Tuesday, October 3, 2017
ပန်း..ခေါင်ရမ်း
#ပန်း...ခေါင်ရမ်း
( Fame & Beauty are very much like Hibiscus Flower )
သူ့အမည် ခေါင်ရမ်းတဲ့
ခေါ်စမ်းပ တို့တတွေ
ဝေစီတဲ့ပန်း။
ဘယ်သို့ပင် ဘယ်ပုံအယူစွဲ
သူ့ညှာဆိုင် သူ့ခိုင်မှာလ
သူမနိုင် ငါမဆင့်အောင်
ဝင့်ပုံကဆန်း။
ရွှေပန်းချီmdy
ခေါင်ရမ်း ဒိုင်ယာရီ
😎Hibizcus (ခေါင်ရမ်းပန်း) အကြောင်း
- တကယ်တော့ ခေါင်ရမ်းဟာ ကမ္ဘာ့နိုင်ငံအများစုက တန်ဖိုးထားတဲ့ပန်းပါ....
ဟာဝိုင်အီရဲ့ နိုင်ငံတော်ပန်း ( State Flower )...
ဟေတီနိုင်ငံရဲ့ တော်ဝင်ပန်း ( Royal Flower )
ပန်းရောင်ခေါင်ရမ်းပန်းက Malaysiaနိုင်ငံရဲ့အမျိုးသားပန်း
ရုက္ခဗေဒပညာရှင်တွေက ( complete flower ) ပြီးပြည့်စုံတဲ့ ပန်းတစ်ပွင့်လို့ သတ်မှတ်ထားကြပြီး
ဂရိစကားလုံးဖြစ်တဲ့ ( Delecate beauty ) နူးညံ့တဲ့ အလှတရားလို့ ဆိုပါတယ်...
( Very Feminine Flower ) အလွန်မိန်းမဆန်တဲ့ ပန်းလို့လည်း သတ်မှတ်ကြပါသတဲ့....
- မြောက်အမေရိကနိုင်ငံတွေမှာတော့ ( Perfect wife ) ပြီးပြည့်စုံသောဇနီးလို့ဆိုပြီး
တရုတ်နိုင်ငံမှာဆိုရင် ( Beauty of fame ) ကျော်ကြားမှုရဲ့ အလှတရား ယူဆကြတယ်...
- တခြားကမ္ဘာ့နိုင်ငံတွေမှာ ယေဘုယျတင်စားကြတာက မိန်းမငယ်တစ်ယောက်ကဲ့သို့ အလွန်သိမ်မွေ့လှပလွန်/သောပန်းလို့ တန်ဖိုးထားသတ်မှတ်ကြပါတယ်....
- အဖြူဆိုရင် သန့်ရှင်းလှပမှု/မိန်းမဆန်မှု/
- အ၀ါက ပျော်ရွှင်မှု/ တောက်ပမှု/ကံကောင်းမှု...
- ပန်းရောင်က ရင်းနှီးမှု...
- ခရမ်းရောင်က အသိဉာဏ်ကြွယ်ဝမှု
အနီရောင်ကတော့ နာမည်အကြီးဆုံးလူကြိုက်အများဆုံးအရောင်ဖြစ်ပါတယ်......အချစ်နဲ့တပ်မက်မှုကို ရည်ညွှန်းလို့ပါတဲ့...
- သူတို့ဆီမှာ ချစ်ခွင့်ပန်ရင် ခေါင်ရမ်းအနီနဲ့ ချစ်ခွင့်ပန်ကြပါသတဲ့ ....
မြန်မာမှာဆိုရင်တော့ အသုဘပန်းလာပေးတယ်ဆိုပီး စိတ်ဆိုးတာကြုံရနိုင်ပါတယ် ... 😂😂😂
- အဲ့လို ခေါင်ရမ်းကို ကမ္ဘာ့နိုင်ငံအများစုမှာအဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုကြတင်စားကြ တန်ဖိုးထားကြပါလျက် မြန်မာပြည်မှ အသုဘပန်းဖြစ်ရရှာပါတော့တယ်...း
ကိုယ့်အယူဆနဲ့ ကိုယ်ပေါ့လေနော်
- ခေါင်ရမ်းက အလွန်လှပေမဲ့ သက်တမ်းတိုလွန်းတာကြောင် ( Fame & Beauty are very much like Hibiscus Flower ) ဆိုပြီး ငယ်ရွယ်မှုရယ် ၊ ကျော်ကြားမှုရယ် ၊ လှပမှုရယ်ဟာ ခေါင်ရမ်းလိုဘဲ တဲ့လေ .....
- ဒါ့အပြင် ရှေးဘုရင်များလက်ထက်က သေဒဏ်ပေးခံရတဲ့ ရာဇ၀တ်သားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်အတွက် သာသနာပိုင်ဆရာတော် ၊ ဘုရင်နှင့် မိဘုရားတစ်ဦးဥိးံထံ အသနားခံခွင့်ရှိကြတယ် ... သေဒဏ်ကင်းလွတ်သူကို သာသနာပိုင်ဆရာတော်က ခေါင်ရမ်းပန်း . ဘုရင်က သဇင်ပန်း . မိဖုရားက နှင်းပန်း စွန့်ကြဲရင် သေဒဏ်ကကင်းလွတ်ပါတယ် .....
မူရင်းမျှဝေသူ..ကိုထွန်းမောင်မောင်
ရဲ့စာလေးထဲမှ ကောက်နှုတ်မျှေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment