Sunday, September 4, 2016

မျက်ဝန်းညို ....


ချစ်သူကပြောတယ်
မင်းရဲ့မျက်ဝနုးညိုကညှိ့ချက်ပြင်းပြင်းတွေအောက်
ငါဒူးထောက်ခဲ့ရတာပါ တဲ့

မင်းရဲ့ မျက်ဝန်းက ကျိန်စာတွေ ဘာသာပြန်ရင်း
ချစ်ခြင်းကို သံစဉ်ဖွဲ့ခဲ့တာပါ တဲ့

တခါတရံစိမ်းကားတဲ့ မျက်ဝန်းအကြည့်
နှလုံးသားကိုထိလို့ ဦးနှောက်နဲ့ နှလုံးသား အမုန်းပွားခဲ့ရတာလဲ ခဏ ခဏပါ တဲ့

မင်းကိုချစ်တဲ့ ငါ့ဒိုင်ယာရီမှတ်တမ်း အလွမ်းခန်းတွေကို
မင်းမျက်ဝန်းစိမ်းနဲ့ရှာကြည့် ရင်ထိအောင်ခါးသွားလိမ့်မယ် တဲ့

အင်းပေါ့လေ. . .
ကျမမျက်ဝန်း အဖြေရှာ အမွှန်းတင်ရင်း
လေပေါ်တင်တဲ့ မိုးစက်လေ သီချင်း ညည်းချင်းနဲ့တောင်မဆိုချင်ဘူး

အဆာပလာတွေပြည့်နှက် ပြောတတ်တဲ့ ချစ်သူတရား
ဘာသာစကားကို နားလည်စပြုချိန်
သူ့ရင်ခုန်သံက ကျမအတွက်
ဆော့နေကျ COC လောက်မှ အရေးမကြီး
အချစ်ဆိုတာ ဆယ်ရှံစ်နှစ်အထက် ကစားစရာ တဲ့လေ။

ကဲ. . . ဘာပြောမလဲ မျက်ဝန်းညို. . ?
ရွှေပန်းချီmdy

No comments:

Post a Comment