Sunday, December 28, 2014

့((ချစ်သူ့ .....ပါရမီဖြည့်ဖက်ကလေး))

့((ချစ်သူ့ .....ပါရမီဖြည့်ဖက်ကလေး))


 

ချစ်သူရေ........

ချစ်ခရီးလမ်းလေး.....
အတူထွေးလို့
ပန်းမွှေးသောလမ်းလဲ
လျှောက်ပါ့မယ်

ဘဝကြမ်းခရီး........
ဆူးတွေပြီးလည်း
မငြီးသဘော.....
အားမာန်နှောဖို့ 
ရင်ဆိုင်နွဲလို့လျှောက်ပါ့မယ်

ကံကြမ္မာဆိုးကောင်း....
သွဲ့သွဲ့ပြောင်းလည်း
မနှောင်းနောင်တ
ရင်မှာခလို့
မောင့် လက်ကိုတွဲ လိုက်ပါ့မယ်

မယိုင်ကျောက်တိုင်.......
စိုက်ထူနိုင်ဖို့
တူညီတွဲဖက်......
ပြုံးထားလျက်နဲ့လိုက်ပါ့မယ်

မောင်ကအဖြူဆို.....
ဘယ်မငြူသေး
ဘော်သာခွာဖွေး....
ထပ်တူတွေးလို့ထားပါ့မယ်

ဘယ်သောင် ဘယ်ကမ်း
ဘယ်သို့လှမ်းစေ
ကြင်နာမြတ်နိုး.....
ဆယ်ဆတိုး
သစ္စာနွယ်ယှက်....
မေတ္တာဖက်လို့
မခွဲတမ်းသာ လျှောက်မယ်...နော်။
ရွှေပန်းချီ

No comments:

Post a Comment