Sunday, October 8, 2017

ပန်​​တော်​ဦး..သစ္စာ







#ပန်​​တော်​ဦး... သစ္စာ

ပြည့်​ဝန်းလသာ ပျိုကညာ
ရည်​ကာရွယ်​စူး သူ့ချစ်​ဦးက
ကြည်​လင်​ငြိမ်​​အေး
ကန်​​ရေ​လေး....

ရောင်​နီတဖြာ ​နေမင်းသာ
ယှဉ်​ကာကြည်​နူး သူ့ချစ်​ဦးက
မြူတိမ်​ကင်းစင်
ရှေ့​ကောင်းကင်​....ရှင့်

ကြည်​ပြာဖြူ​မွှေး ပန်းက​လေးရဲ့
ရင်​ခုန်​သံကျူး သူ့ ချစ်​ဦးက
ပျံဝဲလျက်​သာ
ရွှေလိပ်​ပြာ......

သနပ်​ခါးလူး ပန်း​လှထူးနဲ့
ဝဲနက်​​ကေသာ လှကလျာရဲ့
နှလုံးသားဖူး ပန်​​တော်​ဦးကား
ရည်​စူးရွယ်​ရာ
မောင့်​...ကိုသာ.....ရှင့်​။

ရွှေပန်းချီ(mdy)
1982017

No comments:

Post a Comment