#ပန်တော်ဦး... သစ္စာ
ပြည့်ဝန်းလသာ ပျိုကညာ
ရည်ကာရွယ်စူး သူ့ချစ်ဦးက
ကြည်လင်ငြိမ်အေး
ကန်ရေလေး....
ရောင်နီတဖြာ နေမင်းသာ
ယှဉ်ကာကြည်နူး သူ့ချစ်ဦးက
မြူတိမ်ကင်းစင်
ရှေ့ကောင်းကင်....ရှင့်
ကြည်ပြာဖြူမွှေး ပန်းကလေးရဲ့
ရင်ခုန်သံကျူး သူ့ ချစ်ဦးက
ပျံဝဲလျက်သာ
ရွှေလိပ်ပြာ......
သနပ်ခါးလူး ပန်းလှထူးနဲ့
ဝဲနက်ကေသာ လှကလျာရဲ့
နှလုံးသားဖူး ပန်တော်ဦးကား
ရည်စူးရွယ်ရာ
မောင့်...ကိုသာ.....ရှင့်။
ရွှေပန်းချီ(mdy)
1982017
 
No comments:
Post a Comment