Friday, August 21, 2015

246 ငါတို့ကြွေးကျော်ပါတယ်.....

ငါတို့ကြွေးကျော်ပါတယ်....

မေးချင်ပါရဲ့
ကံကြမာတဆစ်တပိုင်းမှာ
ဘ၀တွေရိုင်းလောက်အောင်
မျက်ရည်တွေပြိုင်းပြိုင်းကျ
မယှဉ်ရအောင် ဒူးထောက်ပြတာကို မင်းအရသာခံတတ်ဖို့ လုပ်ခဲ့တာလား....

ပြောချင်ပါရဲ့....
အထက်အညာဒေသအပိုင်း
မင်းမခင်တွယ်လေတိုင်း ပျပျသာချန်ရစ် ရေလက်တဆစ်ရဖို့
ယက်ကျင်းမှာပုန်းအောင်း မင်းမျက်စောင်းတောင် ထိုးထိုးသွားတုန်းကလဲ
ငါတို့ လိုက်ဖမ်း တနေခမ်းအောင်လက်တဆုတ်စာမှုတ်နဲ့ ချော့ခေါ်
မင်းပျော်အောင်လုပ်ပြိးလဲ ယူရပါတယ်...

မှတ်ထားပါရဲ့.....
တသက်မှာ တခါဆုံတဲ့ မင်းရဲ့အဖြစ်မျိုး ရင်ကျိုးအောင်ခံခဲ့ရဖို့ တန်ခိုးပြတာကြောင့်
 ငါတို့ဖိုးဖွား ဖေမေကစ မောင်ထွေး ညီမအသက်နှင်းဒုကခ စာငတ်ဘ၀နဲ့
သိုက်မြုံကွဲကျေ  အထွေထွအတွက် ရေအသက်တမနက် ကျေးဇူးတောင်မဖက်ချင်တော့ဘူး
သဘာဝရန်သူအခင်းအကျင်း ရိုးတွင်းထိအောင် မှတ်ထားမယ်

ငါတို့ကြွေးကျော်မယ်...
မင်းလုပ်ရပ်တွေ ရိုင်းစိုင်းတာမို့
ငါတို့သွေးချင်းတွေ မှိုင်းထိုင်းသွားဖို့
မင်းမပျော်လေနဲ့ မမျှော်လေနဲ့...
ခေတ်စနစ်ပြောင်း အသိဟောင်းတွေ မဟုတ်တော့ဘူး
ကံကိုသာရိုး အဖြစ်ဆိုးလို့ ဖြေတွေးမထိုင် နေနိုင်တော့ဘူး
ပရဟိတစွမ်းအား အခြေခံမေတာတရားက
ငါတို့သွေးသစ်များ လင်းလက်သွားနေတာမို့
စာနာသနား ငါတို့ခွန်အား ဖေးမကြင်နာရှက် ငါတို့လက်နက် လျော့မတွက်နဲ့
လှေခွက်ကျန်ထိ အလံမလဲ ငါတို့ဆက်လက် ရှိနေကြမယ်
               ငါတို့ ခွန်အား သောင်းထိုက်ကြားပါစေ.......

No..245 ရွှေအားတော် နွဲ့ပါရဲ့.....

  ရွှေအားတော် နွဲ့ပါရဲ့

ငယ်ရွေးကော်ဖော်..နတ်သျှင်ကိုယ်တော်လေးရယ်
မှားခဲ့ပြီ
နောင်တမရချင်ပါဘု...ဓာတုအရှင်ဒေ၀ီအလှမှာကွယ်
ဗွေမဆင် ရွှေရင်အသိက ... နွေအ၀င် ပုရစ်ဖူးသစ်သလို
တဖက်သား ကလေးငယ်သာရယ်မို့
သဒါပို ဆိုဆိုတွေးသာပ.. သက်သခင်လို ကနက်ခွင်
တင်လိုက်မိတယ် မှားလေရော့လား။

ကလျာမေ သဇင်ခက်မှာလ
အို..ရှက်ဖွယ် ဆိုစကားရယ်နဲ့
မျက်နှာတော် ကြာခြည်မကွယ်သာဘု
သခင်နှင့်သာ ကြင်သင့်ရာလား
နတ်သျှင်မောင် ယောင်တဘုန်းက
စကားကြွယ် နှုတ်ရေးရယ်ချယ်ပါဘိ
..နန်းလက်တင် ရွှေပင်မြင့်ဆီက
မဥူခိုင် ပိုင်ပိုင်နမ်းချင်ပ
နွဲမယ့် သက်ဆုံး...။

စေတနာတကယ်ပင် ပြည့်ရော့သလား
ကြင်မယ့်သူ ရွှင်သာကြည်ပေမယ့်
မေ့အသက်တော် လေးဆယ်ကျော်မို့
စိတ်ကလေးရယ် နုနုသီ
ညွှတ်ညွှတ်လျက်ကယ် ပလီ
ဝဋ်ကြွေးရယ် ဖြာညီဖန်သလား
ဘယ်ဌာနီ ဘယ်စံနန်းမှာ
တူနှစ်ဖြာယှဉ်နေဖို့ မှန်းလဲ
ကြည်ကြည်သာ အလိုမပြည့်နိုင်ဘူး
လာလမ်းသာ ပြန်တော်မူပါ့
ငြင်းဆိုသာ မျက်ဖြေတိတ်လို့ရယ်
ဓာတုကလျာ ဘ၀င်လေးလှတယ်
တွေးလို့ကြောက်ဆုံး။
                             ရွှေပန်းချီ

No.244 ကျမ ချစ်သူရေ


ကျမ ချစ်သူရေ
မျှော်လင့်ချက်တွေလင်းလက်
တချိန်ချိန်မှာ ခရီးဆက်
အတူတူနေသွားကြမယ်....လို့

ပေးဆပ်ချင်းတွေနှင်းအပ်
လေးမြတ်ချင်းတွေ တေးထပ်
အတူတူနေသွားကြမယ်....လို့

နားလည်မှုတွေသိမ်းဆည်း
ယုံကြည်မှုတွေရင်းနှီး
အတူတူနေသွားကြမယ်....လို့
ရိုးသားမှုတွေစွဲထင်
အေးချမ်းမှုပေးဆင်
သူ့ရင်ထဲမှာ ကိုယ်သာလျှင်
အမြဲလင်း နှိုင်သောလူ
တစ်ယောက်သောသူအဖြစ်
    ကျမချစ်သူရေ....
အတူတူနေသွားကြမယ်....လို့..နော်။
                                                      ရွှေပန်းချီ








Tuesday, August 4, 2015

243 မင်းကြောင့်......


 
ရွှေချစ်သော သူငယ်ချင်းတို့ရေ...
မိုးအေးလေးမှာ ပြုံးပျော်ဖို့ပါရှင်

မင်းကြောင့်......

မိုးလေကတဖွဲဖွဲ
နွဲချင်ပ ဝါအဝင်
သည်တဝါ မောင်ရင်ရယ်က
ဆံပြောင်းကာ ဝတ်ကြောင်စွန့် ပါလို့...
ဘာဝနာ ဖွေရှာရန်ပ
လှလွန်းတဲ့ ချစ်သူခင်
ဝါသီချင်ခွင့်တောင်း.....

့""ကျောင်းကြီးရယ် ရိပ်မြုံ
တရားငယ် ခိုလှုံလို့
သည်တစ်ဝါကုန် မောင်မထွက်ပါက
ပျိုပျိုငယ်...ရွှေရင်ရူးမှာ"" တဲ့
မောင့်ကြင်သူ အမူပိုတုန်းရယ်ကြောင့်
ပျက်ပေါ့ အကြံဟောင်း။
ရွှေပန်းချီ

ရွှေပုံလေးတွေဆွဲရင်း ဒီပုံလေးရလိုက် လို့ကဗျာကို အပ်စပ်အောင်ရေးလိုက် တာပါနော်။ ပြုံးစရာ ပျော်စရာလေးဖြစ် ခဲ့ရင် ရွှေစိတ်ကူးလေးအဆင်ပြေတာ ပေါ့နော်။ ရွှေချစ်ခင်သော သူငယ်ချင်း များ ပျော်ရွှင်ပါစေ
— with Princess Hlaing, Moe Moe, Moemyint Thukha and 71 others.

242 မယ်တင်



ရွှေချစ်ခင်သော သူငယ်ချင်းတိုရေ စနေနေ့လက် ဆောင်နော် ပျော်ရွှင်ပါစေရှင့်

မယ်တင်...

သူငယ်ချင်းကောင်း
ယောက်မတို့ရေ...

အချိတ် အဝါဆင် အလွန်ဆန်းလို့
မယ်တင်ရက္ကန်း ရစ်ဖောက်ငှင်ရဲ့...

အဝါဆစ်မှာ အနီဖောက်တော့
ပြေပြေစို မယ်တင့်အသားနဲ့
တအားကိုကွယ် လိုက်ဖက်တယ်တဲ့

သို့ကလို......
ပြောဖူးတယ့် ကျုပ်မောင်ကြီး
မြို့ခရီးပြန်တော့ မယ်တင်ကိုမြင်
ပင်ပန်းသမျှတွေ ပြေစေချင်သတော့...

ဟဲ့.....ရွှေယောက်မရယ် မျက်နှာမမဲ့နဲ့
ကျုပ်တို့ချစ်ခြင်း အားကျဖွယ်ပေါ့......
တကိုယ်တည်းရယ် ကြိတ်ဆွေးပါနဲ့
ဒီတဝါမဝင်ခင် တူယှဉ်ပြိုင်ရအောင်
ထွေးရင်ရယ်
ညည်းဒီတကျော့တော စိုင်မော့ကာ
အားထည့်လိုက်ပါ့လေး...။
ရွှေပန်းချီ
ရွှေအိုင်ချင်းပုံစံလေး သင်ရေးလေ့ကျင့်နေပါတယ်နော် အမှားပါက ဆရာ ဆရာမ အကို အမများခွင့်လွှတ်ပါရှင့်
— with ရင်ငြိမ်းပွင့် စလင်း, Naybhone Lwim, စူး နစ် and 73 others.
Unlike · Comment · Stop Notifications · Share

241 ရှိ....သတိ...သိ


ဓမ္မလက်ဆောင်ပါရှင့်

ရှိ....သတိ...သိ

အိုဘယ့်.....လူသား
အမောင်....ကျောင်းသားရယ်
ကိုရင်ကလေ ပြောပြချင်ရဲ့.....

ချောင်းရေကိုကြည့်
ဒလစပ်စီးသမို့ 
တဆက်တည်းလို့ 
ထင်ရဖွယ်..
အမှန်တော့လေ
ရှေ့တခုရွေ့လို့
နောက်တခုက
အစားထိုးတယ်......
ရှေ့သွားရေက
အရင်စီးရောက်....ပျောက်လို့
နောက်ကရေအလျင်..လိုက်ရတယ်
ဒီသဘောရယ်
မြတ်ဘုရားကဟောသမို့ 
ဖြစ်ပြီးပျက်ပြီး ထပ်ဖြစ်မယ်
အရှိတရားကို သတိထားကာ
ဆင်ခြင်ကြည့်မှ
မမြဲတရားသတိရမယ်.......
တရားသဘောရယ်
နေရာတိုင်းရှိသကွဲ့
အမောင်ကျောင်းသား မှတ်ရမယ်
မှတ်ဖွယ်.....မှတ်ကွယ်။
ရွှေပန်းချီ
ရွှေဒီကဗျာလေးကို ပုံလေးကြည့်ရင်း ဖတ်လက်စ ပဋာစာရီထေရီ ဝိနည်းဆောင် ဧတဒဂ် ရ) ရဟန္တာမကြီး အကြောင်းနဲ့ဆက်စပ်ရေးမိခြင်းဖြစ်ပါတယ်နော်။ရွှေတို့သိထားသော မပဋာစာရီ ရဲ့အပူသောကရောက်ပြီး နောက်ရဟန်းမဝတ်စဉ်ဆွမ်းခံအပြန် ခြေဆေးရေသုံးခွက်မှ ရေများစီး ဆင်းပုံနှင့် လူသတ္တဝါတို့၏ အရွယ် သုံးပါးပြောင်းလဲပုံကိုဆင်ခြင်သောအခါ ဘုရားရှင်မှ ရောင်ခြည်တော်ဖြင့် ဖြစ်ခြင်းပျက်ခြင်း ဓမ္မပဒတရားတော် ကိုဟောပြသော ကြောင့် ရဟန္တာမ အဖြစ်သို့ရောက်တော် မူခဲ့ပါသည် လို့ဖတ်မှတ်သားရပါတယ်။
ရွှေချစ်သော ဆရာ အကို အမ သူငယ်ချင်းများ ကုသိုလ်စိတ်လေး ဥပုသ်နေ့မှာ ပွားနိုင်ပါစေ....
မနက်အစောတင်ခဲ့ပါတယ်နော်
— with မိုး ဟိန်းကျော်, မင်္ဂလာ ကဗျာ, Soe Ya Aung and 68 others.

240 မိုး.....ကညာပျို



မိုး.....ကညာပျို

မြို့ကျုံးရေညို
စိမ်းစိုစိုလည်း
ပိုမိုလျှံမောက်
ကန်ဘောင်မြှောက်..သရှင့်။

ပင်ဖျားပင်ကိုယ်
မြရည်ယိုမျှ
ပိုသပိုကဲ
သစ်ပင်စုလည်း
ပြည့်မှုအင်အား
                                                                                   လွန်ကျော်သွား..သရှင့်။

မိုး..ကညာရယ်
ဘယ်မှုဘယ်ခင်း
အပြစ်သင်း၍
ငါတို့ပြည်ရွာ
လင်းမသာအောင်
ရွာပဲရွာနိုင်လွန်းပါ့.....ရှင်။
ရွှေပန်းချီ်
— with Nay Myo Agga, စစ် ခလွန်, Myintmyint San and 73 others.

239 မမေ့နိုင်သောနေ့


၁၉ ဂျူလိုင်....ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည် ခေါင်းဆောင်များအား အလေးပြု ဦးညွတ်လျက်
                                         မမေ့နိုင်သောနေ့
 ဒါကား တို့ပြည်
ငါတို့ပြည်တွင် ၊ မယွင်းအလျှင်း
ဝိညာဉ်တွယ်ကပ် ၊ မမေ့အပ်သော
ကျေးဇူးရှိသူ ၊ ထိုထိုလူများရှိခဲ့သည်။

ထိုသည့်သူများ ၊ ဂုဏ်ပြုထားလည်း
မခြားစိတ်ကူး ၊ ပြည်ဘက်စူးကာ
အထူးလိုက်နာ ၊ ကျင့်ဆောင်ရာမှ
ထိုထိုလူများ ကျေနပ်မည်။

မခြားသေခြာ၊ မှတ်ပါလေလော့
ပြည်ကြီးထီးထီး ၊ သခင်ကြီးအောင်
လွတ်ရာလွတ်ကြောင်း ၊ အသက်လောင်း၍
ထိုထိုလူများ အပ်ခဲ့သည်။

ဤသို့တင်စား ၊ ငါတို့သည်ကား
ဂုဏ်စပွေရှာ ၊ ကဗျာမဖွဲ့
စာမချဲ့ပဲ၊ ငိုပွဲမဆင်
ဖြစ်ရမည်လား
မရွှင် ထိုထိုလူများ အကြောင်းတရား။

ထိုထိုလူများ=အာဇာနည်၉ ဦးအား ရည်ညွှန်းဖွဲ့ဆိုပါသည်။
ရွှေပန်းချီ
— with Maung Soe, Nay Myo Agga, Jim Young and 75 others.

238 မိုးကျွန်း ဝဿ န်ပွဲ



မိုးကျွန်း ဝဿ0    န်ပွဲ
 
ထစ်ချုန်းသံဖြိုးလို့ မြူခိုးသီ
တောတန်း မှုန်ရီရီ။

နဒီဘေးက သောင်ယံဦး
စင်ရော် ပျံလို့မြူး။

ပွင့်ဖူးလွှာချပ် သင်းဝေဝေ
လေဆွတ်ပြန်လို့ ကြွေ။

ရွာစေလိုလို့ တိမ်တွေမဲ
မိုးကျွန်း ဝဿ0    န်ပွဲ
                          ရွှေပန်းချီ




237 ရွှေနှင့်ယိုးမှား ပန်းစကား

ဒီတပတ်သောကြာနေရဲ့ ကဗျာအဟောင်းကဗျာကောင်းလေးကို အားလုံးဖတ်ဖူးတဲ့ ကဗျာလေးပြန်တင်ပေးပါ့မယ်
မြန်မာ့ကဗျာထဲကချစ်မြတ်နိုးစရာကဗျာလေးမို့ပါ့

ရွှေနှင့်ယိုးမှား ပန်းစကား

သိုးကလေ............
ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား
စုံတောပြား၌ ၊နှံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်၊
ရွှေနှင့်ယိုးမှားပန်းစကား၊
သိုးကလေ............
စကားပွင့်နှင့်၊နိုင်းတင့်နိုးသည်၊
ရဲမျိုးသမီး၊မောင်ကြီးနှမ၊
ညက်လှပြာစင်၊မဲ့သည်ပင်သား ခရီးသား။
သိုးကလေ............
မြိတ်စုလွတ်လည်း၊အငယ်ကတည်းက
ကျွမ်းဝင်ကြသည်၊မွေးဖတူရင်း
မျိုးသည်မင်းနှင့်၊ချစ်ခြင်းစုရုံး၊
သက်ထက်ဆုံးသည်၊
နှလုံးမခြားစောင့်တရား၊
ဆွေမိမင်း၊
မျက်သုတ်နီစင်၊ရထည်းဖျင်နှင့်၊
ကျိုင်းစင်မြ၀ါ မတ်ကြီးလျာကို
မယ်သာကြိုက်မိတုမယှိ။

ပုဂံခေတ်အစောပိုင်း နတ်ကိုးကွယ်မှု့တွေ ထွန်းကားစဉ်ကာလ မင်းမဟာဂီရိ နတ်ကိုတိုင်တည်ပြောနေတဲ့ စကားဝါပန်းလိုအသားအရေ၀င်းဝါသူလေးကအမတ်ကြီးတယောက်အဖြစ်လျာထားခံရသူမင်းမှု့ထမ်းအပေါ်ထားတဲ့ မေတ္တာဘွဲ့ပါ သူမကတော့ “သက်ထက်ဆုံးသည် နှလုံးမခြား စောင့်တရားတဲ့ ” ခုခေတ်နဲ့ဆိုရင်တော့ နဲနဲကွာဟသွားပြီ
ထင်ပါရဲ့နော်။
မူရင်းအတိုင်းပြန်လည်တင်ပြပါသည်

236 မနက်ဖြန် နဲ့ တစ်ဘဝ


မနက်ဖြန် နဲ့ တစ်ဘဝ

သူငယ်ချင်း......
မမြင်နိုင်တဲ့ မနက်ဖြန်
ခက်ထန်တာတွေ မျောစီးလို့
မပြီးသေးတဲ့ နှုတ်အရသာနဲ့
ရင့်သီးစွာထားရင် စကားအချည်းအနှီးသာ အဖတ်တင်တာ့မပေါ့ ....

မကြားနိုင်တဲ့ မနက်ဖြန်
အထက်ဆန်တာတွေး ဖြည့်ဆီးလို့
မာနထီးကို တံခွန်ထူနေရင်
အတ္တကြီးသာ သိမ်းပိုက်မိမှာပေါ့....

ပိုင်ဆိုင်မှုပြရုပ်တခုချင်းကိုထုတ်နုတ်ရရင်
ကွန်ချက်ကိုဖောက်ရေသာနောက်သလို
ပျောက်တဲ့ငါးတွေကြီး အပိုင်စီးမနေနဲ့
ငါပိုင်တဲ့ ငါ ပါ
သုဿန်မြေမှာ
ဗလာတန်ဘိုး တမတ်ဖိုးနဲ့ရောင်း
ခန္ဓာကိုယ် အဟောင်းပါ သူငယ်ချင်း..

မနက်ဖြန်ရဲ့ မနက်ဖြန်အတွက် ထက်သန်စွာ စိတ်မစောနဲ့ မနက်ဖြန်ထက် နောက်တစ်ဘဝက
မျက်တောင်တချက်အချမှာတင်
အသွင်ပြောင်း ကိန်းအောင်းကာ သွားနိုင်တာမို့

့(((ငါသည် မုချသေရမည် အချိန်ပိုင်းသာ လိုတော့သည်))..။
ရွှေပန်းချီ

— with Nilar Lay, Ni Ni Mon, Aung Phyo Phyo and 67 others.

235 အသိစွမ်းအား


 
မင်္ဂလာမနက်ခင်းမှာ ရွှေချစ်သော ဆရာ အကို အမ သူငယ်ချင်းလေးများ အသိစွမ်းအားတိုးတက် ပါစေနော်

အသိစွမ်းအား
်သစ္စာတရားကို သိအောင်ကြိုးစားပါ
သစ္စာသိလျှင် ခန္ဓာကိုယ်ရောင်းလှူပါ
မိုးကုတ်ဆရာတော်ကြီး

 
ရှိလို့ မလှူပါနှင့်
သိလို့လှူပါ
အဂ္ဂမဟာကမ္မဌာနာစရိယ
ဘဒ္ဒန္တဣန္ဒက

တန်ခိုးစွမ်းအား အပေါင်းတို့အနက် သစ္စာတရားကို မြင်သည့်ပညာရှင်၏ တန်ခိုးစွမ်းအားသည်သာ အကြီးမားဆုံးဖြစ်ချေသည်။
ဂျိမ်းစ် အယ်လင်

234 ဖိတ်ခေါ်ပါကွဲ့


 
ဖိတ်ခေါ်ပါကွဲ့

ချစ်တဲ့သူငယ်လေ.....
သူငယ်ချင်းကောင်း FBကသူငယ်ချင်းတို့ရေ...

ရွှေမလေး ကုသိုလ်တစ်ထမ်း
ဘာဝနာစခန်းက ပြန်လို့ ချစ်ခင်သူတွေရှိသောလမ်း
FBကဗျာနန်းကိုပြန်လာချင် စမ်းပါရဲ့
ဖိတ်ခေါ်ပါကွဲ့။

နံနက်ချိန်ခါ အသံသာနဲ့ မင်္ဂလာပါလို့
နှုတ်ဆက်ပါသော ဆရာ အကို အမများလဲ လွမ်းပါရဲ့..... smile emoticon

နှလုံးသားနဲ့ရေး ကဗျာနုနုလေးဖွဲ့ဆို
ကဗျာဆရာ အကို မောင် ညီမများကို သတိရပါရဲ့......

ပန်းလှလှတွေရေး သဘာဝရှုခင်းလေးတွေ မြတ်နိုးပေးတဲ့
မမ ညလေးများကိုလဲ အောက်မေ့ပါရဲ့....

ခင်တဲ့မိတ်ဆွေ စိတ်တွေလှရဲ့
fb မှာ like လေး comment ပေးလို့
ခင်မင်မှု ဆေးတခွက်လေး
သောက်သုံးချင်ပါရဲ့
ဖိတ်ခေါ်ပါကွဲ့.....လေး....။
ရွှေပန်းချီ
ချစ်ခင်မင်လေးစားရသော ဆရာအကိုအမ မောင်လေး ညီမလေးများအတွက် ရွှေပြုခဲ့သော ကုသိုလ်များကိုထပ်တူရပါစေနော်။
— with Myint Zaw, Kayin Lay, Chit Oo Maung and 43 others.

231 နှလုံးသားလှတဲ့ အပြုံးလဲလှတဲ့ ဆရာမလေးရယ်


မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်
့်(((နှလုံးသားလှတဲ့ အပြုံးလဲလှတဲ့
ဆရာမလေးရယ်)))

ပြုံးသော်လဲ့ ပြုံးသော်
ပြုံးပျော်လို့ သွား။

ဆရာမလေးရယ် စေတနာမြတ်တယ်
မှတ်ကျောက် တင်ထား။
ရွှေပန်းချီ
လေးစားမြတ်နိုးရသော ဆရာဆရာမများအား
အစဉ်ဦးညွှတ်ကန်တော့လျက်ပါရှ

230 ချစ်ငယ်ဖော်


 
ရွှေ ချစ်သောသူငယ်ချင်းတို့အတွက်
တနင်္ဂနွေနေ့ လက်ဆောင်ပါ ရှင့်

ချစ်ငယ်ဖော်

တိမ်တောင်နီလာ
ရောင်ရွှေဝါ နှင့်
ငွေခြည်တောက်ထွန်း
့(တောင်သမန်)တဝန်းကို
နေမင်းသူရိယာ မှေးခိုက်မှာ......

ချစ်သူဖော်စုံ.......
ချိုလွင်ကြူအေး
သံငြိမ့်လေးနှင့်
ချစ်လေးသို့ပင်
ကြားစေချင်ဟု
ကြည်လင်သာယာ ပျော်သောခါ....

တချိန်ခါထိ....
ရင်မှာစွဲလန်း
မေတ္တာပန်းနှင့်
ဆွတ်ဖျန်း ကုံးသီ
ရင်မှာတည်၍
လှသည့်ရောင်ဖြာ
တောင်သမန်မှာ
ချစ်သူ့ပုံပြင်
အင်းရေထင်သား
မှာတမ်းစကား ဆိုကာထားသည်
့ငယ်ကချစ်ဟောင်း
နှစ်တသောင်းတောင် မမေ့မပြောင်း..ရှင့်။
ရွှေပန်းချီ

229 မောင် ကြောင့်


ရွှေချစ်ခင်ရသောသူငယ်ချင်းတို့အတွက်
ဒီတပတ် ကဗျာအဟောင်းကဗျာကောင်းလေး ကို အထူးရှာဖွေတင်ပေးလိုက်တယ်နော်။
လေ့လာမှတ်သားပျော်ရွှင်ပါစေရှင့်

မောင့်ကြောင့် (အိုင်ချင်း)

ချစ်တဲ့သူငယ်လေ ...
သူငယ်ချင်းကောင်း ယောက်မတို့လေ ... ။

ငါ့ကိုလွယ် အမယ်ကြီးနှင့် ဘကြီးဖျက်လို့၊
အိမ်လေးထောင့်မှာ ဆူးတွေချလျက်၊
ဖျက်နဲငယ်မှ စေ့စုံ။

လှေကားခုံမှာ
ဂဠုန် မောင့်ကြောင့် စောင့်တော့တယ်။
လှေကားဦးမှာ
ဘီလူးမောင့်ကြောင့် စောင့်တော့တယ်။
လှေကားခြေမှာ
ဆူးလေမောင့်ကြောင့် ကြဲတော့တယ်။
အိမ်တိုင်တိုင်းမှာ
နွားရိုင်းမောင့်ကြောင့် ချည်တော့တယ်။
ထရံကြားမှာ
ဓားသွားမောင့်ကြောင့် ထားတော့တယ်။
အိမ်ကြမ်းကြားမှာ
အပ်သွားမောင့်ကြောင့် စီတော့တယ်။
အိမ်မိုးခေါင်မှာ
လှံထောင်မောင့်ကြောင့် စိုက်တော့တယ်။

မောင်လဲ ဘယ်က တက်ပါ့မယ်။
မယ်လဲ ဘယ်က ဆင်းပါ့မယ်။
ကြွက်ကဲ့အယောင် ကြောင်ရဲ့အလား၊
ထုတ်နှင့်ယောက်ကို ထိုးဖောက်သွားက၊
ထုတ်သားငယ်မှ မခိုင်၊
ထုတ်တိုင်ငယ်မှ ပိုးထိုး၊
အလယ်ခေါင် ဖောင်ဖောင်ကျိုးက၊
သူခိုးဆိုညွှန်း မီးတင်ထွန်းလို့ ဝန်းကြသောအခါ၊
ဆင်းချခုန် လမ်းဆုံရောက်ပါလိမ့်မယ်လားရှင်။

ညီမအထွေး ရွှေတလေးကို
ပြေး၍ ကြည့်ချေ စေလေသော့ခါ
အမယ် မမ ကျွန်မခဲအို မြင်ငဲ့ပါတို့
ရွာလယ်ခေါင်တွင် ခုတင်ကြီးမှာ
စောင်းတီးလို့လေး။
့(အမည်မသိရှေးစာဆို)
ရွှေသူငယ်ချင်းတို့ရေ ချစ်စရာကဗျာလေးကိုဖတ် ပြီးနားလည်မယ်ထင်ပါတယ်။ ချစ်သူနှစ်ဦးအတွက် အတားအဆီးလေးများနဲ့ မရမကဖြတ်ကျော်ပြီးတွေ့တော့လဲ အိမ်တိုင် ပိုးထိုးလို့ကျိုးရတော့သူခိုးလို့အော်ခံပြီး ပြေးရတဲ့ချစ်သူဘာများဖြစ်နေသလဲ..ပူပန်လို့ ညီမငယ် ရွှေတလေးကိုပြေးကြည့်ခိုင်းတဲ့အခါ ရွာလည်က ခုတင်ကြီးမှာ စောင်းတီးနေတယ် ဆိုလို့ ရင်ဖိကာသက်ပြင်းချရတဲ့ ချစ်သူမလေးရဲ့ ပုံစံ ကို ရွှေသရုပ်ဖော်ထားတဲ့ပုံ လေးနဲ့ တွဲဖက်လို့ ဖတ်ပြီး ပြူံးပျော်ရွှင်မြူး နိုင်ပါစေနော်။
ရွှေပန်းချီု
— with Nay Moe,

228 ၅၂၈ ကဗျာ


ရွှေချစ်ခင်သောသူငယ်ချင်းတို့အတွက် အဖြူရောင်မေတ္တာ ကဗျာလေးပါနော်

၅၂၈

တစိမ်း...မောင်နှမမို့
ခင်မိတဲ့ သံယောဇဉ်ကို
ဘေးအထင်ကြောင့် အရောင်လာမတင်ပါနဲ့........

ရင်ဘတ်ထဲကဖြစ်တည်မှုကို
အနားသတ်မျဉ်းနဲ့ စည်းခြား
နာမယ်သာတယ် တွေးမပူပါနဲ့.....

ပင်လယ်ရေ ဘယ်ကရ မိုးကောင်ကင်ကရတာလား ပင်လယ်ရေ ရေခိုးပြန်လို့ ရေပြန်ကျတာလား အဖြေမရှိတဲ့
သက်သေကို ရက်ရှည်တွေဆွဲညှိမနေပါနဲ့.......

တကယ်ဆို......
မမြင်နိုင်တဲ့ ဟိုး..ရှေးရေစက် အကြောင်းမဲ့သက်သက်ဖန်မလာဘူး
နောင်သံသရာတွေကူးအုန်းတောင် ကြုံဆုံလာရင်
လူတရာ တသိန်းမက အပလီအခရာတွေ
ဝင်ကာ ကထားလဲ ရင်မှာတွယ်တာ
ကိန်းဂဏန်းက ၅၂၈ မို့
အဆွယ်အပွားကိုပယ်ထားလို့ရပါတယ်

အဖေမတူ အမေကွဲပေမယ့်
စိတ်အနေတူ တွယ်တာအားက ဖယ်ကာရှားဖို့ မဖြစ်လောက်အောင် သမုဒယနှောင်လို့ အဖြူရောင်ကလေးနဲ့ ချစ်ခင်တယ်

မြင်သူတကာ အထင်အယူတွေ
ဘာပြောပြော ရင်နှစ်ခုမနောတွေသန့်ရှင်း
ဖန်ဆင်းတဲ့ မေတ္တာသန့်သန့် 
ကမ္ဘာဆန့်လို့ ပြချင်ပါရဲ့
တစိမ်း....မောင်နှမရဲ့ ချစ်ခြင်းပါ အကိုလေး......။
ရွှေပန်းချီ