Tuesday, June 23, 2015

219 ဥယျာဉ်မှုးနဲ့ ပန်းလေး


ဥယျာဉ်မှုးနဲ့ ပန်း

တော်ဝင်ပန်းကလေးရေ.....
မခူးရက်တာ
ဆူးချက်နာမှာကြောက်လို့မဟုတ်ဘူး...

မဆင်ရက်တာ
ပင်ထက်မမှီတာ မဟုတ်ဘူး......

မနမ်းရက်တာ
ပန်းသက်ကြွေမှာစိုးလို့ မဟုတ်ဘူး....

ခင်ချင် ဆင်ချင် ယုယချင်လဲ
ငါ့အတွက်သာ အသက်တမျှ တန်ဖိုးထား မျှော်ကိုးစားတာက အိမ်မက်နန်းတော်
ပန်းအလှအခင်းအကျင်းက ငါ့ဘဝအတွက် ပျော်ရွှင်ခြင်းနေရာတခု့
အရိပ်ကြည့်ကာ ချစ်ရကြောင်းကို
ရေလောင်းပေါင်းသင် အလှဆင်လျက်
ဥယျာဉ်မှုးလို ချစ်ပါတယ်.....

ဒါပေမယ့်လေ...
ဥယျာဉ်မှုး ပန်းမခူးရလို့ ဥပဒေမရှိ
အပင်နဲ့ပန်း အစဉ်လန်းလျက်တွေ့ချင်
စိတ်ဘဝင်ထား မြတ်နိုးတရားကို
တမင်လက်သရမ်း ဝင်လာကာကြမ်းရင်
ပန်းကဗျာလေး အထိမပေးဘူး
ငါကိုယ်တိုင်ခူး ငါပဲဦးမယ်
ဥယျာဉ်မှုးလဲ ပန်းခူးတတ်တယ်....။
ရွှေပန်းချီ
— with Kyawsoe KO, ဘုဏ်းမြတ် မင်း, Nicky Lin'Vn and 66 others.



No comments:

Post a Comment