မြန်မာ ဟေ့
မျိုးဂုဏ်ပြခွင်း ပုဂံရှုခင်း
ရောင်ဝါထွန်းပ ပုဂံအလှ
မြန်မာလို့သိ ပုဂံပြည်ရှိသည်
ငါတို့ မင်းသာကီနွယ်ပါ သူငယ်ချင်း.......
အနောက်ကစီး ဧရာမြစ်ကြီး
အရှေ့တောင်တူးဖော် မြကန်တော်နဲ့
ပြန့်ပြူးသဲခင်း ရွှေတလင်းမို့
သာယာစည်ပင် ပုဂံမြေတခွင်ပေါ့ .......
သာသနာစည်တီး မြည်ဟီးခွင့်ပ
မင်းမြတ်ကစ သူဆင်းရဲမအထိ
သဒ္ဒါကျိုးပေါက် နေမထိုးလောက်အောင်
ပုထိုးစေတီမှန် လှည်းဝင်ရိုးသံတညံညံ လို့
သောင်းသောင်းဖျအောင် တည်ခဲ့သည်
မြန်မာစိတ်ရှိ မြန်မာအသိက
ဖြူစွာစိတ်ရင်း အေးချမ်းခြင်းမို့
လိုလောဘမရှိ ပေးလှူသိလည်း
ကိုယ့်မြေထိညား ပုဂံသားအားမာန်
ဘဝဂ်ညံခဲ့ ချိမ့်ချိမ့်လျှမ်းမျှရှိခဲ့သည်
ပုဂံအသွေးအသား အရင်းတည်ထားတဲ့
ငါတို့မြန်မာသား ဘာမထီဘွားမို့
ငါတို့အားမာန် တွန်းလှန်ရဲကြည့်
ငါတို့အသက် စွန့်တတ်သည်
ပုဂံပြည်ကစ မျိုးချစ်အမွေ
ရှင်သန်စေလို့ ဘယ်ချိန်ဘယ်ရောက်
သွေးသောက်ပမာ မြန်မာဆိုရင်
တို့ချစ်လျက် ရင်နှီးခက်ဝေကြပါသည်
ဒါကြောင့်လေ......
မြင့်မြတ်ဌာနေ ပုဂံပြည်
မဟာဆန်ပေ ပုဂံပြည်
မြန်မာတို့အမွေ ပုဂံပြည် ဟေ့ ....သူငယ်ချင်း။
ရွှေပန်းချီ
့ (ရွှေ ဒိကဗျာလေးနဲ့အတူ မြန်မာဟေ့ အော်ဟစ်အားပေးခဲ့ကြတဲ့ မြန်မာပြည်သားအား လုံးနှင့်တကွ မြန်မာပြည်အတွက် ဂုဏ်ထူးဆောင်ပေးသော U19 မှ လူငယ်လေးများကို ဂုဏ်ပြုလိုက်ပါတယ်ရှင်)
— with Manaw Phyu and 49 others.
အရှေ့တောင်တူးဖော် မြကန်တော်နဲ့
ပြန့်ပြူးသဲခင်း ရွှေတလင်းမို့
သာယာစည်ပင် ပုဂံမြေတခွင်ပေါ့ .......
သာသနာစည်တီး မြည်ဟီးခွင့်ပ
မင်းမြတ်ကစ သူဆင်းရဲမအထိ
သဒ္ဒါကျိုးပေါက် နေမထိုးလောက်အောင်
ပုထိုးစေတီမှန် လှည်းဝင်ရိုးသံတညံညံ လို့
သောင်းသောင်းဖျအောင် တည်ခဲ့သည်
မြန်မာစိတ်ရှိ မြန်မာအသိက
ဖြူစွာစိတ်ရင်း အေးချမ်းခြင်းမို့
လိုလောဘမရှိ ပေးလှူသိလည်း
ကိုယ့်မြေထိညား ပုဂံသားအားမာန်
ဘဝဂ်ညံခဲ့ ချိမ့်ချိမ့်လျှမ်းမျှရှိခဲ့သည်
ပုဂံအသွေးအသား အရင်းတည်ထားတဲ့
ငါတို့မြန်မာသား ဘာမထီဘွားမို့
ငါတို့အားမာန် တွန်းလှန်ရဲကြည့်
ငါတို့အသက် စွန့်တတ်သည်
ပုဂံပြည်ကစ မျိုးချစ်အမွေ
ရှင်သန်စေလို့ ဘယ်ချိန်ဘယ်ရောက်
သွေးသောက်ပမာ မြန်မာဆိုရင်
တို့ချစ်လျက် ရင်နှီးခက်ဝေကြပါသည်
ဒါကြောင့်လေ......
မြင့်မြတ်ဌာနေ ပုဂံပြည်
မဟာဆန်ပေ ပုဂံပြည်
မြန်မာတို့အမွေ ပုဂံပြည် ဟေ့ ....သူငယ်ချင်း။
ရွှေပန်းချီ
့ (ရွှေ ဒိကဗျာလေးနဲ့အတူ မြန်မာဟေ့ အော်ဟစ်အားပေးခဲ့ကြတဲ့ မြန်မာပြည်သားအား လုံးနှင့်တကွ မြန်မာပြည်အတွက် ဂုဏ်ထူးဆောင်ပေးသော U19 မှ လူငယ်လေးများကို ဂုဏ်ပြုလိုက်ပါတယ်ရှင်)
- Min Thit Sar, Taylar Chitthu, Kyal Sin Myint Myat and 307 others like this.
No comments:
Post a Comment