ဆောင်းကဗျာ ၉
ရွှေခင်မင်ရသော သူငယ်ချင်းများအတွက်
မဟောင်းတဲ့ဆောင်း
ချစ်သူရေ...
တဖွဲဖွဲသော နှင်းမှုန်တွေ
ရင်အစုံဘွေက အလွမ်းနဲ့မိတ်ဆက်
အိမ်ခက်သော ညက နှိပ်စက်နေလေရဲ့......
မနက်က တိုးထွက်တဲ့နေမင်း
သူ့အဆင်းကလဲ မသဲကွဲ
အဖန်တလဲလဲ သောကနဲ့ လွမ်းပျပျလေးဖြစ်နေရဲ့.....
ဒီတစ်ဆောင်းကုန်
တို့အတူဆုံမယ် မရေလည်စကားတွေ
မျှော်လင့်ခြင်း လေပြေသယ်ထား
သူလဲပဲ ဖျားနေလေရဲ့......
နေခြည်ဖြာ နံနက်ခင်းမှ ညဥ့်ကဗ္ဗလာဖြန်ခင်း
ကွဲပြားခြင်းတွေ မိတ်ဆက်လို့
ဒီလိုနဲ့ တစ်ဆောင်းသစ်
အဟောင်းမဖြစ်တဲ့ လွမ်းဝေဒနာ
ချစ်ရသူရေ...
နှင်းအဖြစ်နဲ့သာ စေလိုက်သလားကွယ်....။
ရွှေပန်းချီ(Mdy)
ဆောင်းကဗျာလေး ၁၀ပုဒ်ရေးမလို့စိတ်ကူးခဲ့ပါတယ် အခြေအနေအရ
အခုမှဆက်လက်ရေးရတာမို့ ခွင့်လွှတ်ပေးပါနော်။
No comments:
Post a Comment