"လွမ်းညှို့ညှို့...ဆောင်း
..
မမြူတလည် မစွေဖွဲသော နှင်းမှုန်တွေကြား
ရင်တွင်းအဖျားက အလွမ်းနဲ့မိတ်ဆက်
အိပ်ခက်တဲ့ညများ ရှည်လျားနေလေရဲ့...
...
ဒီဆောင်းအကုန့် အတူဆုံမယ်
မရေလည်စကား မျှော်လင့်ခြင်းများ
ပြူတင်းတံခါးမှာ ချိတ်ထားဆဲပေါ့
ပန်းအငုံလေးတောင် ငိုက်နေတယ်....
...
အင်းပေါ့လေ..
ဒီလိုနဲ့ပဲ တစ်ဆောင်းသစ်
အဟောင်းမဖြစ်တဲ့ ဝေဒနာမို့..
မောင်ရေ..
အလွမ်းနှင်းညှို့လို့... ..
ကျမ မျက်ရည်စို့ချင်နေပါရဲ့...ရှင်။
ရွှေပန်းချီmdy
No comments:
Post a Comment