Tuesday, October 3, 2017

သခင်​နှင့်​သာ....



#သခင်​နှင့်​သာ..ကြင်​သင့်​ရာ

ရွှေရည်​ရွှန်းရွှန်း
ရှား​ရောင်​သွန်း၍
ထက်​နန်းမြင့်​ဘုံ
အံ့ဘုန်းထုံသည်
ဖုံဖုံလဲလဲ ထူးတင့်​မြဲ...

တံထျာညင်းညင်း
ညုသံနှင်း၍
သီချင်း​တေးဖွဲ့
အေး​အေးတွဲ့သည်
နွဲ့နွဲ့ချွဲချွဲ ​စောင်းသံစွဲ...

ဂုဏ်​​တော်​ဝင်းဝင်း
စေတီရင်း၌
ညွှတ်​တွားဖူး​မျှော်
ဆုထူး​ဖော်​သည်
တူ​ပျော်​​ရွှေလက်​ ဆက်​​စေ​သော်​...ရှင့်​။

ရွှေပန်းချီ
(mdy )




No comments:

Post a Comment