Thursday, August 8, 2013

ချစ်သောမောင်...

တချို့လူတွေ..ပြောကြလေတယ်

 

ထားခဲ့အချစ်..နှစ်နှစ်ဆိုဟောင်းပြီး......အသစ်သစ်ပြောင်းသတဲ့
ကျမအချစ်..ပြောင်းမဖြစ်အောင်..အလွမ်း Password နဲ့ပိတ်ထားတယ်
ဖြေမပြေတဲ့..ချစ်အလွမ်း..မောင်သိစမ်းအောင်
သစ္စာကြိုးနဲ့ချည်တုတ်..ပါဆယ်ထုပ်ပြီး... g-mail လေးလိုပို့မယ်မောင်
မေတ္တာမ၀...ချစ်ခင်တာတွေမရလို့
ဘ၀ကိုအမုန်းဝင်..အပြစ်မမြင်ခဲ့...ခွင့်မတင်ခဲ့ပါမောင်
တစိမ့်စိမ့်တွေးနာ..အတိတ်ကမ္ဘာကို
မာနဖုံးအုပ်..အတွင်းသရုပ်က
ရင်ခွင်မဲ့အနာ..သွေးစိမ့်ဖြာသည်
ရွှေပန်းချီ့အလွမ်းစိတ်..မျက်စိမှိတ်ပြီး..လုံးဝ(လုံးဝ)မဖြစ်စေကြောင်း
ဆုမတောင်းပါ..လွမ်းစိတ်တိတ်တိတ်ကလေးပါမောင်။။။။။။။။။။။။။။
အမျိုးအစား: ရွှေကဗျာ၁

No comments:

Post a Comment