#ချစ်အာရုံ
မေတ္တာတော် ထောင်အစုရယ်နဲ့
(ချစ်မိသူ)ရဲ့ အာရုံ။
ယုယကာ ရွှင်ကြည်ကြည်နှင့်
အားမာန်တော် လက်ရုံးကိုဖြင့်
အုံးစက်ဖို့ ကြုံ။
မပြုံးတုံ့ ပြုံးတုံ့ရယ်နှင့်
ဆုံးမဆုံ့ တွေး၍မကုန်
သည်ပုံဖြင့် ရွှင်လန်း။
အို..သည်စခန်း
သည်လမ်းထွေထွေမှာဖြင့်
ချစ်သူဆွေ နဖူးစာမဖက်ရင်တော့
ပုလဲစက်ယို မျက်ရည်စီးမယ်ပ
သည်းဆိုင်က ကျွမ်း။
ရွှေပန်းချီmdy
No comments:
Post a Comment