Wednesday, January 17, 2018

ပန်းမွန့်​မာလာ


#ပန်းမွန့်​မာလာ..

ခင်​၍မဟူ.....
ဤဇဗ္ဗူဝယ်​ တရား​ရေစင်​ အစဉ်​သိ​ပေမယ့်
လောကကို ခင်​တွယ်​မိသူဖြင့်
အသိဥာဏ်​ကူ အတူပွားပါလို့
ဝတ်​တွား ဆုတင်
ယဉ်​ပါ​ပေ့ နွယ်​​လေး....

ထင်​၍မယူ...
ကျော့​ကျော့ငယ်​ သ​ရေကြွားပါဘိ
ချမ်း​မြေ့သူ ​ငွေလမင်းရယ်​က
သဲ့သဲ့ရယ်​ သံသာကျူးတဲ့အခါ
အိပ်​စက်​ရာ ညကမ္ဘာထိ၊လာညှိ၍ ခုံမင်​မင်
ဘဝင်​တွင်​ စိတ်​​ပြေး။

ယှဉ်​၍မိသူ...
ခင်​ပျိုနွယ်​ ဆံစထက်​က လျှပ်​လျှပ်​ကယ်
ဖြူဖြူဝင်းပါတဲ့
ငွေနှင်းရည်​ စံပယ်​အုရယ်​က
နုနုနယ်​ ပါးအိုက​လေးနဲ့
လှ​သွေးကို ယှဉ်​ကာလုပြန်​​တော့
ကညာဂုဏ်​ ကြည်​ကြည်​ဝင်းလို့ရယ်
နွဲ့ချင်​ရဲ့​လေး။

((​မေတ္တာညွန့်​ညွန့်​၊ဖြိုးဖြိုးကွန့်​သည်
ပန်းမွန့်​မာလာ သို့နှယ်​တကား။
.....ဆရာကြီး မင်းသုဝဏ်​၏ ပွင့်​​တော့ပွင့်​ပြီ...ကဗျာထဲမှ #ပန်းမွန့်​မာလာ စကားလုံး​လေးအား နှစ်​သက်​မိပါသဖြင့်​ ကဗျာ​ခေါင်းစဉ်​အဖြစ်​ ယူသုံးမိပါသည်​။)
ရွှေပန်းချီ(mdy)




လေး ​မောင့်​...ပုလဲ


#​လေး​မောင့်​...ပုလဲ

ဆံရစ်​ဝိုင်း​လေး အလှခင်​​သွေးရယ်
တင့်​ လှ​ပေတယ်​။

မြန်​မာဆန်​မယ်​ ၊ မူဟန်​ငယ်​​သွေး။

ကမ္ဘာ့ ဝင့်​ထယ်​လို့
ငွေပုလဲသွယ်​၊ ​ရွှေရုပ်​ဆင်းရယ်
ခင်းသာတယ်​​လေး။

ရွှေပန်းချီ(mdy)


ငြိမ်​သက်​မှုဧရိယာ


#ငြိမ်​သက်​မှု ဧရိယာ

ဒိုင်​ယာရီ ဆိုတာသာမရှိခဲ့ရင်
အတိတ်​ကဆိုတာ ပြဇတ်​တပုဒ်​ကြည့်​ခဲ့ရသလို မျက်​စိမှိတ်​လို့ ငြင်းချင်​တယ်

ဘဝတခုရဲ့​လောကဓံကြား ဒုက္ခရထားကို တက်​မိချင်​လဲတက်​မိမယ်
ရသတခါးကိုလဲဖွင့်​ချင်​ဖွင့်​မိမယ်
သေချာတာက​တော့ မုသားမပါတဲ့မာယာကို ​ရေလိုသုံး
အ​မှောင်​ဖုံးလို့ အရှက်​​ဖြေခဲ့တယ်​....

ဒါ​ပေမယ့်​...ချစ်​သူရယ်
စေတနာကို အချိန်​အခါမဲ့မိုးအဖြစ်​ နင်​ယူဆလို့မဖြစ်​ရင်​ အက်​စစ်​ပါလဲ ကြည်​ဖြူနိုင်​မှာပါပဲ​လေ...

အင်း​ပေါ့​လေ...
ဥ​ပေက္ခာရဲ့အ​ဖော်​ပြုမှု​တွေနဲ့ နင်​ရှိ​နေသ၍
ငါ့ရဲ့ပစ္စပ္ပန်​က​တော့ ​ရေငုံနှုတ်​ပိတ်​ရင်း
ကျန်​ရစ်​တဲ့ အတိတ်​က သစ္စာအိမ်​​လေးထဲမှာ
မေတ္တာမီးအိမ်​​လေး ငြိမ်​သက်​စွာရှိ​နေ​လေရဲ့...ချစ်​သူ​ရေ။

မိုးကျွံ့သည့်​​ဆောင်း


#မှုန်​ဝတ်​ရည်​..နှင်းရည်​ဆမ်းငယ်​နှင့်
.......မိုးကျွ့ံသည့်​​ဆောင်း....


ဆောင်းစဲဂိမာန်​ ၊ ရာသီပြန်​​သော်
မြူထန်​မ​ဝေ့ ၊ သက်​လျှင်​​ကြွေ့သို့
မို့​စွေ့ရီ​ရော်​ ၊ မင်းလွင်​​ဆော်​လည်း
ရွှေရည်​မြဆင်​၊ နန်းထက်​တင်​က
မကွက်​​မေတ္တာ၊ ကြည်​သာနှလုံး
မဆုံးသံသာ ၊ ချစ်​မိုးရွာသည်
ရာသီသစ်​ဆီ မညည်းဝံ့ပြီ။

ဖြေခက်​​စေရာ ၊ သခင့်​မှာသို့
လွမ်းရာရွှင်​ဖွယ်​၊ ​ကြောင်းနှစ်​သွယ်​ကို
အဘယ်​ကိုပန်​ ၊ ဘယ်​ကိုချန်​၍
ပန်​သင့်​လိမ့်​မည်​၊ ကြံဆစည်​လည်း
ဝေ့လည်​လွင့်​လူး၊ မယ့်​စိတ်​ကူးသည်
အဘယ်​ရှိအံ့ ​လေလိမ့်​မည်​။

ချိန်​ခါရတု၊ မိုးဥနှင်း​ဖောက်
သွန်း​ဝေ့မှိုင်းရီ၊ ​လေရူးချီ​သော်
ဆောင်​ယူစိမ့်​ချမ်း၊ ရင်​ပူလျှမ်းမို့
သုံးလူဘလျှင်​၊ ဒုက္ခာအ​ပေါင်း
ငြိမ်း​စေ​ကြောင်းကို၊ ညွှတ်​​ပြောင်းဝပ်​တွား
ပန်​​လျှောက်​ကြားသည်
ဘယာ​ဘေး​တွေ ​ဝေးမည့်​ဆီ ။

ရွှေပန်းချီ(mdy)




အ​မေ​နေ့ ကဗျာ


#ခွင့်​ပြုပါ...အ​မေ
တစ်​ဘဝထက်​ သံသရာဆက်​ဆက်
အားကိုးလွမ်းမက်
အ​မေ့လက်​ကို ဆွဲခွင့်​ပြုပါ......

#ခွင့်​ပြုပါ.....အ​မေ
ပင်​လယ်​​လေးစင်း ရေဝဋ္ဌာရင်းရှိ
များပြားထက်​​နွေး အ​မေ့နို့ချို​မွှေးကို
သောက်​သုံးခွင့်​ပြုပါ.........

#ခွင့်​ပြုပါ....အ​မေ
ကောင်းကင်​ထက်​လင်း ​ငွေလမင်းထက်
ပိုပြည့်​ဝါဝါ ​မေ့မျက်​နှာကို
အမြဲလွမ်းဆွတ်​ ဦးလည်​ညွှတ်​ဖို့
ကြင်​နာအပြုံးနဲ့ ခွင့်​ပြုပါ.....အ​မေ

#ခွင့်​လွှတ်​ပါ...
အ​မေ့​မေတ္တာ မြင်းမိုရ်​ပါဟု
အခါအခါတု၍ စာ​ပေသ​င်္ကေတ
ညွှန်းဆိုပြလည်း အနှိုင်းမဲ့စွာ
ညီကာမမှီ ​ရွှေ့ဖွဲ့သီထား
ဤကဗျာအား
ချစ်​​သော​မေ​မေ ....
နားလည်​ခွင့်​လွှတ်​​ပေးပါ...ရှင်​။

ရွှေပန်းချီ(mdy)


ပန်းယဉ်​မယ်​​လေး


#ပန်းယဉ်​မယ်​​လေး

ပန်းစုံကို ​ထွေ​ထွေကုံးလို့
မှုန်း​လေ​ပေါ့ ပျိုကညာ
လှရက်​​လေရှာ။

ဆံ​ကေသာ ၊ဆင်​ရာမှာ ထူး။

ကိုယ်​အဆင်း အသွင်​ပြင်​က
မယ်​ယဉ်​ငယ်​ ဟန်​တနှုံးကွယ်
ထုံး​နှောင်​ဖွဲ့ မှုး။

ရွှေပန်းချီ(mdy)

ကျမ..ပြုံးတတ်​ပါတယ်​..​မောင်


 ကျမ..ပြုံးတတ်​ပါတယ်​ ​မောင်

ထာဝရလက်​တွဲမယ်​လို့ ရည်​စူးပြီး ချစ်​ဖူးတဲ့ ကျမကို အပြစ်​ထူး​တွေပြပြီး
ချန်​ထားရစ်​​တော့ ကာရံမဲ့သွားခဲ့ကဗျာတပုဒ်​လို အရသာချိုဆိုတာ ​ဝေးသွားခဲ့ရတယ်​​....

မျိုသိပ်​ခြင်းဆိုတဲ့ ​ဝေါဟာရတစ်​ခု​အောက်​မှာ
အလွမ်း​က နှင်း​တွေလိုဖွေး​ဖွေးလှုပ်​​ပေမယ့်
ဖြစ်​ချင်​တာထက်​ ဖြစ်​သင့်​တာဦးစား​ပေးရင်း နှုတ်​ခမ်းပါးက ဓားသွား​အောက်​ ကျမ ဒူး​ထောက်​ထားခဲ့ရပါတယ်​....

နှလုံးသားက ရိုးစင်းစွာ ပွင့်​ခဲ့တဲ့ ပန်းဖြူဖြူ​လေးနဲ့ ချစ်​မိသူထံ ဦးညွှတ်​ကြည်​နူးမိခိုက်
ဟိုး...တိမ်​တိုက်​​တွေ​နောက်​က ​က​ဝေလမင်းမာယာအလင်း​တွေနဲ့ဖမ်းစား...
ကျမအချစ်​​တွေလား...နာဖျား ခဲ့ရတာ​ပေါ့.......

အခု​တော့လည်း.....
အတ္တ​တွေ စီးချင်းထိုးပွဲမှာ အနိုင်​အရှုံးအတွက်​ အသင့်​ပြင်​ထား
အဆိပ်​မိသွားတဲ့သား​ကောင်​လို
သောကခါးခါး​တွေကိုသိမ်း
မျက်​လုံးစိမ်းစိမ်းကိုတတ်
ခတ်​မျက်​မျက်​က​လေးတော့
ကျမပြုံးပြတတ်​​နေပီ ....​......မောင်​။

ရွှေပန်းချီ (mdy)
311220171205



အပျိုကြီး..​မွေး​နေ့




ရွှေပန်းချီအတွက်​ ​မွေး​နေ့လက်​​ဆောင်​..

အ​မျှော်​စိုက်​ မမည်​တယ်
တော်​မထိုက်​လို့
သခင်​ပစ်​ပယ်​ ဒီဘဝရယ်​နဲ့
ကျန်​ရစ်​မယ်​ ​ခေါ်ခံခဲ့ရ
ကျမရဲ့ဘဝ။

တကိုယ်​ထည်း​ပေမို့
ထုကြီးထုထည်​ ​ခေါင်း​လောင်းရယ်​သို့
ဘယ်​လိုပုံ ဘယ်​​လောကဓံထုလည်း
မြည်​ဟီးပုံ အသံမကျယ်​​ပေမယ့်
နာချက်​ကို ဟန်​​ဆောင်​မှိတ်​ပါလို့
သူနည်းနှင်​နှင်​ပဲ။(ခတ်​တည်​တည်​ပဲ)။

ရွှေပန်းချီ(mdy)

မ​တောင့်​တ​သော...နှလုံးသားများ


ရွှေအ​နေနဲ့ အခုမှဒီပုံ​လေးကို​တွေ့လို့ ​ရေးဖြစ်​သွားတာပါ။ ဘုရားကြီးသွားတိုင်း  ပြတိုက်​အဆင်း ​ခေါင်း​လောင်းတိုင်​တန်းနားက အဖွား​တွေမြင်​တိုင်း ​ရေးမယ်​လို့ ရည်​ရွယ်​​ခဲ့တာ ကြာပါပီ။ ပုံကိုလဲ မရိုက်​ရက်​တာရယ်​ပိုက်​ဆံလှူရင်း စကား​ပြောမိ​တော့..သားသမီး ​ခင်​ပွန်းနဲ့​ဆွေမျိုး​​မောင်​နှမတွေအ​ပေါ်မှာအပြစ်​ရယ်​လို့ တခွန်းမှ မဆိုတတ်​ကြပဲ ကံတရားကိုသာ ပုံချတတ်​​သောအ အ​မေအရွယ်​ ၊အဖွားအရွယ်​​တွေကို
မြင်​သိရ​တော့ စိတ်​မ​ကောင်းရပါတယ်​။
ကွယ်​လွန်​ခဲ့တဲ့ ​မေ​မေကိုလဲ သတိရသလို ဇရာဆိုတဲ့​နေကွယ်​ချိန်​မှာ မသိမမြင်​နိုင်​တဲ့​လောကဓံ ကို​တွေးမြင်​ရင်​ သတိသံ​ဝေဂလဲ ရမိပါတယ်​။
ရွှေတို့​မေ​မေကို​တော့ ​ရွှေကခွန်​အားရှိသ​လောက်​ပြုစုလုပ်​​ကျွေးခဲ့ပါတယ်​။ ဤမှန်​​သောသစ္စာ​ကြောင့်​ ​ရွှေဘဝ ဇရာ ဗျာတိ မရဏအချိန်​​တွေကို ​အေးငြိမ်းစွာဖြတ်​သန်း ပါရ​စေလို ဆု​တောင်းလျက်​ပါ။
ရွှေအမျိုးတို့လဲ သက်​ရှိဘုရားဖြစ်​တဲ့မိခင်​များကို မြတ်​နိုးတန်​ဖိုးထား ချစ်​ခင်​နိုင်​ပါ​စေလို့...​နော်

#မ​တောင့်​တ​သော..​...
မေတ္တာနှလုံးသားပိုင်​ရှင်

တကယ်​​တော့..အ​မေ့က​လေးတို့ရယ်
အပြစ်​မတင်​တတ်​တဲ့ နှလုံးသား
အ​မေ့မှာ ကံတရားက မှားပြီး​တောင်​ မ​ပေးခဲ့ပါဘူး...

တကယ်​​တော့ အ​မေ့က​လေးတို့ရယ်​..
သံသရာဝဋ်​​ကြွေး ဘယ်​လိုပင်​​ပေးဆပ်​​နေရလဲ...တခါတ​လေမြင်​ကွင်​​လေး​ကြောင့်
ရေး​ရေးမျှ အပြစ်​မတင်​​ပေမယ့်
တွေး​တွေးပြီး​တော့ မျက်​ရည်​ဝဲတာ​ပေါ့ကွယ်​...

တကယ်​​တော့..အ​မေ့က​လေးတို့ရယ်
တ​နေ့သုံးခါတိုင်​..​သေမင်​နဲ့ရင်​ဆိုင်​ကြရတဲ့ ​မွေးကိုယ်​ဝန်​လွယ်​တုန်းကလဲ..
ဘယ်​အမှုရယ်​မထား ​ကြောက်​အား​တွေလုံးလုံးမရှိခဲ့​ပေမယ့်​...
အခုချိန်​ အရွယ်​ဟိုင်း..​သေမယ်​လို့ကြံတိုင်း
အ​မေ့ရင်​မှာမချိ..ဘယ်​​နေ့အထိ ဘယ်​လို​နေ ဘယ်​​နေရာ..ဘယ်​လို​သေရပါ့လို့..
အ​တွေးကပူ..အ​မေ့ရင်​မယ်​ဆူမိတယ်​​လေ..

တကယ်​​တော့...အ​မေ့က​လေးတို့ရယ်
မွေး​မေတို့​မေတ္တာလက်​ကအ​ပေးရယ်​သက်​သက်​မို့..
အဆန်​​ရေကို မ​မျှော်​လင့်​.. အကျိုးခံစားခွင့်​မယူ​ပေမယ့်​...
"လူအိုရင်​​တောင်​ ဒုတ်​​ထောက်"အကူရယူကြသလို...
ကျေးဇူးသိ လက်​က​လေးတဖက်​..မ​မျှော်​လင့်​တဝက်
မျှော်​လင့်​တဝက်​နဲ့...ကူ​လေမလား..အိမ်​မက်​လိုဝိုးတဝါးပါကွယ်​...

တကယ်​​တော့..အ​မေ့က​လေးတို့ရယ်
အ​မေတိုးတိုး ​နေ့စဉ်​ဘုရားရှစ်​ခိုးပြီးတိုင်း
မေတ္တာ​ဝေ...
အ​မေ့ဘဝ ဘယ်​လို​နေရ..​နေရပါလဲ
အ​မေ့က​လေး​တွေ ​အေးချမ်းပါ​စေ
ငြိမ်း​အေးကြပါ​စေ ... ကွယ်​။

ရွှေပန်းချီ(mdy)
မူရင်းပုံပိုင်​ရှင်​..ခွင့်​ပြုပါရှင်​။


တီတာချိုနု..လွမ်းရတုရှင်


 #တီတာချိုနု......လွမ်းရတုရှင်

မွှေးကြူပျံ့လှိုင်​၊ ကြာပန်းခိုင်​၌
လှနိုင်​ မျက်​သွယ်​၊ မိမိငယ်လည်း
ဆင်းရွယ်​မျစ်​ပျို၊ ပွင့်​စစိုလျှင်
အေးချိုရနံ့ ကမ်းဆင့်​သည်​။....

လစန္ဒိမာ၊ ကြယ်​များသခင်
ပြညိ့ဝန်းရှင်​ကား၊ အာကာထက်​မှ
ရောင်​ဝါ​ဖွေး​ဖွေး၊ နှင်း​အေး​မြကို
ယု ယ ခုံမင်​ ​ထွေး​ပွေ့သည်​။...........

ခွန်း​ချွေပါဘိ၊ ချိုသည့်​သံစဉ်
လေတင်​ရာ​နှော၊နုညှက်​​ညော​ညော
ကြားသည့်​ဘဝင်​၊ငြိမ့်​ခိုဝင်​၍
တွယ်​ငြင်​ ကြည်​စိတ်​​ပေါ်​တော့သည်​။.......

လ​ရောင်​​အေး​အေး၊ပန်း​က​လေးရွှေကြာ
တေသံသာတို့၊​မေတ္တာလှိုင်​၍
အပြိုင်​သစ္စာ၊မြဲပါ​စေ​ကြောင်း
မေ ဆု​တောင်းသည်
ထပ်​​လောင်း​အေး​စေ လျှမ်းပါ​စေ.......ရှင့်​။

ရွှေပန်းချီ(mdy)


အလွမ်း​ငွေ့​ငွေ့...​ဆောင်း


ု#အလွမ်း​ငွေ့​ငွေ့...​ဆောင်း

ပိုင်​ရှင်​မဲ့ထားခဲ့တဲ့ မိုးစက်​​တွေရဲ့
ခြေလှမ်းမပီတပီ​တွေကို ငါစု​ဆောင်းရင်းနဲ့
ဆောင်းရာသီခြုံလွှာ​အောက်​ကို ဝင်​မိခဲ့ပြီ​လေ.......

ဖြစ်​ခွင့်​ရခဲ့မယိဆိုရင်​​ပေါ့...
တ​သွေ့​သွေ့ နှင်းမှုန်​​​လေးတွေက
ငါ့ရင်​ဘတ်​ထဲက အလွမ်း​ငွေ့ငွေ့​တွေသာ ဖြစ်​ပါလိမ့်​မယ်​ကွယ်​...

မဆုံစည်းခဲ့​လေတဲ့ တို့အဖြစ်​က
စိတ်​ညစ်​စရာ​တွေ များ​ပေမယ့်​....
ပုန်းကွယ်​နေတဲ့ ပန်းတိုင်​​တွေကို
အိမ်​မက်​ပိုင်​ခွင့်​ ရှိ​နေ​သေးသမျှ​တော့..
မျက်​ရည်​​သော့​သော့​လေး ကျရင်​လဲ ​ကျေနပ်​ပါတယ်​​လေ...

ဒီလိုနဲ့...​နေခြည်​ဖြာ ​မနက်​ခင်းမှာ
တမ်းတခြင်းရနံ့နဲ့အတူ ​မျှော်​လင့်​ခြင်း
အချိန်​​တွေ ​နှောင်းရင်း
အင်းးး....တ​ဆောင်းကသစ်​ပြန်​ပီ...ချစ်​သူ​ရေ။

ရွှေပန်းချီ(mdy)



ဘဝသခင်​ မင်းဆဒ္ဒန်​အရှင်


#သက်​ရင့်​​ကြွေထိ...​နေမချိချင်​ငဲ့

ဘဝသခင်​ မင်းဆဒ္ဒန်​အရှင်​ရယ်​.............

စိမ်းစိုသာ​မော၊ အင်​ကြင်း​တော၊
ကြာမျိုးငါးမြိုင်​ ၊ဆဒ္ဒန်​အိုင်​သာ
ကန်​သာယာနဲ့ ​တောမျိုးငါး​ထောင်​ 
တောင်​မျိုးငါးလီ အုပ်​စိုးပိုင်​သည့်
မဟာသုဘဒ္ဒါရဲ့ ဘဝသခင်​ မင်းဆဒ္ဒန်​အရှင်​ရယ်​.....

 ဘ​ဝေဘဝါကစ ပြုဘူးတဲ့​ရေစက်​၊ ထားဘူးတဲ့သစ္စာ ၊ကြင်​ဘူးတဲ့​မေတ္တာ​ကြောင့်​ တွယ်​တာရစ်​​နှောင်​၊ သား​မောင်​တမျိုး ၊အားကိုးချစ်​လင်​ ရင်​တွင်​စွဲကပ်​၊
အသက်​ထပ်​လို့ မြတ်​နိုးချစ်​ခင်​ရပါတယ်​ အ​မောင်​....

အားခွန်​ဗလပြည့်​စုံလှနှင့်​ ၊အဆင်းသဏ္ဍာန်​ကြီးမား၊ ဘုန်းကံများနှင့်​၊ ​ငွေသား​ဘော်​ခက်​၊ ဖြိုးဖြိုး ထွက်​သည့်​ စပယ်​ဖူးငုံ၊ စွယ်​​တော်​အစုံ​ကြောင့်​ လွန်​စွာတင့်​တယ်
စုံမက်​ဖွယ်​မို့၊မဟာသုဘဒ္ဒါ ရို​သေချစ်​ရပါ​သော ဆဒ္ဒန်​သခင်​ရယ်​...
ရံ​ရွေအ​ပေါင်းနဲ့၊ က​တော်​မယားနှစ်​ပါးအလယ်​အ​ပေါ်၊ မ​တော်​မတရား ၊ဘယ်​အခါမှ အလိုမထားခဲ့၊ ရှာဘူး..
အစားဦး ပန်း​ချွေ၊ မျှတစွာလည်း​ဝေပါရဲ့
ချစ်​တတ်​ခဲ့​သော ​မောင်​​မောင်​ရယ်​...

တစ်​ခု​သော ပြဿဒါးရက်​က၊ မငဲ့ကွက်​စွာ ရက်​စက်​မှုအဖြာဖြာကို၊သယ်​လာခဲ့​လေပီ​ကော​လေ...

ရေကန်​အိုင်​သာ၊ ကန်​သာယာသို့်​၊ဆင်​အ​ပေါင်းရံလျက်​၊ ​ရေသုံးသဘင်​ဆင်​ယင်​အလာ၊ လမ်းတခွာ​ရောက်​ ၊ဆူးကနဲ ​အော်​သံ ​၊မောင်​​တော်​ဟန်​​ကြောင့်​ ၊အသဲဆတ်​ကနဲတုန်​၊ အကျွန့်​ရင်​​တွေခုန်​လှချည်​ရဲ့.....

"အလိုဘုရား..ဘုရား"
သခင်​ဝမ်း​တော်​မှာ၊ မြှားတစ်​​ဖေါ်က၊ ထုတ်​ချင်း​ဖောက်​လို့ စူးကာဝင်​၊ မင်းဆဒ္ဒန်​အရှင်​ရယ်​က ​နေရာမှာဒူး​ထောက်​၊ ​ဝေဒနာကိုမ​ကြောက်​တဲ့မြင်​ကွင်း ၊အကျွန့်​အသက်​တွင်း​တောင်​ ကုန်​ချင်​ပါရဲ့......

ဖေးမကာ ​ဘေးကူဖို့ပြင်​၊ ​မောင်​သခင်​မိန့့်​စကား၊ မယ်​ဘဒ္ဒါနား ခါးလိုက်​ပါဘိ..
"မယ်​မင်း..ဘယ်​ဇာအ​ရေး ၊ရန်​သူကို ထွက်​မ​ပြေး​အောင်​၊ တစ်​ယူဇနာကွာ​ဝေးထိ လိုက်​လံမဖမ်း ​၊နေနိုင်​စွမ်းလှတယ်​..မိမိရယ်​" တဲ့...
 အဟိတ်​တိရိစ္ဆာန်​ဆို​စော်​ငြား ၊ပါရမီတပါး​ကြောင့်​ ၊ဥာဏ်​အမြင်​စူး ''ဘယ်​သင်းမြှားကမှ အ​ဝေးမလာဘူး..သ​ဘောက်​သားမြှား​စေသူ အနီးအပါး​အောက်​တဘူသာရှိမယ်​..ဟဲ့''လို့ ကြုံးဝါးစဉ်​...
 ဘဝသခင်​ ထပ်​ကာမိန့်​ "မဟာသုဘဒ္ဒါအလှ
ချစ်​နှမရယ်​ ၊ချဘူးတဲ့​ရေစက်​​ကြောင့်​၊ ​ပေါင်းဆုံခဲ့တဲ့ ဘဝတိုင်း ၊မယ်​မင်း​မေတ္တာအတိုင်းအဆမရှိခဲ့ပါဘူး..အခုများ​တော့ ချစ်​ထာပြယ်​ ၊ရန်​သူနယ်​ကို သွားရမှာ​ကြောက်​​နေသလား"...တဲ့
အသဲသူမှာ ကမ္ဘာမီးမြှိုက်​သလိုခံစား ၊​မောင်​တပါးစကားကပို၊ သခင့်​အလို​တော်​ပါလို့ ဦးတင်​ရင်း ဝတ်​ချ၊စိတ်​က​တော့မ​ဖြောင်​စွာ ၊​နောက်​လှည့်​အခါအခါနဲ့၊ မျက်​ရည်​မိုး ချိုးရင်းသာ အသာထွက်​လှမ်း၊ ရန်​သူ​တော်​ဖမ်းခဲ့ရပါ​ပေါ့..မင်းဆဒ္ဒန်​ရယ်​...

သခင်​​စေရာ၊ တစ်​ယူဇနာက လှည့်​အပြန်​မှာ​တော့....
"အို....အလို​လေး..."
မြင်​ရတဲ့မြင်​ကွင်း ၊ရင်​တလင်းကို မုန်​တိုင်​​မွှေ ၊မခိုင်​သည်း​ခြေ ပြတ်​ရချည်​ရဲ့...
သွေးအိုင်​အတွင်းဝယ်​၊ လဲကာခင်း၊ အစွယ်​တစင်း အရင်းကပြတ်​ပုံ..ဘယ်​အခင်းကို မသိနိုင်​၊ အကျွန့်​ရင်​တွင်းသာ၊ မြှားအစင်းစင်းခပါ​ပေါ့..​သောကမီး​တောက်​​လောင်
အ​မောင်​...အ​မောင်​ရှင်​ရယ်​...
အချစ်​ကြီးလှတဲ့ မယ်​သုဘဒ္ဒါ
ဘယ်​ဇာမျိုးနဲ့​ဖြေ၊ ချစ်​ဝဋ်​​ကြွေး​တွေ​ချေခဲ့​လေသလား..
ဖူးစုံလက်​တင်​သား၊ ဖဝါး​​တော်​ခြေရာထပ်​ အနား​သော်​မှ၊ တစိတ်​မကွာ အရိပ်​ပမာ​နေခဲ့သူအား ၊ ဘယ်​အရားများနဲ့၊စိတ်​​တော်​​ဖြေ၊ အသက်​ရင့်​သက်​​ကြွေ​အောင်​ ​နေရပါ့မလဲ...
သခင်​​ဖြေလှဲ့..​ဖြေလှဲ့ပါဦး
ဘဝသခင်​..မင်းဆဒ္ဒန်​အရှင်​ရယ်​.....
ရွှေပန်းချီ(mdy)
မြတ်​ဗုဒ္ဓဝင်​၏ မင်းဆဒ္ဒန်​ဇတ်​​တော်​မှမဟာသုဘဒ္ဒါဖက်​မှ ​ရေးဖွဲ့ခံစားထာပါသဖြင့်​ အမှားအယွင်းရှိပါက ​ရွှေ​လေ့လာမှုအားနည်းချက်​ပဲဖစ်​ပါတယ်​​နော်​။


ဘူတာရုံအမှတ်​ ၁၅၀၀


နောက်​ဆုံးထွက်​ခွာသွားတဲ့
ရထား​လေးကို အပြစ်​တင်​ဖို့ မရှိတဲ့ ဘူတာတစ်​ခုပါကွယ်​...
ခါးသက်​​နေတဲ့ ရင်​ဝှက်​ပန်း​တွေစုစည်း
ပန်းစည်းလက်​​ဆောင်​​တောင်​ မ​ပေးလိုက်​ရဘူး​နော်​...
မက်​​နေအုန်းမယ့်​ အိမ်​မက်​များစွာထဲမှာ
ကြယ်​​ကြွေတာမြင်​တိုင်း ငါဆု​တောင်း​နေမိအုန်းမှာပါပဲ....
ရက်​စက်​တဲ့စကားလှိုင်း​ကြောင့်​ ဖြတ်​ကနဲပြိုကျသွားတဲ့ ရင်​ခွင်​နန်း​တော်​အတွက်
တခမ်းတနား အသဲကွဲပြခွင့်​လည်း မရခဲ့ပါဘူး...
ရိုးသားတဲ့ ငါ့သိက္ခာတရားကိုမှ ​ငွေပုံသွန်း ​ရွှေယွန်းကလဒ်​မှာ ချိတ်​ထားတဲ့
ပန်းချီကားတချပ်​လို ယမကာတခွက်​နဲ့ကို အရသာခံကြည့်​မတဲ့လား
ထားလိုက်​ပါ​တော့​လေ....
ငါ့ရင်​ဘတ်​ထဲမှာ အခုထက်​ထိလည်း မယူဘဲရခဲ့တဲ့ ဒဏ်​ရာ​တွေက...
လှလှပပ ရှင်​သန်​ဆဲ...
လှလှပပ အဆိပ်​သင့်​ဆဲပါ.....​မောင်​။

မင်္ဂလာမနက်​ခင်း


#မင်္ဂလာရှိ​သော..မနက်​ခင်း

နေမင်းရယ် ​ထွက်​ချိန်​ခါ
လောကသာယာ။
တိမ်​အလွှာ ​ရောင်​ခြည်​ဖြန့်
ရှေ့ခွင်​ အနှံ့။ ။

လိပ်​ပြာက​လေး​တွေ အစီရီ
ပျံဝဲ ဟန်​ချီ။
ဟိုသည်​ဆီမှ ကူးလို့ပဲ
ပန်း​လေးရှက်​ဆဲ။ ။

ခေါင်းငြိမ့်​တတ်​တဲ့ ကိုအဝှါ
သစ်​ပင်​ထက်​မှာ။
ရှဉ့်​ညိုပြာ..အတူစုံတွဲ
ပြေး​ဆော့​နေမြဲ။ ။

ဆွမ်းတန်းထိတ်​က ဖိုးသူ​တော်
ကြေးစည်​ ထု​ကာအော်​။
ဒူ​ဝေ ဒူ​ဝေ အသံများ
သောင်းထိုက်​ကကြား။ ။

မယ်​​လေးချက်​တဲ့ ဆွမ်းဖြူဖြူ
သဒ္ဒါစိတ်​​လေးတူ။
သာသနာဝင်​ အနွယ်​များ
ဝမ်းငြိမ်း​စေသား။ ။

အေးချမ်းသာယာ သည်​မနက်​မှာ
ခွန်းဆင့်​သံသာ..သာ
မင်္ဂလာပါ..
ဆိုသည့်​စကား
နှလုံးသားမှာထား။ ။