Tuesday, June 23, 2015

215့ (( ချစ်သောမာလာ....ကုမုဒြာငယ် ))




့(( ချစ်သောမာလာ....ကုမုဒြာငယ် ))

မြကန်သာဝယ် ၊ ရနံ့ကြွယ်သင်း
ကြည်သွယ်ပြယုဂ် ၊ ကြာကနုတ်တို့
နွဲ့နှောင်းသွဲ့စီ ၊ ဖူးပွင့်ချီသည်
ပန်းရည် နတ်မိအသွင်ပါတကား။

မြသွင်ရွက်စိမ်း ၊ လွှမ်းကာသိမ်း၍
ယိမ်းလှဝတ်ရုံ ၊ ခြုံသည့်ပုံလို
မလုံတစ်လှဲ့ ၊ လုံတစ်လှဲ့နှင့်
ဝတ်မှုံဆင်သ ၊ နတ်မယ်လျကို
စောင့်ရမေပျို ၊ ရင်လှိုက်ဖိုသို့
ပြုံးချိုမျက်နှာ ၊ ထင်သပါဟု
တစာစာဖန် ၊ ခွင့်ကြားပန်ချိန်
တိမ်ယံ လမင်း ပေါ်ချိန်တည့်။

လေညှင်းယွေလာ ၊ ပွေ့နမ်းခါတွင်
ဘယ်ညာသွဲ့သွဲ့ ၊ ချစ်ဖွယ်ငဲ့၍
ထေ့ခဲ့ရှက်ပြုံး ၊ ရှုမဆုံးလှ
သွန်းမြမြလျှင် ၊ ထွန်းပဂုဏ်ဝါ
မြူးတင့်စွာနှင့် ၊ ပွင့်အာပင်လုံး
ပြိုင်သူရှုံးဟု ၊ သူ့ထုံးကိုခင်း
မယ်မင်းရွှေကြာ ဆိုသလာ၏။

သို့မင်တစ်သွင် ၊ ပန်းသခင်နှင့်
မယ့်ရင်တောင့်တ ၊ ဆုံကြင်ခလျှက်
မေတ္တာမျှဆင့် ၊ ငုံရာမှပွင့်
ပွင့်၍လန်းဖြာ ၊ ချစ်သဟာနှင့်
ညီစွာပျော်ရင်း ၊ နှစ်ကိုယ်ချင်းသည်
ကွေကွင်းမရွေ ၊ သက်ဆုံးလေထိ
နတ်မိရွှေကြာ တို့နှယ်တကား။
ရွှေပန်းချီ

ရွှေ က သင်ရေးလေ့ကျင့်နေပါသဖြင့် လိုအပ်သည်များရှိပါက ခွင့်လွတ်ပေးပါရှင်။
— with စိန် ပန်း နီ, Lwan Nge, မင်္ဂလာ ကဗျာ and 73 others.

No comments:

Post a Comment