Sunday, October 8, 2017
မိကဗျာ...သို့
#မိကဗျာသို့.......
#အားပြင်းတဲ့ ဝိုင်တွေ
အနံ့အရသာနဲ့ အဆီတဝင်းဝင်းအသားဟင်းတွေက
တကယ့်အရသာ စစ်စစ်မဟုတ်ပါဘူး.....မိကဗျာ
#ထူးအဆန်းအံသြစရာတွေ
သူမတူအောင်လွန်ကဲမှုတွေနဲ သာမာန်ထက်ပိုလွန်အောင်
ဖန်တီးပြုလုပ်ပြနိုင်နေတာလည်း
ပညာရှင်စစ်စစ် မဟုတ်ပါဘူး....မိကဗျာ
#စွဲလမ်းတက်မက်မှုတွေ
ဆန်းပြားတဲ့စွဲဆောင်မှုနဲ့ အလှအပတွေကလည်း
ကြံစည်ဖန်တီးမှုတွေကြောင့်
အလှစစ်စစ် မဟုတ်ပါဘူး....မိကဗျာ
တကယ့်အရသာစစ်နဲ့ ပညာရှိစစ် ဟာ
သာမန်အစားအစာနဲ့ သာမာန်လူတစ်ယောက်ပါ..
တကယ့် သဘာဝသည်သာ အလှစစ်ရဲ့ အမှန်တရားဖြစ်လေရဲ့.....
မိကဗျာ...ရေ
ငါ့ရင်ဘတ်ထဲက ပန်းတပွင့်က နင့်အတွက်
သာမန်လူတစ်ယောက်ရဲ့
သဘာဝတရား အမှန်အစစ်ပါ....မိကဗျာ။
ရွှေပန်းချီmdy
(18.8.17)
ရွှေ ချစ်ခင်ရသော ရွှေအမျိုးတွေ အားလုံးကို နှုတ်ဆက်ပါတယ်ရှင်
အေးချမ်းပါစေ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment