ဆောင်းကဗျာ..2
ဆောင်းကြာခြည်
နှင်းငွေ့သီသီ
အရှေ့ခွင်ဆီ
နေရီပျပျ အခါကာလ။
နှင်းဝတ်စိုစို
မြခွာညို
လန်းပျိုသသ ဟေမန်တ။
အနေဝေး မောင်မယ်
တမ်းတဖွယ်
ဆောင်းကြာခြည်တ
လွမ်းပါရ။
ရွှေပန်းချီ
Shwepan Chi ko Sanay Mg
ကလေးကဗျာလေးလို့ သဘောထားဖတ်ပါနော် တစ်ခါတစ်လေ အပျော်လေးပေါ့
ဒါပေမယ့် သုံးလုံးစပ် ကာရန်အဆန်းလေးလဲ ဖြစ်ပါတယ်နော်
ကလေးကဗျာလေးလို့ သဘောထားဖတ်ပါနော် တစ်ခါတစ်လေ အပျော်လေးပေါ့
ဒါပေမယ့် သုံးလုံးစပ် ကာရန်အဆန်းလေးလဲ ဖြစ်ပါတယ်နော်