်ကဗျာရေးသူ ကဗျာမြတ်နိုးသူ ဆရာ အကိုအမ သူငယ်ချင်းတို့ကို ရွှေရိုးသားစွာ လေးစားခင်မင်လျက်ပါ
ပန်းချီ ရဲ့....
ဘဝ ပန်းချီ
ဆန္ဒနဲ့ လက်တွေ့တထပ်ထည်းမကျတာ
သေချာတဲ့ဘဝတွေရဲ့နိယာမတခုပါ ပဲ
ဘဝ တခုဟာ အသက်စေ့နေရက်နဲ့
ဆွဲချခံလိုက်ရတဲ့ ဝှက်ဖဲတချပ်လောက်တောင်
ရင်ခုန်ဖို့ မကောင်းပါဘူး
ဘဝ တခုမှာ သိက္ခာနဲ့ စိတ်ကဗျာတွေက
တောင်းပေါက်နဲ့ ဖားကောက်ရသလို
အကျအပေါက်လဲ များခဲ့ပါရဲ့
ကမ္ဘာကြီးကရွာငယ်ဖြစ်နေတဲ့ ရာစုနှစ်မှာ
ဘဝ တခုဖြစ်တည်လာလဲ
ဂန္ဒီရဲ့ ဖိနပ်တဖက်လောက်တောင် လူမသိသူမသိပါဘူး
သူ့စိတ်လိုမေတ္တာတရား ဝေးနေလို့ပါပဲ
ဘဝ လမ်းဘေးမှာ အမှိုက်မပြစ်ရဆိုတဲ့ ဆိုင်းပုဒ်ချိတ်ထားပါရဲ့နဲ့
မမြင်အောင်ဆောင် စည်းကမ်းမဲ့လာပစ်တဲ့ အမှိုက်တွေကြား အလိုမတူပါပဲ နေထိုင်ခဲ့ရတယ်
ဘဝ တခုအဆုံးသတ်မျဉ်းက
တိုင်းဇုံတွေခြားတဲ့ နေရာတခုလို
စိတ်မပါလဲ အိပ်ရာနေရာက
မီးခိုးငွေ့တွေနဲ့ လွင်တီးခေါင်တွေကြား
နိဂုံးရဲ့ ကဗျာ တပုဒ်ဖြစ်သွားမှာပါပဲ။ ။
လိပ်ပြာရှင်လေးရေ နားလည်ပါရဲ့လား..
ပန်းပွင့်ငယ်ဆိုပါမှ
ကာလတွေ သဘာဝတွေဘယ်လိုပြောင်းပြောင်း
ဣနြေ္ဒ သိက္ခာဘောင် အခန်းကျဉ်းထဲမှာ
မက်မောစွာနဲ့ နေသားကျဆဲပါပဲ...လေ။
ရွှေပန်းချီ
— with Khinlay Yin, စိန် ပန်း နီ, Lwam Yin Mg and 14 others.ပန်းချီ ရဲ့....
ဘဝ ပန်းချီ
ဆန္ဒနဲ့ လက်တွေ့တထပ်ထည်းမကျတာ
သေချာတဲ့ဘဝတွေရဲ့နိယာမတခုပါ
ဘဝ တခုဟာ အသက်စေ့နေရက်နဲ့
ဆွဲချခံလိုက်ရတဲ့ ဝှက်ဖဲတချပ်လောက်တောင်
ရင်ခုန်ဖို့ မကောင်းပါဘူး
ဘဝ တခုမှာ သိက္ခာနဲ့ စိတ်ကဗျာတွေက
တောင်းပေါက်နဲ့ ဖားကောက်ရသလို
အကျအပေါက်လဲ များခဲ့ပါရဲ့
ကမ္ဘာကြီးကရွာငယ်ဖြစ်နေတဲ့ ရာစုနှစ်မှာ
ဘဝ တခုဖြစ်တည်လာလဲ
ဂန္ဒီရဲ့ ဖိနပ်တဖက်လောက်တောင် လူမသိသူမသိပါဘူး
သူ့စိတ်လိုမေတ္တာတရား ဝေးနေလို့ပါပဲ
ဘဝ လမ်းဘေးမှာ အမှိုက်မပြစ်ရဆိုတဲ့ ဆိုင်းပုဒ်ချိတ်ထားပါရဲ့နဲ့
မမြင်အောင်ဆောင် စည်းကမ်းမဲ့လာပစ်တဲ့ အမှိုက်တွေကြား အလိုမတူပါပဲ နေထိုင်ခဲ့ရတယ်
ဘဝ တခုအဆုံးသတ်မျဉ်းက
တိုင်းဇုံတွေခြားတဲ့ နေရာတခုလို
စိတ်မပါလဲ အိပ်ရာနေရာက
မီးခိုးငွေ့တွေနဲ့ လွင်တီးခေါင်တွေကြား
နိဂုံးရဲ့ ကဗျာ တပုဒ်ဖြစ်သွားမှာပါပဲ။ ။
လိပ်ပြာရှင်လေးရေ နားလည်ပါရဲ့လား..
ပန်းပွင့်ငယ်ဆိုပါမှ
ကာလတွေ သဘာဝတွေဘယ်လိုပြောင်းပြောင်
ဣနြေ္ဒ သိက္ခာဘောင် အခန်းကျဉ်းထဲမှာ
မက်မောစွာနဲ့ နေသားကျဆဲပါပဲ...လေ။
ရွှေပန်းချီ
No comments:
Post a Comment