Wednesday, January 17, 2018
မိုးကျွံ့သည့်ဆောင်း
#မှုန်ဝတ်ရည်..နှင်းရည်ဆမ်းငယ်နှင့်
.......မိုးကျွ့ံသည့်ဆောင်း....
ဆောင်းစဲဂိမာန် ၊ ရာသီပြန်သော်
မြူထန်မဝေ့ ၊ သက်လျှင်ကြွေ့သို့
မို့စွေ့ရီရော် ၊ မင်းလွင်ဆော်လည်း
ရွှေရည်မြဆင်၊ နန်းထက်တင်က
မကွက်မေတ္တာ၊ ကြည်သာနှလုံး
မဆုံးသံသာ ၊ ချစ်မိုးရွာသည်
ရာသီသစ်ဆီ မညည်းဝံ့ပြီ။
ဖြေခက်စေရာ ၊ သခင့်မှာသို့
လွမ်းရာရွှင်ဖွယ်၊ ကြောင်းနှစ်သွယ်ကို
အဘယ်ကိုပန် ၊ ဘယ်ကိုချန်၍
ပန်သင့်လိမ့်မည်၊ ကြံဆစည်လည်း
ဝေ့လည်လွင့်လူး၊ မယ့်စိတ်ကူးသည်
အဘယ်ရှိအံ့ လေလိမ့်မည်။
ချိန်ခါရတု၊ မိုးဥနှင်းဖောက်
သွန်းဝေ့မှိုင်းရီ၊ လေရူးချီသော်
ဆောင်ယူစိမ့်ချမ်း၊ ရင်ပူလျှမ်းမို့
သုံးလူဘလျှင်၊ ဒုက္ခာအပေါင်း
ငြိမ်းစေကြောင်းကို၊ ညွှတ်ပြောင်းဝပ်တွား
ပန်လျှောက်ကြားသည်
ဘယာဘေးတွေ ဝေးမည့်ဆီ ။
ရွှေပန်းချီ(mdy)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment