Sunday, January 31, 2016

ငယ်ချစ်စောင့်လို့ခေါ်ပါနော်

 ငယ်ချစ်ကြီး ....နော်

နုထွေးချိုမြ ၊ တေးအလှနဲ့
ဖေးမယူသော် ၊ လက်တွဲဖော်ဖြစ်
ငယ်ချစ်စောင့်လို့ ခေါ်ပါနော့့် 

မညင်သာလွှမ်း ၊ အနာဂတ်ကြမ်းလဲ
အပြုံးမပျက် ၊ တွဲဆက်လျက်
ငယ်ချစ်စောင့်လို့ ခေါ်ပါနော့့် 

အောင်မြင်မှုလမ်း ၊ ဘယ်စခန်းလဲ
ထပ်တူလည်းဖြစ် ၊ မထားရစ်ပဲ
ငယ်ချစ်စောင့်လို့ ခေါ်ပါနော့့် 

အေးသော်အတူ၊ ပူသော်အမျှ
စာနာမှုဝေ ၊ နားလည်နေလျှက်
ဘဝခရီးဆက်မယ်
ဖဝါးခြေထပ် ၊ ပခုံးအပ်လို့
ရင်ခွင်ထက်မှာ ၊ စိတ်ကြည်သာဖို့
နှစ်သိမ့်ပါရစေ
ငယ်ချစ်လက်ကို တွဲလို့နော်
           ငယ်ချစ်စောင့်လို့ ခေါ်ပါနော့့် ။
                                  ရွှေပန်းချီ


No comments:

Post a Comment