Tuesday, October 3, 2017

အချစ်​လက်​ဖြင့်​...ချစ်​၍​ခေါ်ရာ




#အချစ်​လက်​ဖြင့်​....ချစ်​၍​ခေါ်ရာလိုက်​​တော်​မူပါ့

အကျွန်​မ​လေ...
 မြင်​စဉ်​ခဏတာ​လေး အကြင်​နာ​ဘေး​ကြောင့်
မယ်​​လေးဘဒ္ဒါ အမှားတရာနဲ့
ရင်လွှာဒဏ်​ချက်​က ဒီကမ္ဘာမှာဆပ်​မဲ့ အချစ်​ရဲ့​ကျေးကျွန်​ပါ...အ​မောင်​သထ္ထုကရယ်

ဘဝအစ.....
ရာဇဂြိုလ်​ကြီး သူ​ဌေးသမီးနဲ့ နန်းတွင်းပ​ရောဟိတ်​သား
အ​မောင်​ဖွားတို့ ​မွေးရက်​အတူမှီ ဘက်​ချင်းညီလည်း
လူဆိုးသထ္ထုက ​မွေးစမှာပင်​ လက်​နက်​​ပေါင်းအ​ရောင်​ဖြာ
စောရနက္ခတ်​ ပါလို့ ကြမ္မာအရိုင်းက စေခိုင်း​ခဲ့လေသလား.......အ​မောင်

နေမင်းအစွယ်​ ​တောင်​ကွယ်​ချိန်​​လေး......
လေသာပြူတင်းက မြင်​ရ အချိန်​ကြုံ ၊နှလုံးသားအစုံ ရင်​ပန်းတုံလို့
ရာဇဝတ်​​အပြစ်​သား ရန်​သူဟုယူမထားပဲ စူးနစ်​အချစ်​ဝင်​ သက်​ဦးလင်​မှတ်
ဝိပါတ်​ရဟတ်​ မမြင်​တတ်​ခဲ့သည်​ထိ အသိမဲ့ခဲ့သူပါ​လေ........

ကြင်​စခင်​စ မဝ​သေးခင်........
အ​မောင်​ သထ္တုက ပရိယာယ်​စကား တမာပျားက
"မယ်​​လေး..ဘဒ္ဒါ ကြင်​သက်​လျာငယ်
အ​မောင်​ယုံကြည်ထား နတ်​ဘုရားကား​စောရပပါတ ​တောင်​​တော်​ထိပ်​မှ
ဗလိနတ်​စာ​ကြွေးတုံ့လာ ဟု အမိန့်​​တော်​​စေ မှာတမ်း​ဝေသမို့
မောင်​နှံနှစ်​​ဖော်​ ဝတ်​သုံး​တော်​အကျရတနာစုံသ လှလှက​လေး သွာကြမယ်​..' တဲ့

တောင်​ခိုး​တောင်​​ဝေ ဟိုးအမြင့်​​ဘွေကား .....
ဘယ်​ဆီဘယ်​မှန်း ​ရော်​ရမ်းကင်းပ အခင်းကာလမှာ
ချိုသာမျက်​နှာ တခုချင်းခွာလို့ ရက်​စက်​ပုံမျိုး လူဆိုးထိပ်​​ခေါင်
ဘီလူး​ယောင်​ပြ အစွယ်​ချလာ အကျွန်​မ​မှာ တုန်​လှုပ်ပါ​ရပြီ​ကော​လေ......

"မယ်​မင်းဝတ်​တန်​ဆာ ရတနာကို အာသာမက်​​မော
လိုချင်​​စောလို့ ချစ်​မှု​ထွေ​ဆောင်​ မာယာတစ်​​ထောင်​မက
ဟန်​​ဆောင်​ပြတာ မယ်​မင်းချစ်​တာ ထင်​​လေသလား...​ဟေ့!!
အခုပင်​ချွတ်​စမ်း...အချိန်​မကမ်းလင့်​ သင်​အား အသက်​​ချွေ ငါပြု​လေ"...တဲ့

အကျွန်မ ရင်​တွင်း မီးသင်းသင်းပူ လင်​ယူအတတ်​ကျူး
မိဘဒ္ဒါ ​မြေတွင်​လူးစမ်း မျက်​ရည်​​တွေပင်​ခမ်းပါ​တော့ ​လေ...

ပါရမီဥာဏ်​ဖြည့်​ဘူးသည်​မို့ ထိုတွင်​တစ်​ခဏ အကြံရလျက်
မိန်းမမာယာ ပလီကာပြုံး အချိုဆုံးနဲ့ ''မဘဒ္ဒါ ချစ်​သခင်မှတ်​ အိမ်​ဦးနတ်​ရယ်
်​ ကြင်​နာမဆုံး ရင်​မှာထုံးတဲ့ ​နှောင်​ကြိုးရုန်းမလို့ ဦးတင်​နိမ်​ချ ကန်​​တော့ပါရ​စေ ချစ်​သက်​​ဝေ...ရယ်​'

ထိုစဉ်​တစ်​ခဏ ​သူမေ့​မောစဝယ်.......
ဒီလက်​နှင့်​​ခေါ် ဒီချစ်​​ဖော်​ကို ဒီလက်​နဲ့ပဲ ဟိုးးဝဲ​ချောက်​တွင်း သက်​ဆင်း​စေရန်
အကျွန်​ ဖန်​လိုက်​လေ​​ပီ​ကော...........
အချစ်​အဆုံး အမုန်းမပါချင်​ အသက်​ချင်းယှဉ်​သမို့
ရက်​စက်​ခြင်း အမည်​ကား မမှတ်​သားပါနဲ့ အ​မောင်​သထ္ထုကရယ်​....

အကျွန်​မ ဖြစ်​အင်​ သံ​ဝေဂဆင်​လျက်​ အချစ်​တဏှာ​ပေမ လွန်​​ကြောက်​လှရင်း ​လောကီကိုစွန့်​ ​နေရပ်​ခွာစဉ်​ ​ရ​သေ့ဗရိဗိုဇ်​ တက္ကတွန်း​ကျောင်း
အ​ပေါင်းမှားကာ ​ရောက်​လာခဲ့ရ ထန်​​စေ့မှုတ်​နှုတ်​ ဆံချ​အလုပ်​ပြုပါလျက်လည်း​​ န​ဋောင်းနှယ်​​ဖွယ်​ အသွယ်​​ သွယ်​ ရှင်​သန်​​ပေါက်​သည်
"ကုဏ္ဍလ​ကေသာ " အမည်​တွင်​ သတည်း....​လေ

ကျေးဇူးသခင်​ မိတ်​​ကောင်းအရှင်​မှတ်​ သာရိပုတ္တာမ​ထေရ်​မြတ်​က
လမ်း​ကောင်းလမ်းမှန်​ ညွှန်​ရပ်​သန်​​သော်​..
အတိတ်​တစ်​ဘဝ ဗျာဒိတ်​ခယူ မြတ်​တဆူကား ပဒုမုတ္တဘုရား ဦးတင်​ထားသည်
ခိပ္ပါဘိည =လျင်​မြန်​ရသည့်​ မဂ်​ဖိုလ်​ဆုထူး ပန်​​တော်​ဖူး​ကြောင့်​.......
ယခုဘဝ တလျှင်​ ​ဂေါတမဘုရားရှင်
လက်​ထက်​တွင်​သ ​လေးပိုဒ်​ဂါထါ အဆုံးအမမှာတွင်
အရဟတ္တဖိုလ်​ဆိုက်​​ရောက်​​တော်​မူသည်​...
ခိပ္ပါဘိည =လျင်​မြန်​ရသည့်​ မဂ်​ဥာဏ်​အရာဝယ်​ အမြတ်​သာဆုံး ဧတဒဂ်​တည်း။ ။

(လျင်​မြန်​​သောမဂ်​ဖိုလ်​ဥာဏ်​အရာတွင်​ ဧတဒဂ်​ရ အရှင်​မ ကုဏ္ဍလ​ကေသာ​ထေရီမြတ်​ကြီးအား ရို​သေဦးချပါတယ်​ဘုရား။
ကျေးဇူး​တော်​ရှင်​ မင်းကွန်း ဆရာ​တော်​ကြီးဘုရား၏ မြတ်​ဗုဒ္ဓ၏ဧတဒဂ်​ဘွဲ့ရ ပုဂ္ဂိုလ်​မြတ်​များ စာအုပ်​​တော်​ကြီးမှ မှတ်​သားဖတ်​ယူ သီဖွဲ့ပါသည်​။
ဆရာ​တော်​ကြီးဘုရားအား ရို​သေစွာကန်​​တော့အပ်​ပါသည်​ဘုရား)

ရွှေပန်းချီmdy
21082017

No comments:

Post a Comment