Wednesday, January 17, 2018
ငြိမ်သက်မှုဧရိယာ
#ငြိမ်သက်မှု ဧရိယာ
ဒိုင်ယာရီ ဆိုတာသာမရှိခဲ့ရင်
အတိတ်ကဆိုတာ ပြဇတ်တပုဒ်ကြည့်ခဲ့ရသလို မျက်စိမှိတ်လို့ ငြင်းချင်တယ်
ဘဝတခုရဲ့လောကဓံကြား ဒုက္ခရထားကို တက်မိချင်လဲတက်မိမယ်
ရသတခါးကိုလဲဖွင့်ချင်ဖွင့်မိမယ်
သေချာတာကတော့ မုသားမပါတဲ့မာယာကို ရေလိုသုံး
အမှောင်ဖုံးလို့ အရှက်ဖြေခဲ့တယ်....
ဒါပေမယ့်...ချစ်သူရယ်
စေတနာကို အချိန်အခါမဲ့မိုးအဖြစ် နင်ယူဆလို့မဖြစ်ရင် အက်စစ်ပါလဲ ကြည်ဖြူနိုင်မှာပါပဲလေ...
အင်းပေါ့လေ...
ဥပေက္ခာရဲ့အဖော်ပြုမှုတွေနဲ့ နင်ရှိနေသ၍
ငါ့ရဲ့ပစ္စပ္ပန်ကတော့ ရေငုံနှုတ်ပိတ်ရင်း
ကျန်ရစ်တဲ့ အတိတ်က သစ္စာအိမ်လေးထဲမှာ
မေတ္တာမီးအိမ်လေး ငြိမ်သက်စွာရှိနေလေရဲ့...ချစ်သူရေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment