy
(18.8.17)

ရွှေ ချစ်​ခင်​ရ​သော ​ရွှေအမျိုး​တွေ အားလုံးကို နှုတ်​ဆက်​ပါတယ်​ရှင်
အေးချမ်းပါ​စေ...

Tuesday, October 3, 2017

ချစ်​ပြုံးလဲ့ပြာ




#ချစ်​..ပြုံးလဲ့ပြာ#

ပုန်းညှက်​စပယ်​ဖူး ပွင့်​ပုံထူး.....
ကြည်​နူးရင်​မှာ အေးမြတယ်
ပန်းဥယျာဉ်​က လှ​နေတယ်​...။

စကား​ဝေဆဲ ဇွန်​ပွင့်​မြဲ....
ခဝဲကမြူး ခတ္တာကူး
ခြွေခူးကြံပ ညွှတ်​ပါကွယ်​...။

ဝဿန်းမိုးခက်​ တစက်​စက်....
တွဲလျက်​​ခေါ်ရာ မ​နေသာ
ဆင်းသက်​​မြေမှာ ​ကြွေပါတယ်​...။

လေ​ပြေတသင်း တိမ်​မကင်း....
လျှပ်​ဝင်းလက်​စွာ အ​ရောင်​ဖြာ
ညို​မှောင်​ကာသာ ရွာ​တော့တယ်​...။

ပွင့်​သစ်​နုဆဲ ပန်းပြာလဲ........
ရွက်​ထဲငုံ့ရင်း ​ပြေးပုန့်​ဆင်း
ရှက်​ပြုံးတုံ့တုံ့ ပြုံး​နေတယ်​....။

ရွှေပန်းချီ(mdy)
#ဥသြသံချိုဆင့်​# ကဗျာ​လေးလို့ ​ခေါ်ပါသတဲ့။
့ဆရာကြီး​တွေ​ရေးသားခဲ့တဲ့ပုံစံ​လေးကို လိုက်​နာမှတ်​သား ​လေ့လာသင်​မြင်​ လျက်​​ရေးဖွဲ့ကြည့်​ပါတယ်​​နော်​။
အမှားပါပါက ​ရွှေ အ​ရေးအစပ်​လိုအပ်​ချက်​သာဖြစ်​ပါတယ်​ရှင့်​။


အချစ်​လက်​ဖြင့်​...ချစ်​၍​ခေါ်ရာ




#အချစ်​လက်​ဖြင့်​....ချစ်​၍​ခေါ်ရာလိုက်​​တော်​မူပါ့

အကျွန်​မ​လေ...
 မြင်​စဉ်​ခဏတာ​လေး အကြင်​နာ​ဘေး​ကြောင့်
မယ်​​လေးဘဒ္ဒါ အမှားတရာနဲ့
ရင်လွှာဒဏ်​ချက်​က ဒီကမ္ဘာမှာဆပ်​မဲ့ အချစ်​ရဲ့​ကျေးကျွန်​ပါ...အ​မောင်​သထ္ထုကရယ်

ဘဝအစ.....
ရာဇဂြိုလ်​ကြီး သူ​ဌေးသမီးနဲ့ နန်းတွင်းပ​ရောဟိတ်​သား
အ​မောင်​ဖွားတို့ ​မွေးရက်​အတူမှီ ဘက်​ချင်းညီလည်း
လူဆိုးသထ္ထုက ​မွေးစမှာပင်​ လက်​နက်​​ပေါင်းအ​ရောင်​ဖြာ
စောရနက္ခတ်​ ပါလို့ ကြမ္မာအရိုင်းက စေခိုင်း​ခဲ့လေသလား.......အ​မောင်

နေမင်းအစွယ်​ ​တောင်​ကွယ်​ချိန်​​လေး......
လေသာပြူတင်းက မြင်​ရ အချိန်​ကြုံ ၊နှလုံးသားအစုံ ရင်​ပန်းတုံလို့
ရာဇဝတ်​​အပြစ်​သား ရန်​သူဟုယူမထားပဲ စူးနစ်​အချစ်​ဝင်​ သက်​ဦးလင်​မှတ်
ဝိပါတ်​ရဟတ်​ မမြင်​တတ်​ခဲ့သည်​ထိ အသိမဲ့ခဲ့သူပါ​လေ........

ကြင်​စခင်​စ မဝ​သေးခင်........
အ​မောင်​ သထ္တုက ပရိယာယ်​စကား တမာပျားက
"မယ်​​လေး..ဘဒ္ဒါ ကြင်​သက်​လျာငယ်
အ​မောင်​ယုံကြည်ထား နတ်​ဘုရားကား​စောရပပါတ ​တောင်​​တော်​ထိပ်​မှ
ဗလိနတ်​စာ​ကြွေးတုံ့လာ ဟု အမိန့်​​တော်​​စေ မှာတမ်း​ဝေသမို့
မောင်​နှံနှစ်​​ဖော်​ ဝတ်​သုံး​တော်​အကျရတနာစုံသ လှလှက​လေး သွာကြမယ်​..' တဲ့

တောင်​ခိုး​တောင်​​ဝေ ဟိုးအမြင့်​​ဘွေကား .....
ဘယ်​ဆီဘယ်​မှန်း ​ရော်​ရမ်းကင်းပ အခင်းကာလမှာ
ချိုသာမျက်​နှာ တခုချင်းခွာလို့ ရက်​စက်​ပုံမျိုး လူဆိုးထိပ်​​ခေါင်
ဘီလူး​ယောင်​ပြ အစွယ်​ချလာ အကျွန်​မ​မှာ တုန်​လှုပ်ပါ​ရပြီ​ကော​လေ......

"မယ်​မင်းဝတ်​တန်​ဆာ ရတနာကို အာသာမက်​​မော
လိုချင်​​စောလို့ ချစ်​မှု​ထွေ​ဆောင်​ မာယာတစ်​​ထောင်​မက
ဟန်​​ဆောင်​ပြတာ မယ်​မင်းချစ်​တာ ထင်​​လေသလား...​ဟေ့!!
အခုပင်​ချွတ်​စမ်း...အချိန်​မကမ်းလင့်​ သင်​အား အသက်​​ချွေ ငါပြု​လေ"...တဲ့

အကျွန်မ ရင်​တွင်း မီးသင်းသင်းပူ လင်​ယူအတတ်​ကျူး
မိဘဒ္ဒါ ​မြေတွင်​လူးစမ်း မျက်​ရည်​​တွေပင်​ခမ်းပါ​တော့ ​လေ...

ပါရမီဥာဏ်​ဖြည့်​ဘူးသည်​မို့ ထိုတွင်​တစ်​ခဏ အကြံရလျက်
မိန်းမမာယာ ပလီကာပြုံး အချိုဆုံးနဲ့ ''မဘဒ္ဒါ ချစ်​သခင်မှတ်​ အိမ်​ဦးနတ်​ရယ်
်​ ကြင်​နာမဆုံး ရင်​မှာထုံးတဲ့ ​နှောင်​ကြိုးရုန်းမလို့ ဦးတင်​နိမ်​ချ ကန်​​တော့ပါရ​စေ ချစ်​သက်​​ဝေ...ရယ်​'

ထိုစဉ်​တစ်​ခဏ ​သူမေ့​မောစဝယ်.......
ဒီလက်​နှင့်​​ခေါ် ဒီချစ်​​ဖော်​ကို ဒီလက်​နဲ့ပဲ ဟိုးးဝဲ​ချောက်​တွင်း သက်​ဆင်း​စေရန်
အကျွန်​ ဖန်​လိုက်​လေ​​ပီ​ကော...........
အချစ်​အဆုံး အမုန်းမပါချင်​ အသက်​ချင်းယှဉ်​သမို့
ရက်​စက်​ခြင်း အမည်​ကား မမှတ်​သားပါနဲ့ အ​မောင်​သထ္ထုကရယ်​....

အကျွန်​မ ဖြစ်​အင်​ သံ​ဝေဂဆင်​လျက်​ အချစ်​တဏှာ​ပေမ လွန်​​ကြောက်​လှရင်း ​လောကီကိုစွန့်​ ​နေရပ်​ခွာစဉ်​ ​ရ​သေ့ဗရိဗိုဇ်​ တက္ကတွန်း​ကျောင်း
အ​ပေါင်းမှားကာ ​ရောက်​လာခဲ့ရ ထန်​​စေ့မှုတ်​နှုတ်​ ဆံချ​အလုပ်​ပြုပါလျက်လည်း​​ န​ဋောင်းနှယ်​​ဖွယ်​ အသွယ်​​ သွယ်​ ရှင်​သန်​​ပေါက်​သည်
"ကုဏ္ဍလ​ကေသာ " အမည်​တွင်​ သတည်း....​လေ

ကျေးဇူးသခင်​ မိတ်​​ကောင်းအရှင်​မှတ်​ သာရိပုတ္တာမ​ထေရ်​မြတ်​က
လမ်း​ကောင်းလမ်းမှန်​ ညွှန်​ရပ်​သန်​​သော်​..
အတိတ်​တစ်​ဘဝ ဗျာဒိတ်​ခယူ မြတ်​တဆူကား ပဒုမုတ္တဘုရား ဦးတင်​ထားသည်
ခိပ္ပါဘိည =လျင်​မြန်​ရသည့်​ မဂ်​ဖိုလ်​ဆုထူး ပန်​​တော်​ဖူး​ကြောင့်​.......
ယခုဘဝ တလျှင်​ ​ဂေါတမဘုရားရှင်
လက်​ထက်​တွင်​သ ​လေးပိုဒ်​ဂါထါ အဆုံးအမမှာတွင်
အရဟတ္တဖိုလ်​ဆိုက်​​ရောက်​​တော်​မူသည်​...
ခိပ္ပါဘိည =လျင်​မြန်​ရသည့်​ မဂ်​ဥာဏ်​အရာဝယ်​ အမြတ်​သာဆုံး ဧတဒဂ်​တည်း။ ။

(လျင်​မြန်​​သောမဂ်​ဖိုလ်​ဥာဏ်​အရာတွင်​ ဧတဒဂ်​ရ အရှင်​မ ကုဏ္ဍလ​ကေသာ​ထေရီမြတ်​ကြီးအား ရို​သေဦးချပါတယ်​ဘုရား။
ကျေးဇူး​တော်​ရှင်​ မင်းကွန်း ဆရာ​တော်​ကြီးဘုရား၏ မြတ်​ဗုဒ္ဓ၏ဧတဒဂ်​ဘွဲ့ရ ပုဂ္ဂိုလ်​မြတ်​များ စာအုပ်​​တော်​ကြီးမှ မှတ်​သားဖတ်​ယူ သီဖွဲ့ပါသည်​။
ဆရာ​တော်​ကြီးဘုရားအား ရို​သေစွာကန်​​တော့အပ်​ပါသည်​ဘုရား)

ရွှေပန်းချီmdy
21082017

ပန်းသခင်​မ​လေး



#ပန်းသခင်​မ​လေး...

လ​ရောင်​မှာ ပွင့်​လန်းလို့
တပွင့်​ပန်း သခင်​​ရေ
ဝင့်​လို့သာ ​နေ။

ညသဘင်​မှာ ​လေ၊ ဟန်​​တွေကျော့ရှင်း။

လေ​ပြေ​မောင်​ ဘွာမခတ်​​အောင်
လှ.....လှတတ်​​လေခြင်း။ ။

ရွှေပန်းချီmdy

ပန်း..ဆိပ်​ဖလူး




"Coral Jasmine"

မွှေးသီခဲ့ ​မွှေး​သော်
မေး​ခေါ်လို့ ခူး။

ချုပ်​​နေရီ ခိုဝင်​သိပ်​တယ်
(ပန်း) ဆိတ်​ဖလူး။ ။

ရွှေပန်းချီmdy

#ဒီပန်း​လေး​တွေက​တော့ "Coral Jasmine" လို့
#အမည်​ရတဲ "ဆိပ်​ဖလူးပန်း" ပဲဖြစ်​ပါတယ်​....
#ဆိပ်ဖလူးပန်း​တွေဟာ ညအခါမှ​တော့ အလွန်သင်း
ပျံ့မွှေးလို့ "Night-flowering Jasmine" လို့လည်း
ခေါ်ကြပါ​သေးတယ်​.....

#ဒီဆိပ်​ဖူးပန်း​တွေကို ​နေရာ​ဒေသ အနှံ့ အပြားမှာ​တွေ့
ရတတ်​​ပေမယ့်​ သူ့ရဲ့မူလ​​ပေါက်​​ရောက်​ခဲ့ရာ ဇာတိ
က​တော့ အာရှတိုက်ရဲ့ တောင်ပိုင်း နိုင်​ငံ​တွေဖြစ်​တဲ့
ပါကစ္စတန်၊နီပေါနဲ့ အိန္ဒိယနိုင်​ငံ တို့မှ စတင်​ မျိုးပွား
လာခဲ့တယ်​လို့ သိရပါတယ်​.....

ကျေးဇူးအထူးတင်​ပါတယ်​.....ရှင့်
      Credit   Km Rajini
#SarYarWin❆...ရဲ့ ပန်း​ဆောင်းပါး​လေးမှ ကူးယူ​ရေးဖွဲ့ခြင်းဖြစ်​ပါတယ်​ရှင်​။
နောက်​ဆက်​တွဲ ထပ်​သိရတာ​လေးက... ဆိတ်ဖလူးပန်းရဲ့ရခိုင်အမည်လေးကလည်းလှတယ်ရွှေရေ၊ "ရိုးလှသန္တာ"တဲ့လေ !  အကိုကြီး JimYoung က​ပြောတာပါရှင်

ပန်း..​ခေါင်​ရမ်း




#ပန်း...ခေါင်​ရမ်း
( Fame & Beauty are very much like Hibiscus Flower )

သူ့အမည်​ ​ခေါင်​ရမ်းတဲ့
ခေါ်စမ်းပ တို့တ​တွေ
ဝေစီတဲ့ပန်း။

ဘယ်​သို့ပင်​ ဘယ်​ပုံအယူစွဲ
သူ့ညှာဆိုင်​ သူ့ခိုင်​မှာလ
သူမနိုင်​ ငါမဆင့်​​အောင်
ဝင့်​ပုံကဆန်း။
ရွှေပန်းချီmdy

ခေါင်​ရမ်း ဒိုင်​ယာရီ
😎Hibizcus (ခေါင်​ရမ်းပန်း) အ​ကြောင်း
- တကယ်​​တော့ ​ခေါင်​ရမ်းဟာ ကမ္ဘာ့နိုင်​ငံအများစုက တန်​ဖိုးထားတဲ့ပန်းပါ....
ဟာဝိုင်​အီရဲ့ နိုင်​ငံ​တော်​ပန်း ( State Flower ​)...
ဟေတီနိုင်​ငံရဲ့ ​တော်​၀င်​ပန်း ( Royal Flower )
ပန်းရောင်ခေါင်ရမ်းပန်းက Malaysiaနိုင်ငံရဲ့အမျိုးသားပန်း
 ရုက္ခ​ဗေဒပညာရှင်​​တွေက ( complete flower ) ပြီးပြည့်စုံ​တဲ့ ပန်းတစ်​ပွင့်​လို့ သတ်​မှတ်​ထားကြပြီး
ဂရိစကားလုံးဖြစ်​တဲ့ ( Delecate beauty ) နူးညံ့တဲ့ အလှတရားလို့ ဆိုပါတယ်​...
 ( Very Feminine Flower ) အလွန်​မိန်းမဆန်​တဲ့ ပန်းလို့လည်း သတ်​မှတ်​ကြပါသတဲ့....
- မြောက်​အ​မေရိကနိုင်​ငံ​တွေမှာ​တော့ ( Perfect wife ) ပြီးပြည့်​စုံ​သောဇနီးလို့ဆိုပြီး
တရုတ်​နိုင်​ငံမှာဆိုရင်​ ( Beauty of fame ​) ကျော်​ကြားမှုရဲ့ အလှတရား ယူဆကြတယ်​...

- တခြားကမ္ဘာ့နိုင်​ငံ​တွေမှာ ​ယေဘုယျတင်​စားကြတာက မိန်းမငယ်​တစ်​​ယောက်​ကဲ့သို့ အလွန်​သိမ်​​မွေ့လှပလွန်​/သောပန်းလို့ တန်​ဖိုးထားသတ်​မှတ်​ကြပါတယ်​....

- အဖြူဆိုရင်​ သန့်​ရှင်းလှပမှု/မိန်း​မဆန်​မှု/
- အ၀ါက ​ပျော်​ရွှင်​မှု/ ​တောက်​ပမှု/ကံ​ကောင်းမှု...
- ပန်း​ရောင်​က ရင်းနှီးမှု...
- ခရမ်း​ရောင်​က အသိဉာဏ်​ကြွယ်​၀မှု
 အနီ​ရောင်​က​တော့ နာမည်​အကြီးဆုံးလူကြိုက်​အများဆုံးအ​ရောင်​ဖြစ်​ပါတယ်​......အချစ်​နဲ့တပ်​မက်​မှုကို ရည်​ညွှန်းလို့ပါတဲ့...
- သူတို့ဆီမှာ ချစ်​ခွင့်​ပန်​ရင်​ ​ခေါင်​ရမ်းအနီနဲ့ ချစ်​ခွင့်​ပန်​ကြပါသတဲ့ ....
မြန်​မာမှာဆိုရင်​​တော့ အသုဘပန်းလာ​ပေးတယ်​ဆိုပီး စိတ်ဆိုးတာကြုံ​ရနိုင်​ပါတယ်​ ... 😂😂😂
- အဲ့လို ​ခေါင်​ရမ်းကို ကမ္ဘာ့နိုင်​ငံအများစုမှာအဓိပ္ပါယ်​ အမျိုးမျိုးဖွင့်​ဆိုကြတင်​စားကြ တန်ဖိုးထားကြပါလျက် မြန်​မာပြည်​မှ အသုဘပန်းဖြစ်​ရရှာပါ​တော့တယ်​...း
ကိုယ့်​အယူဆနဲ့ ကိုယ်​​ပေါ့​လေ​နော်
- ​ခေါင်​ရမ်းက အလွန်​လှ​ပေမဲ့ သက်​တမ်းတိုလွန်းတာ​ကြောင်​ ( Fame & Beauty are very much like Hibiscus Flower ) ဆိုပြီး ငယ်​ရွယ်​မှုရယ်​ ၊ ​ကျော်​ကြားမှုရယ်​ ၊ လှပမှုရယ်​ဟာ ​ခေါင်​ရမ်းလိုဘဲ တဲ့​လေ .....
- ဒါ့အပြင်​ ​ရှေးဘုရင်​များလက်​ထက်​က ​သေဒဏ်​​ပေးခံရတဲ့ ရာဇ၀တ်​သား​တွေဟာ လွတ်​ငြိမ်းချမ်းသာခွင့်​အတွက်​ သာသနာပိုင်​ဆရာ​တော်​ ၊ ဘုရင်​နှင့်​ မိဘုရားတစ်​ဦးဥိးံထံ အသနားခံခွင့်​ရှိကြတယ်​ ... ​သေဒဏ်​ကင်းလွတ်​သူကို သာသနာပိုင်​ဆရာ​တော်​က ​ခေါင်​ရမ်းပန်း . ဘုရင်​က သဇင်​ပန်း . မိဖုရားက နှင်းပန်း စွန့်​ကြဲရင်​ ​သေဒဏ်​ကကင်းလွတ်​ပါတယ်​ .....
မူရင်းမျှ​ဝေသူ..ကိုထွန်း​မောင်​​မောင်
ရဲ့စာ​လေးထဲမှ ​ကောက်​နှုတ်​မျှေ

အချစ်​​ဟောင်းအတွက်

စ​နေ​နေ့အတွက်​ လက်​​ဆောင်​ပါ😁😁
ပျော်​ရွှငိကြည်​နူးနိုင်​ဖို့...😁😁

အချစ်​​ဟောင်းအတွက်​ ​တေးတပုဒ်

အချစ်​​ဟောင်း​ရေ....
အကယ်​၍သာ
မင်းရဲ့​​အလို​လောဘ​တွေ မရှိခဲ့ဘူးဆိုရင်
ကြည်​လင်​​နေတဲ့ ​ကောင်းကင်​နဲ့ တိမ်​ကင်းစင်​​နေတဲ့ ပင်​လယ်​အလှကို ညတညမှာမင်း​တွေ့နိုင်​မှာပါ....♥♥

အချစ်​ဟောင်း​ရေ...
အကယ်​၍သာ မင်းမှာ သံစဉ်​ဆိုငြီးစရာ ဂစ်​တာတလက်​နဲ့ စာအုပ်​တစ်​အုပ်​သာ ရှိ​နေခဲ့မယ်​ဆိုရင်​ဘယ်​​နေရာဘယ်​အချိန်​ဖြစ်​ဖြစ်​ အထီးကျန်​ဖြစ်​နေမှာ မဟုတ်​ပါဘူး..♥♥

တကယ်​​တော့...
နှလုံးသားမှာ ဘာဆန္ဒမှမရှိတဲ့အခါ
စိတ်​မညစ်​​စေတတ်​တဲ့ နှလုံးသား တစ်​ခုမင်းလက်​ထဲကို​ရောက်​လာမှာပါ...♥♥

ဒါ​ပေမယ့်​....
အချစ်​မှာ အချစ်​​ဟောင်းဆို​ပေမယ့်
အသစ်​ကို​တော့မ​ပြောင်းနိုင်​​သေးသ၍...
အလွမ်းရဲ့ရသအသစ်​​တွေ တစ်​​နေ့တမျိုး
ပန်းလိုပျိုးရင်း...​ပျော်​​စေချင်​တာ..
ကျမဆန္ဒတစ်​ခုပါ...​မောင်​♥♥

ရွှေပန်းချီ
m

ချစ်​အာရုံ



#ချစ်​အာရုံ

မေတ္တာ​တော်​ ​ထောင်​အစုရယ်​နဲ့
(ချစ်​မိသူ)ရဲ့ အာရုံ။

ယုယကာ ရွှင်​ကြည်​ကြည်​နှင့်
အားမာန်​​တော်​ လက်​ရုံးကိုဖြင့်
အုံးစက်​ဖို့ ကြုံ။

မပြုံးတုံ့ ပြုံးတုံ့ရယ်​နှင့်
ဆုံးမဆုံ့ ​တွေး၍မကုန်
သည်​ပုံဖြင့်​ ရွှင်​လန်း။

အို..သည်​စခန်း
သည်​လမ်း​ထွေ​ထွေမှာဖြင့်
ချစ်​သူ​ဆွေ ​နဖူးစာမဖက်​ရင်​​တော့
ပုလဲစက်​ယို မျက်​ရည်​စီးမယ်​ပ
သည်းဆိုင်​က ကျွမ်း။

ရွှေပန်းချီmdy

မိုး​တွေ ရွာ​နေတယ်​ ​မောင်



#မိုး​တွေရွာ​နေတယ်​...​မောင်

ယုံ​ပေးလိုက်​ချင်​ပါရဲ့...
မျောလွင့်​လာခဲ့စမ်းပါ
အ​ရောင်​မဲ့ စိုထိုင်းမှုနဲ့ စိတ်​ကူးတချို့​ပေါ့​လေ...

မစဲသာ မဖွဲသာ ရွာ​နေတဲ့​နှောင်းမိုးနဲ့အတူ
ရင်​ဘတ်​ထဲက ခုန်​ထွက်
သိပ်​သည်းခြင်းများပါတဲ့ အလွမ်းရဲ့ထွက်​​ပေါက်​ပဲဖြစ်​လိမ့်​မယ်​...

စွဲလမ်းစွာ မက်​ခဲ့တဲ့အိမ်​မက်​​တွေသာ
ဘဝမှာ​သေချာခဲ့ရင်
မ​ရေရာတာ​တွေပစ်​လို့
မူးမူး​မေ့​မေ့ တမ်းတလိုက်​ပါ့မယ်​.....

တကယ်​​တော့....
တဒင်္ဂအချစ်​နဲ့ အဟာရမဖြစ်​ချင်​ခဲ့တဲ့
နှလုံးသားတခုက ​ဝေဒနာ​တွေနဲ့ မျက်​နှာသစ်
တိမ်​ဖြစ်​သွားတဲ့အချစ်​က
 မိုးအစစ်ေ​တာင်​ ရွာ​နေ​လေရဲ့...​မောင်​။
ရွှေပန်းချီmdy

လက်​ဆိပ်​ထိုးရင်​..ညှိးမှာစိုး



#လက်​ဆိပ်​ထိုးရင်​...ညှိးမှာစိုး

ဝင့်​​ဟေသီ စီရရီ နဲ့
ချီဟန်​သီ မှိတမှီ မို့
'ထူးတင့်​ဆန်း'​သော​ပန်းလေးကြောင့်​.....

လက်​လှမ်းကာ
အသာချူ​တော့
ခိုင်​သင်းကြူ 'အလှပျိုးချိန်​' မို့
မောင်​ချိုးလျှင်
မယ်​မညီ​သေးပ
သည်​ရာသီ ပျို့​မောင်​ ​'စောင့်​ပါလို့'
နှုတ်​​ရေးရယ်​ချီပြနိ​တော့.....

တစ်​​မေခင်​ ​ရွှေစင်​အိရယ်
လက်​ဆိပ်​​တော်​ ဟိုလူသူ​ကြောင့်
မနမ်းခင်​ နွမ်းရင်​ ခက်​ပါ့မယ်
ကျွန့်​စိတ်​မှာ ဗျာပါဆင်​ပါဘိတဲ့
ညွှန်းချက်​ရယ်​သုံး။ ။

ရွှေပန်းချီmdy

သခင်​နှင့်​သာ....



#သခင်​နှင့်​သာ..ကြင်​သင့်​ရာ

ရွှေရည်​ရွှန်းရွှန်း
ရှား​ရောင်​သွန်း၍
ထက်​နန်းမြင့်​ဘုံ
အံ့ဘုန်းထုံသည်
ဖုံဖုံလဲလဲ ထူးတင့်​မြဲ...

တံထျာညင်းညင်း
ညုသံနှင်း၍
သီချင်း​တေးဖွဲ့
အေး​အေးတွဲ့သည်
နွဲ့နွဲ့ချွဲချွဲ ​စောင်းသံစွဲ...

ဂုဏ်​​တော်​ဝင်းဝင်း
စေတီရင်း၌
ညွှတ်​တွားဖူး​မျှော်
ဆုထူး​ဖော်​သည်
တူ​ပျော်​​ရွှေလက်​ ဆက်​​စေ​သော်​...ရှင့်​။

ရွှေပန်းချီ
(mdy )