Sunday, September 4, 2016

နှင်းဆီဖြူ၏ မြှုပ်နှံရာ

နှင်းဆီဖြူ၏ မြှုပ်နှံရာ

ချစ်သူရေ
ကျမကလေ အညတရစိုက်ခင်းထဲက
ပန်းတပွင့်တော့ မဟုတ်ဘူးနော်

ကိုယ်ပိုင်ရာ နယ်မြေကွင်းမှာ ဖန်ဆင်းနိုင်စွမ်းရှိတဲ့ ရောင်စဉ်မသန်းတဲ့ နှင်းဆီဖြူပန်းတပွင့်ပါ
ကျမရဲ့ အလှရှိသလို မာနဆူးလဲရှိပါရဲ့
ဒါပေမယ့်လေ. .
ဟောဒီရင်ဘတ်ထဲကနေရာတခုမှာ
အချစ်ဆိုတဲ့အမြူတေကို ဘယ်သူတွေ လာရိုက်ချိုးနိုင်မလဲ . . .
နှင်းဆီဖြူရဲ့ အလှနဲ့ အရည်အချင်း ကို
လမင်းသိတယ်
လေညှင်းသိတယ်
ပျားလေးသိတယ်
လိပ်ပြာလေး သိတယ်
ချစ်သူလဲ သိပါတယ်လေ. . . .
ပိုင်ဆိုင်မှုတစ်ခုအတွက်
ကျမပေးဆပ်နိုင်တာကတော့
စံချိန်မှီတဲ့ အချစ်စစ်တစ်ခုပါပဲ. . .
မာယာလက်နက် စကားလုံးအသစ်စက်စက်တွေနဲ့ နှင်းဆီဖြူနား မမျှားချင်ပါနဲ့
ကျမ ကျောက်ဖြစ်ရုပ်ကြွင်း မဖြစ်ချင်ဘူးလေ.. . .
ရွှေပန်းချီmdy
ရွှေချစ်ခင်သော ဧကရီလေးပျော်ရွှင်ပါစေနော်

No comments:

Post a Comment