Wednesday, January 17, 2018

မ​တောင့်​တ​သော...နှလုံးသားများ


ရွှေအ​နေနဲ့ အခုမှဒီပုံ​လေးကို​တွေ့လို့ ​ရေးဖြစ်​သွားတာပါ။ ဘုရားကြီးသွားတိုင်း  ပြတိုက်​အဆင်း ​ခေါင်း​လောင်းတိုင်​တန်းနားက အဖွား​တွေမြင်​တိုင်း ​ရေးမယ်​လို့ ရည်​ရွယ်​​ခဲ့တာ ကြာပါပီ။ ပုံကိုလဲ မရိုက်​ရက်​တာရယ်​ပိုက်​ဆံလှူရင်း စကား​ပြောမိ​တော့..သားသမီး ​ခင်​ပွန်းနဲ့​ဆွေမျိုး​​မောင်​နှမတွေအ​ပေါ်မှာအပြစ်​ရယ်​လို့ တခွန်းမှ မဆိုတတ်​ကြပဲ ကံတရားကိုသာ ပုံချတတ်​​သောအ အ​မေအရွယ်​ ၊အဖွားအရွယ်​​တွေကို
မြင်​သိရ​တော့ စိတ်​မ​ကောင်းရပါတယ်​။
ကွယ်​လွန်​ခဲ့တဲ့ ​မေ​မေကိုလဲ သတိရသလို ဇရာဆိုတဲ့​နေကွယ်​ချိန်​မှာ မသိမမြင်​နိုင်​တဲ့​လောကဓံ ကို​တွေးမြင်​ရင်​ သတိသံ​ဝေဂလဲ ရမိပါတယ်​။
ရွှေတို့​မေ​မေကို​တော့ ​ရွှေကခွန်​အားရှိသ​လောက်​ပြုစုလုပ်​​ကျွေးခဲ့ပါတယ်​။ ဤမှန်​​သောသစ္စာ​ကြောင့်​ ​ရွှေဘဝ ဇရာ ဗျာတိ မရဏအချိန်​​တွေကို ​အေးငြိမ်းစွာဖြတ်​သန်း ပါရ​စေလို ဆု​တောင်းလျက်​ပါ။
ရွှေအမျိုးတို့လဲ သက်​ရှိဘုရားဖြစ်​တဲ့မိခင်​များကို မြတ်​နိုးတန်​ဖိုးထား ချစ်​ခင်​နိုင်​ပါ​စေလို့...​နော်

#မ​တောင့်​တ​သော..​...
မေတ္တာနှလုံးသားပိုင်​ရှင်

တကယ်​​တော့..အ​မေ့က​လေးတို့ရယ်
အပြစ်​မတင်​တတ်​တဲ့ နှလုံးသား
အ​မေ့မှာ ကံတရားက မှားပြီး​တောင်​ မ​ပေးခဲ့ပါဘူး...

တကယ်​​တော့ အ​မေ့က​လေးတို့ရယ်​..
သံသရာဝဋ်​​ကြွေး ဘယ်​လိုပင်​​ပေးဆပ်​​နေရလဲ...တခါတ​လေမြင်​ကွင်​​လေး​ကြောင့်
ရေး​ရေးမျှ အပြစ်​မတင်​​ပေမယ့်
တွေး​တွေးပြီး​တော့ မျက်​ရည်​ဝဲတာ​ပေါ့ကွယ်​...

တကယ်​​တော့..အ​မေ့က​လေးတို့ရယ်
တ​နေ့သုံးခါတိုင်​..​သေမင်​နဲ့ရင်​ဆိုင်​ကြရတဲ့ ​မွေးကိုယ်​ဝန်​လွယ်​တုန်းကလဲ..
ဘယ်​အမှုရယ်​မထား ​ကြောက်​အား​တွေလုံးလုံးမရှိခဲ့​ပေမယ့်​...
အခုချိန်​ အရွယ်​ဟိုင်း..​သေမယ်​လို့ကြံတိုင်း
အ​မေ့ရင်​မှာမချိ..ဘယ်​​နေ့အထိ ဘယ်​လို​နေ ဘယ်​​နေရာ..ဘယ်​လို​သေရပါ့လို့..
အ​တွေးကပူ..အ​မေ့ရင်​မယ်​ဆူမိတယ်​​လေ..

တကယ်​​တော့...အ​မေ့က​လေးတို့ရယ်
မွေး​မေတို့​မေတ္တာလက်​ကအ​ပေးရယ်​သက်​သက်​မို့..
အဆန်​​ရေကို မ​မျှော်​လင့်​.. အကျိုးခံစားခွင့်​မယူ​ပေမယ့်​...
"လူအိုရင်​​တောင်​ ဒုတ်​​ထောက်"အကူရယူကြသလို...
ကျေးဇူးသိ လက်​က​လေးတဖက်​..မ​မျှော်​လင့်​တဝက်
မျှော်​လင့်​တဝက်​နဲ့...ကူ​လေမလား..အိမ်​မက်​လိုဝိုးတဝါးပါကွယ်​...

တကယ်​​တော့..အ​မေ့က​လေးတို့ရယ်
အ​မေတိုးတိုး ​နေ့စဉ်​ဘုရားရှစ်​ခိုးပြီးတိုင်း
မေတ္တာ​ဝေ...
အ​မေ့ဘဝ ဘယ်​လို​နေရ..​နေရပါလဲ
အ​မေ့က​လေး​တွေ ​အေးချမ်းပါ​စေ
ငြိမ်း​အေးကြပါ​စေ ... ကွယ်​။

ရွှေပန်းချီ(mdy)
မူရင်းပုံပိုင်​ရှင်​..ခွင့်​ပြုပါရှင်​။


No comments:

Post a Comment