့ (( မပြီးသေးသော .... ချစ်ပန်းချီ))

ချစ်ခဲ့ရသူရေ.........
အိုဟောင်းကာဆွေးမြေ့ နာကြည်းစရာ
ဆောင်းညပန်းချီကားတစ်ချပ်
ကျမ ရင်မှာ ဘာကြောင့်အပြီးမသတ်လဲလို့
ခဏ ခဏ မေးလာကြတယ်နော်......
ဟုတ်ပါတယ်လေ.....
အမြင်မှာမလှ အဆင်တန်ဆာလဲမကျ
ဒဏ်ရာတွေက ပလပွနဲ့
စုတ်ချက်က ခပ်ပြင်းပြင်း
ဆေးသားကလဲ မလင်းတလင်း
မြင်သူအပေါင်းမနှစ်သက်
ပျော်စရာကောင်းနေတဲ့
ပန်းချီကားတစ်ချပ်မှ မဟုတ်တာဘဲနော်
ဒါပေမယ့်လေ..........
ဖြူစင်တဲ့ ရင်ခွင်ကိုကားတင်
နှစ်လုံးသားရင်ကိုထိုးဖောက်
ကျမ သစ္စာရေသောက်လို့ ချစ်သူပုံတူဆွဲ
ကမ္ဘာမကျော်ခဲ့လဲ ကျေနပ်နေခဲ့တာပါပဲ
ချစ်သူကကျောခိုင်း စကားရိုင်းရိုင်းတွေပြောလဲ
နာကျည်းခြင်းတပိုင်း သံယောဇဉ်ဆိုင်းသေးတာမို့
မလှပတဲ့ ဆောင်းချစ်သူပန်းချီကားတစ်ချပ်
ကျမဝိညာဉ်ပြတ်မှပဲ ဖြုတ်သိမ်းပါရစေတော့....... .......မောင်။
ရွှေပန်းချီ
— with တိမ်လွှာမိုးရိပ် မိုးရိပ်, Baryar Natthi, Nay Moe and 42 others.
ချစ်ခဲ့ရသူရေ.........
အိုဟောင်းကာဆွေးမြေ့ နာကြည်းစရာ
ဆောင်းညပန်းချီကားတစ်ချပ်
ကျမ ရင်မှာ ဘာကြောင့်အပြီးမသတ်လဲလို့
ခဏ ခဏ မေးလာကြတယ်နော်......
ဟုတ်ပါတယ်လေ.....
အမြင်မှာမလှ အဆင်တန်ဆာလဲမကျ
ဒဏ်ရာတွေက ပလပွနဲ့
စုတ်ချက်က ခပ်ပြင်းပြင်း
ဆေးသားကလဲ မလင်းတလင်း
မြင်သူအပေါင်းမနှစ်သက်
ပျော်စရာကောင်းနေတဲ့
ပန်းချီကားတစ်ချပ်မှ မဟုတ်တာဘဲနော်
ဒါပေမယ့်လေ..........
ဖြူစင်တဲ့ ရင်ခွင်ကိုကားတင်
နှစ်လုံးသားရင်ကိုထိုးဖောက်
ကျမ သစ္စာရေသောက်လို့ ချစ်သူပုံတူဆွဲ
ကမ္ဘာမကျော်ခဲ့လဲ ကျေနပ်နေခဲ့တာပါပဲ
ချစ်သူကကျောခိုင်း စကားရိုင်းရိုင်းတွေပြောလဲ
နာကျည်းခြင်းတပိုင်း သံယောဇဉ်ဆိုင်းသေးတာမို့
မလှပတဲ့ ဆောင်းချစ်သူပန်းချီကားတစ်ခ
ကျမဝိညာဉ်ပြတ်မှပဲ ဖြုတ်သိမ်းပါရစေတော့.......
ရွှေပန်းချီ
LikeLike · · Stop Notifications · Share
- Nay Min Tun, Win Hlaing, Ko Mg Myint and 233 others like this.
- 6 of 52
No comments:
Post a Comment