Sunday, October 8, 2017
လ..ဝှက်ခြင်း ခံရသောကြယ်
#လ...ဝှက်ခြင်းခံရသော ကြယ်
#မရခဲ့ဖူးတာနဲ
မရှိဘူ့းလို့် မငြင်းပါနဲ့.......
#မပိုင်ဆိုင်ခဲ့ဖူးတာနဲ့
မတန်ဘူးလို့ ခေါင်းမခါပါနဲ့.........
"အမြူတေ ဆိုတာ
သိပ်သည်းမှုကြောင့် ဖြစ်တည်လာတာပါ"
ငြိမ်သက်နေတဲ့ ပင်လယ်ရင်တွင်းမှာ
ကဆုန်ဆိုင်းနေတဲ့ မုန်တိုင်းကို သိမ်းထားချင်သိမ်းထားမယ်
စကားလုံးတွေမမှီတဲ့ ကောင်းကယ်အလယ်မှာ
ကိုယ်ပိုင်အလင်းနဲ့ ငွေကြယ်ကလေးကို
လမင်းဝှက်နေတဲ့အချိန်လဲ ရှိတယ်
နှစ်သိမ့်ဆုတိုင်း တန်ဖိုးမရိုင်းတာ
ရာဇဝင်သမိုင်းလေး လှပခဲ့တဲ့ မဏိစန္ဒာကပြောပြတတ်မယ်
နေညိုချိန်လမ်း အမှတ်တမဲ့နင်လှမ်းခဲ့တော့
အချစ်စစ်တစ်ခုကို ခလုပ်တိုက်မိခဲ့တာ
နင့်ကိုယ်နင် နာသွားမှန်းတောင် သိမှာမဟုတ်ဘူး..........
အင်းပေါ့လေ.......
မျက်ရည်ကို ခဝါချ မှုံ့နံ့သာ မသတဲ့ပါးနဲ့
ကြုံလာသမျှ လောကဓံသစ်အတွက်
အချစ်ကို ဘေးလွယ်အိပ်ထဲထည့်
ရင့်ကျက်မှု တစ်ခုအတွက်
နှလုံးသားကို ဘဝနဲ့ ရင်းနှီးပစ်ခဲ့ပြီ......မောင်။
ရွှေပန်းချီ (mdy)
2082017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment