Wednesday, January 17, 2018
အလွမ်းငွေ့ငွေ့...ဆောင်း
ု#အလွမ်းငွေ့ငွေ့...ဆောင်း
ပိုင်ရှင်မဲ့ထားခဲ့တဲ့ မိုးစက်တွေရဲ့
ခြေလှမ်းမပီတပီတွေကို ငါစုဆောင်းရင်းနဲ့
ဆောင်းရာသီခြုံလွှာအောက်ကို ဝင်မိခဲ့ပြီလေ.......
ဖြစ်ခွင့်ရခဲ့မယိဆိုရင်ပေါ့...
တသွေ့သွေ့ နှင်းမှုန်လေးတွေက
ငါ့ရင်ဘတ်ထဲက အလွမ်းငွေ့ငွေ့တွေသာ ဖြစ်ပါလိမ့်မယ်ကွယ်...
မဆုံစည်းခဲ့လေတဲ့ တို့အဖြစ်က
စိတ်ညစ်စရာတွေ များပေမယ့်....
ပုန်းကွယ်နေတဲ့ ပန်းတိုင်တွေကို
အိမ်မက်ပိုင်ခွင့် ရှိနေသေးသမျှတော့..
မျက်ရည်သော့သော့လေး ကျရင်လဲ ကျေနပ်ပါတယ်လေ...
ဒီလိုနဲ့...နေခြည်ဖြာ မနက်ခင်းမှာ
တမ်းတခြင်းရနံ့နဲ့အတူ မျှော်လင့်ခြင်း
အချိန်တွေ နှောင်းရင်း
အင်းးး....တဆောင်းကသစ်ပြန်ပီ...ချစ်သူရေ။
ရွှေပန်းချီ(mdy)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment