Wednesday, October 26, 2016

90ဒီဂရီ ရဲ့. . .ဆုံမှတ်



90ဒီဂရီ ရဲ့. . .ဆုံမှတ်

လက်ခံမိတဲ့ ကံကြမ္မာထောင့်ချိုးမှာ
ခပ်တိုးတိုးလေး ထိုင်ပြီး အကောင်းဆုံးကို
ကိုယ်တဖွဖွ မတောင့်တခဲ့ပါဘူး. . . ချစ်သူ

ခါးနေလို့လဲ မပစ်နိုင်သလို
ချိုတွေ့လို့လဲ မသစ်နိုင်သူပါ
ခါးရင်ခါး ချိုရင်ချို လိုသလိုက် ပေး
ဘဝအတွက်ရွေးထားခဲ့တာပါ. . .ချစ်သူ

ဒါပေမယ်. .
နှလုံးသားကို ဆေးသွင်း
မာနတရားကို အရောင်လင်းပြီး
ပြတိုက်ထဲသွင်းထားခဲ့တဲ့ အချစ်ဆိုရင်တော့

ချစ်သင့် မုန်းသင့် ထောင့်ဖြတ်မျဉ်းရဲ့
တစ်ဖက်တစ်ဝက်ဆီမှာ ခြေတစ်ဖဝါးစာကျော်ဖို့
မိုက်မိုက်မဲမဲ ရူးသွပ်နေမိမယ်ဆိုတာကိုတော့
ကိုယ် ဝန်ခံလိုက်ပါရစေ. . ချစ်သူရေ။
ရွှေပန်းချီmdy

No comments:

Post a Comment