၉ဦးဇာနည် ဘာမထီ. . . ရှင့်
** ရဲရင့်မှုမရှိပဲ အနှစ်တရာ
အသက်ရှင်ရထာထက်
ရဲရင့်မှုအပြည့်နဲ့ တစ်ရက်တာ
အသက်ရှင်ရတာက ပိုပြီးမြတ်ပါတယ်*
အရှင်ဆန္ဒာဓိက
၉ ဦးဇာနည်. . . ဘာမထီကို
လေးစားအားထား မြတ်နိုးကြားရင်း
ငါတို့ အချိန်တိုင်း သွေမဆိုင်းပဲ
ဦးညွှတ်မြဲ၏
၉ ဦးဇာနည်. . . ဘာမထီ၏
ရင်မှာစွဲမြဲ ထိုထိုဇွဲက
များလူစိတ်ထဲ ရစ်ဝဲကာပြု
နွေးထွေးကြည်ညို. . . ငါတို့ဆို၏
၉ ဦးဇာနည်. . . ဘာမထီ၏
ကျေးဇူးများက ပြည်မြန်မာရ
တသသတင် ပေးဆပ်ရှင် (များ)ကို
ငါလျှင်ဦးခိုက်. . . ကန်တော့လိုက်၏
၉ ဦးဇာနည် ဘာမထီ၏
ဇာတိမာန်မွေး ဗမာ့သွေးကို
နောင်လာလူပေါင်း. . . သိစေကောင်း၏
၉ ဦးဇာနည်. . . ဘာမထီကို
အာဏာတံတိုင်း တက်မက်လှိုင်းကြောင့်
လုပ်ကြံမှုရာ သိရပါတိုင်း
ငါတို့စိတ်သမိုင်း. . . . လွန်စွာမှိုင်း၏
အော်. . .
၉ ဦးဇာနည်. . . . ဘာမထီကို
လွမ်းတမျက်ရည် ဖြေမဆည်လဲ
သွေခွဲပွေလီ တေးမသီတော့ဘူး
တို့မြေ တို့ဆိုင် အပိုင်ပိုင်ရအောင်
သွေးညီညီနဲ့ လမ်းပြဆောင်လို့
လင်းရောင်နီ ဖွေဆီပေးပေ ပါ့
၉ဦး ဇာနည်လမ်း။
ရွှေပန်းချီmdy
17-7-2016
No comments:
Post a Comment