အကြင်နာလက် ဆယ်သက်စာမက
ရည်ရွယ်ကြလည်း
ဟိုး.. ရှေ့ကလမ်းကမှုံ တိုင်းတဇုံခြား
မိုးလား လေလား မမေးထားဘူး
မင်းစကားအထူးထူးကို
ဘုရားစူးလို့ မကြိမ်ပါနဲ့တော့
တနေ့နေ့ ဝေးရင်သာ
အတွေးရင်ဘတ် တနေရာ
ငါ့အတွက် ခိုဝင်ပါလို့
သတ်မှတ်ပေးထားခဲ့ပါ...........ချစ်တဲ့သူ။
(((မင်းပေးတဲ့ ကတိစကား...
သေသေချာချာမှတ်ထား...
လမ်းရောက်တော့မေ့မှာလား.....)))
ရွှေပန်းချီ
No comments:
Post a Comment