ချစ်တဲ့မောင်ရေ....
မမြင်သာတဲ့ မာယာတောတွေအလယ်
တခါနှစ်ခါ မကလဲ မောခဲ့ဘူးပါတယ်.....
မကျင်လည်တဲ့ အသိုင်းအ၀ိုင်းအဆွယ်
အရိုင်းပန်းလေးလဲ ပွင့်ခဲ့ဘူးပါတယ်.....
တော်ဝင်နေတဲ့ အဆင့်အတန်းကြား
ဟန်ပန်တွေထား ဒေ၀ီတပါးလို လှမ်းခဲ့ဘူးပါတယ်....
ခုတော့လေ...
အားလုံးကို ခ၀ါချ
ဘ၀လိုက်ကာလေး အသာမလိုက်မှ
အမှန်သစ္စာက ရင်ဘတ်အခြေတိုက်
တွက်ချေမကိုက်တဲ့ ဇတ်လမ်းမို့
အရာရာပျောက်ဆုံး
မေ့နှလုံးသားလေးနှုန်းလို့
မောင့်ပခုံးကလေး...မှာ
ခေါင်းမှီအုန်းလို့ နားချင်တယ်....။။။။။
(ရွှေပန်းချီ)
No comments:
Post a Comment